535 Shares 177 Views

Phone for You က႑အတြက္ ေရြးေပးခ်င္တဲ့ Sony Xperia XZ Premium

Mar 16, 2018
535 177

Sony ရဲ႕ ေနာက္ဆံုးထုတ္ စြမ္းေဆာင္ရည္ျမင့္ Xperia XZ Premium ဟာ ထိကိုင္လိုက္ဖို႔ ႏွေျမာတသျဖစ္ရေလာက္ေအာင္ အလြန္လွပတဲ့ ဖုန္းပါ။ သူဟာ ယခင္ႏွစ္ Mobile World Congress ရဲ႕ အေကာင္းဆံုး စမတ္ဖုန္း ဆုကို ရရွိထားပါတယ္။ ေတာက္ေျပာင္တဲ့ သတၱဳကိုယ္ထည္ကလည္း တန္ဖိုးႀကီးဖုန္း တစ္လံုးရဲ႕ ဂုဏ္ျဒပ္နဲ႔ညီၿပီး သင့္ကို ဂုဏ္တက္ေစမွာ ျဖစ္ပါတယ္။ Sony Xperia XZ Premium ကို စိတ္၀င္စားေနသူမ်ားအတြက္ သူ႔ရဲ႕အေၾကာင္းကို တင္ဆက္ေပးလိုက္ပါတယ္။

ဒီဇိုင္း

နာမည္အတိုင္းပဲ သူဟာ ပရီမီယမ္ ဒီဇိုင္း ျဖစ္ပါတယ္။ Luminous Chrome, Deepsea Black နဲ႔ Bronze Pink အေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။ 2.5D Gorilla Glass ကို အေရွ႕နဲ႔ အေနာက္မွာ အုပ္ထားၿပီး အေနာက္ဘက္ ကိုယ္ထည္ဟာ မွန္လို ၾကည္လင္တဲ့ ဒီဇိုင္း ျဖစ္ပါတယ္။ ဆိုနီရဲ႕ ထံုးစံအတိုင္း ျပားခ်ပ္တဲ့ ဒီဇိုင္း ျဖစ္ပါတယ္။ ၇.၉ မီလီမီတာသာ အထူရွိတဲ့အတြက္ အလြန္ပါးလႊာပါတယ္။ မ်က္နွာျပင္ရဲ႕ အထက္နဲ႔ ေအာက္မွ ေဘာင္မ်ားက ႀကီးမားေနတာက အခုေခတ္ ေဘာင္ေပ်ာက္ ဒီဇိုင္းမ်ားနဲ႔ ယွဥ္ရင္ စြဲေဆာင္မႈ မရွိပါဘူး။ ပါ၀ါ ခလုတ္ေအာက္မွာ လက္ေဗြရာ ဆန္ဆာကို ျမွပ္ႏွံထားပါတယ္။ ကင္္မရာ ခလုတ္ကိုလည္း ေဘးဘက္မွာ တပ္ဆင္ထားပါတယ္။ နားၾကပ္အေပါက္ကို ဖုန္းရဲ႕ ညာဘက္ထိပ္နားမွာ ေနရာခ်ထားပါတယ္။ USB Type C ကို ေအာက္ေျခ၊ microSD , SIM Slot မ်ားကို ဘယ္ဘက္မွာ ထည့္သြင္းထားပါတယ္။ IP65 နဲ႔ IP68 စံႏႈန္းရွိတဲ့အတြက္ ေရေအာက္ထဲမွာ သံုးႏုိင္ပါတယ္။

မ်က္ႏွာျပင္

သူ႔မွာ ၅.၅ လက္မ 4K Display တပ္ဆင္ထားပါတယ္။ ထူးျခားတာက အဲဒီဖုန္းဟာ HDR ကိုေထာက္ပံ့တဲ့ ပထမဆံုးဖုန္း ျဖစ္ပါတယ္။ HDR ကို ေထာက္ပံ့တဲ့ Content မ်ားဟာ ပိုမို ၾကည္လင္ၿပီး ပိုမို အေရာင္စံုလင္ပါတယ္။ အျခား ဖုန္းမ်ားမွာလည္း HDR ပါေပမယ့္ 4K နဲ႔ HDR ကို ပထမဆံုး ေပါင္းစပ္ထားတဲ့ဖုန္း ျဖစ္ပါတယ္။ မ်က္ႏွာျပင္ စြမ္းရည္ဟာ ထိပ္တန္း အဆင့္ျဖစ္ပါတယ္။

ကင္မရာ

သူ႔မွာ ကင္မရာ အသစ္မ်ားကို ထည့္ေပးထားပါတယ္။ Motion Eye လို႔ အမည္ေပးထားၿပီး ဆိုနီက Scan ျပဳလုပ္ရာမွာ အလြန္လွ်င္ျမန္တယ္လို႔ ေျပာပါတယ္။ အေနာက္ဘက္မွာ 19MP Camera နဲ႔ အေရွ႕ဘက္မွာ 13MP Camera ပါပါတယ္။ ဆိုနီရဲ႕ ထံုးစံအတိုင္းပဲ ကင္မရာမ်ားဟာ အလြန္ေကာင္းမြန္ၾကပါတယ္။ အလြန္ၾကည္လင္ ျပတ္သားတဲ့ ဓါတ္ပံုမ်ားကို ဖမ္းယူေပးႏုိင္ပါတယ္။ အလင္းေရာင္နည္းပါးတဲ့ အခ်ိန္မ်ားမွာ အေနာက္ကင္မရာရဲ႕ စြမ္းရည္က ေကာင္းမြန္ေပမယ့္ အေရွ႕ ကင္မရာကေတာ့ သိပ္မစြံပါဘူး။ အေရွ႕ဘက္မွာ Flash မပါတာေၾကာင့္လည္း ျဖစ္ပါတယ္။ Focus လုပ္ရာမွာ အလြန္ လွ်င္ျမန္ပါတယ္။

4K Video မ်ားကို ရိုက္ကူးႏုိင္ပါတယ္။ စိတ္၀င္စားစရာအေကာင္းဆံုးက အေနာက္ကင္မရာရဲ႕ အေႏွးဗီဒီယို စြမ္းရည္ပါ။ ဖုန္းအမ်ားစုဟာ အေႏွး ဗီဒီယိုအတြက္ 240fps ကိုသာ ေထာက္ပံ့ပါတယ္။ သူကေတာ့ 960fps အထိ ေထာက္ပံ့ပါတယ္။ ဒါေပမယ့္ အေႏွးဗီဒီယိုမ်ားရဲ႕ အရည္အေသြးဟာ HD သာ ရွိပါတယ္။

စြမ္းေဆာင္ရည္

Qualcomm Snapdragon 835 ဟာ VR, ျမန္ႏႈန္းျမင့္ LTE , ကင္မရာ တို႔ကို စြမ္းရည္ျမင့္မားေအာင္ ပိုမိုေထာက္ပံ့လာႏုိင္ပါတယ္။ Xperia XZ Premium ဟာ Samsung Galaxy S8 ၿပီးေနာက္ အဲဒီ Chip ကို ဒုတိယေျမာက္ အသံုးျပဳခြင့္ရတဲ့ ဖုန္း ျဖစ္ပါတယ္။ 4GB RAM နဲ႔ တြဲဖက္ထားပါတယ္။ သူ႔ရဲ႕ စြမ္းေဆာင္ရည္ဟာ အလြန္ေကာင္းမြန္ပါတယ္။ ဒါေပမယ့္ တစ္ခါတစ္ေလမွာ ဓါတ္ပံုမ်ားဖြင့္ရင္ တုန္႔ဆိုင္းေနတတ္ပါတယ္။ စြမ္းေဆာင္ရည္ျမင့္ ဂိမ္းမ်ားကို ေခ်ာမြတ္စြာ ကစားႏုိင္ေပမယ့္ ဖုန္းဟာ အနည္းငယ္ ပူတတ္ပါတယ္။

ဘက္ထရီ သက္တမ္း

သူ႔မွာ 3230mAh Battery ထည့္သြင္းထားၿပီး တစ္ေန႔လံုး ေကာင္းေကာင္း အသံုးခံပါတယ္။ Stamina Mode ကို ဖြင့္ထားရင္ ဒီထက္ပို အသံုးခံပ ါတယ္။ လွ်င္ျမန္စြာ အားသြင္းနိုင္တဲ့ Quick Charge 3.0 ပါပါတယ္။

အႏွစ္ခ်ဳပ္

သူ႔ရဲ႕ အားသာခ်က္မ်ားထဲမွာ မီဒီယာမ်ား ၾကည့္ဖို႔ အေကာင္းဆံုး မ်က္ႏွာျပင္၊ ဘက္ထရီ သက္တမ္း၊ အေႏွး ဗီဒီယိုနဲ႔ ေရစိုခံျခင္းတို႔ ပါ၀င္ပါတယ္။ အားနည္းခ်က္မွာ ဖန္ျဖင့္ ဖံုးအုပ္ထားတဲ့ ဒီဇိုင္း ျဖစ္ပါ တယ္။ အေနာက္ကင္မရာကလည္းအနည္းငယ္ အားနည္းပါတယ္။ သူဟာ အျခား စြမ္းေဆာင္ရည္ျမင့္ ဖုန္းမ်ားထက္ ေစ်းသက္သာၿပီး ၁၀ သိန္း ၀န္းက်င္သာ ရွိပါတယ္။

Ref : pocket-lint

unicode

Phone for You ကဏ္ဍအတွက် ရွေးပေးချင်တဲ့ Sony Xperia XZ Premium

Sony ရဲ့ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် Xperia XZ Premium ဟာ ထိကိုင်လိုက်ဖို့ နှမြောတသဖြစ်ရလောက်အောင် အလွန်လှပတဲ့ ဖုန်းပါ။ သူဟာ ယခုနှစ် Mobile World Congress ရဲ့ အကောင်းဆုံး စမတ်ဖုန်း ဆုကို ရရှိထားပါတယ်။ တောက်ပြောင်တဲ့ သတ္တုကိုယ်ထည်ကလည်း တန်ဖိုးကြီးဖုန်း တစ်လုံးရဲ့ ဂုဏ်ဒြပ်နဲ့ညီပြီး သင့်ကို ဂုဏ်တက်စေမှာ ဖြစ်ပါတယ်။ Sony Xperia XZ Premium ကို စိတ်ဝင်စားနေသူများအတွက် သူ့ရဲ့အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

ဒီဇိုင်း

နာမည်အတိုင်းပဲ သူဟာ ပရီမီယမ် ဒီဇိုင်း ဖြစ်ပါတယ်။ Luminous Chrome, Deepsea Black နဲ့ Bronze Pink အရောင်များ ထုတ်လုပ်ပေးထားပါတယ်။ 2.5D Gorilla Glass ကို အရှေ့နဲ့ အနောက်မှာ အုပ်ထားပြီး အနောက်ဘက် ကိုယ်ထည်ဟာ မှန်လို ကြည်လင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ဆိုနီရဲ့ ထုံးစံအတိုင်း ပြားချပ်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ၇.၉ မီလီမီတာသာ အထူရှိတဲ့အတွက် အလွန်ပါးလွှာပါတယ်။ မျက်နှာပြင်ရဲ့ အထက်နဲ့ အောက်မှ ဘောင်များက ကြီးမားနေတာက အခုခေတ် ဘောင်ပျောက် ဒီဇိုင်းများနဲ့ ယှဉ်ရင် စွဲဆောင်မှု မရှိပါဘူး။ ပါဝါ ခလုတ်အောက်မှာ လက်ဗွေရာ ဆန်ဆာကို မြှပ်နှံထားပါတယ်။ ကင်မရာ ခလုတ်ကိုလည်း ဘေးဘက်မှာ တပ်ဆင်ထားပါတယ်။ နားကြပ်အပေါက်ကို ဖုန်းရဲ့ ညာဘက်ထိပ်နားမှာ နေရာချထားပါတယ်။ USB Type C ကို အောက်ခြေ၊ microSD , SIM Slot များကို ဘယ်ဘက်မှာ ထည့်သွင်းထားပါတယ်။ IP65 နဲ့ IP68 စံနှုန်းရှိတဲ့အတွက် ရေအောက်ထဲမှာ သုံးနိုင်ပါတယ်။

မျက်နှာပြင်

သူ့မှာ ၅.၅ လက်မ 4K Display တပ်ဆင်ထားပါတယ်။ ထူးခြားတာက အဲဒီဖုန်းဟာ HDR ကိုထောက်ပံ့တဲ့ ပထမဆုံးဖုန်း ဖြစ်ပါတယ်။ HDR ကို ထောက်ပံ့တဲ့ Content များဟာ ပိုမို ကြည်လင်ပြီး ပိုမို အရောင်စုံလင်ပါတယ်။ အခြား ဖုန်းများမှာလည်း HDR ပါပေမယ့် 4K နဲ့ HDR ကို ပထမဆုံး ပေါင်းစပ်ထားတဲ့ဖုန်း ဖြစ်ပါတယ်။ မျက်နှာပြင် စွမ်းရည်ဟာ ထိပ်တန်း အဆင့်ဖြစ်ပါတယ်။

ကင်မရာ

သူ့မှာ ကင်မရာ အသစ်များကို ထည့်ပေးထားပါတယ်။ Motion Eye လို့ အမည်ပေးထားပြီး ဆိုနီက Scan ပြုလုပ်ရာမှာ အလွန်လျှင်မြန်တယ်လို့ ပြောပါတယ်။ အနောက်ဘက်မှာ 19MP Camera နဲ့ အရှေ့ဘက်မှာ 13MP Camera ပါပါတယ်။ ဆိုနီရဲ့ ထုံးစံအတိုင်းပဲ ကင်မရာများဟာ အလွန်ကောင်းမွန်ကြပါတယ်။ အလွန်ကြည်လင် ပြတ်သားတဲ့ ဓါတ်ပုံများကို ဖမ်းယူပေးနိုင်ပါတယ်။ အလင်းရောင်နည်းပါးတဲ့ အချိန်များမှာ အနောက်ကင်မရာရဲ့ စွမ်းရည်က ကောင်းမွန်ပေမယ့် အရှေ့ ကင်မရာကတော့ သိပ်မစွံပါဘူး။ အရှေ့ဘက်မှာ Flash မပါတာကြောင့်လည်း ဖြစ်ပါတယ်။ Focus လုပ်ရာမှာ အလွန် လျှင်မြန်ပါတယ်။

4K Video များကို ရိုက်ကူးနိုင်ပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးက အနောက်ကင်မရာရဲ့ အနှေးဗီဒီယို စွမ်းရည်ပါ။ ဖုန်းအများစုဟာ အနှေး ဗီဒီယိုအတွက် 240fps ကိုသာ ထောက်ပံ့ပါတယ်။ သူကတော့ 960fps အထိ ထောက်ပံ့ပါတယ်။ ဒါပေမယ့် အနှေးဗီဒီယိုများရဲ့ အရည်အသွေးဟာ HD သာ ရှိပါတယ်။

စွမ်းဆောင်ရည်

Qualcomm Snapdragon 835 ဟာ VR, မြန်နှုန်းမြင့် LTE , ကင်မရာ တို့ကို စွမ်းရည်မြင့်မားအောင် ပိုမိုထောက်ပံ့လာနိုင်ပါတယ်။ Xperia XZ Premium ဟာ Samsung Galaxy S8 ပြီးနောက် အဲဒီ Chip ကို ဒုတိယမြောက် အသုံးပြုခွင့်ရတဲ့ ဖုန်း ဖြစ်ပါတယ်။ 4GB RAM နဲ့ တွဲဖက်ထားပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ အလွန်ကောင်းမွန်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ဓါတ်ပုံများဖွင့်ရင် တုန့်ဆိုင်းနေတတ်ပါတယ်။ စွမ်းဆောင်ရည်မြင့် ဂိမ်းများကို ချောမွတ်စွာ ကစားနိုင်ပေမယ့် ဖုန်းဟာ အနည်းငယ် ပူတတ်ပါတယ်။

ဘက်ထရီ သက်တမ်း

သူ့မှာ 3230mAh Battery ထည့်သွင်းထားပြီး တစ်နေ့လုံး ကောင်းကောင်း အသုံးခံပါတယ်။ Stamina Mode ကို ဖွင့်ထားရင် ဒီထက်ပို အသုံးခံပ ါတယ်။ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ Quick Charge 3.0 ပါပါတယ်။

အနှစ်ချုပ်

သူ့ရဲ့ အားသာချက်များထဲမှာ မီဒီယာများ ကြည့်ဖို့ အကောင်းဆုံး မျက်နှာပြင်၊ ဘက်ထရီ သက်တမ်း၊ အနှေး ဗီဒီယိုနဲ့ ရေစိုခံခြင်းတို့ ပါဝင်ပါတယ်။ အားနည်းချက်မှာ ဖန်ဖြင့် ဖုံးအုပ်ထားတဲ့ ဒီဇိုင်း ဖြစ်ပါ တယ်။ အနောက်ကင်မရာကလည်းအနည်းငယ် အားနည်းပါတယ်။ သူဟာ အခြား စွမ်းဆောင်ရည်မြင့် ဖုန်းများထက် ဈေးသက်သာပြီး ၁၀ သိန်း ဝန်းကျင်သာ ရှိပါတယ်။

Ref : pocket-lint

You may be interested

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
0 shares0 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
75 shares143 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္
Local, Local News, Mobiles & Tablets
87 shares33 views

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္

Ko Ko PR - Mar 19, 2019

ဆန္းသစ္လွပသည့္ Vivo V15 Pro စမတ္ဖုန္းကို မိတ္ဆက္ၿပီးသည့္ေနာက္ Vivo Myanmar မွ Vivo V15 ကို ထပ္မံ ျဖန္႔ခ်ီေတာ့မည္ျဖစ္သည္။ ယခင္ V15Pro ကဲ့သို႔ ဆန္းသစ္လွပေသာ ျမင့္တက္ပြင့္ထြက္လာသည့္ ေရွ႕ကင္မရာ၊ ၆.၅၃ လက္မ ရွိမွန္သားျပင္အျပည့္မ်က္ႏွာျပင္…

Leave a Comment

Most from this category