0 Shares 31 Views

ျမန္မာႏုိင္ငံတြင္ပဏာမက်န္းမာေရးေစာင့္ေရွာက္မႈကြန္ရက္၁၇ခုတည္ေထာင္ရန္ အူရီဒူးမွ အေမရိကန္ေဒၚလာ ၃.၂ သန္းပံပိုးေပးခဲ့

Mar 17, 2018
0 31

[Zawgyi]

၂ဝ၁၈ ခုႏွစ္၊ မတ္လ ၈ ရက္တြင္ က်ေရာက္ခဲ့သည့္ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႕ အထိမ္းအမွတ္အျဖစ္ ျမန္မာအမ်ိဳးသမီးမ်ားအား ပံ့ပိုးကူညီေပးမႈကို ျပသသည့္အေနျဖင့္ အူရီဒူးျမန္မာႏွင့္ကုလသမဂၢစီမံကိန္းလုပ္ငန္းမ်ားဆုိင္ရာရံုး UNOPS မွ ပဲခူးတိုင္းေဒသႀကီးတြင္ ေဆာက္လုပ္ၿပီးစီးခဲ့သည့္ က်န္းမာေရးကြန္ရက္ ၂ ခုကို က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသို႕ လႊဲေျပာင္းေပးလိုက္သည္။ UNOPS အူရီဒူးမွ UNOPS ႏွင့္ ပူးေပါင္းေဆာင္ရြက္ျခင္းေၾကာင့္ UNOPS သည္ ကုလသမဂၢစံခ်ိန္စံညႊန္းမ်ားအတိုင္း က်န္းမာေရးကြန္ရက္မ်ားေဆာက္လုပ္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ျခင္းကို စီမံခန္႕ခြဲေပးပါသည္။

ထို႕ေၾကာင့္အူရီဒူးအေနျဖင့္ က်န္းမာၾကံ႕ခိုင္ေသာလူမႈအဖြဲ႕အစည္းကို ျပဳစုပ်ိဳးေထာင္ရန္ႏွင့္ ႏုိင္ငံ၏ ဖြံ႕ျဖိဳးတိုးတက္မႈကို အေထာက္အပံ့ေပးရန္အတြက္ ျမန္မာအမ်ိဳးသမီးမ်ားႏွင့္ ကေလးငယ္မ်ားကို ပိုမိုေကာင္းမြန္ေသာ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ေပးအပ္ရာတြင္ ျမန္မာအစိုးရကို ပံ႔ပိုးေပးႏိုင္ရန္အတြက္ ျမန္မာႏုိင္ငံရွိ ျပည္နယ္ႏွင့္တုိင္းေဒသႀကီးစုစုေပါင္း ၈ ခုတြင္ ပဏာမက်န္းမာေရးကြန္ရက္  ၁၇ ခုကို တည္ေဆာက္ရန္ အေမရိကန္ေဒၚလာ ၃.၁ သန္းကို ပံ့ပိုးေပးလိုက္ျခင္းျဖစ္ပါသည္။

ယင္းပဏာမက်န္းမာေရးကြန္ရက္ႏွစ္ခုသည္ ပဲခူးတုိင္းေဒသၾကီးရွိ ေရႊေတာင္ျမိဳ႕နယ္၊ ကမ္းတင္ေက်းရြာႏွင့္ ၾကက္ျဖဴေတာင္ေက်းရြာတို႕တြင္ တည္ရွိပါသည္။ အူရီဒူးအေနျဖင့္ ျမန္မာႏုိ္င္ငံတြင္ က်န္းမာေရးေစာင့္ေရွာက္မႈ ပိုမိုဖြံ႔ျဖိဳးတိုးတက္ရန္အတြက္ ပံံ့ပိုးေပးႏုိင္မည့္ တာဝန္သိ လူမႈအက်ိဳးျပဳလုပ္ငန္း ေဆာင္ရြက္ခ်က္မ်ားကို လုပ္ေဆာင္ရန္ ေလးစားလိုက္နာေစာင့္သိရမည့္ ကတိထားရွိပါသည္။ ေက်းလက္ႏွင့္ ၿမိဳ႕ျပေဒသမ်ားရွိ လူထုအေနျဖင့္ ယခုအခါ မိမိတို႕၏လူမႈအဖြဲ႕အစည္းတြင္ စံခ်ိန္မီ အဆင့္ျမင့္ ပဏာမက်န္းမာေရးကြန္ရက္မ်ား ရရွိေတာ့မည္ျဖစ္သျဖင့္ မိခင္၊ ေမြးကင္းစအရြယ္ကေလးငယ္မ်ား ႏွင့္ ကေလးမ်ား၏ က်န္းမာေရးကို အဓိကထားသည့္ ေဆးကုသမႈမ်ားႏွင့္ဝန္ေဆာင္မႈမ်ား ရရွိႏုိင္ေတာ့မည္ ျဖစ္သည္။ ယင္း ပဏာမက်န္းမာေရးေစာင့္ေရွာက္မႈကြန္ရက္မ်ားသည္ တီဘီေရာဂါႏွင့္ငွက္ဖ်ားေရာဂါ အစရွိသကဲ့သို႕ ကူးစက္ေရာဂါမ်ားကို ကုသရန္လည္း ကူညီေပးႏိုင္လိမ့္မည္ ျဖစ္သည္။

အူရီဒူးျမန္မာ၏ CEO ျဖစ္သူ Mr. Vikram Sinha က “ ျမန္မာႏုိင္ငံ ေက်းလက္နဲ႔ ျမိဳ႕ျပႏွင့္ေဝးကြာတဲ့ေဒသေတြမွာ မိခင္နဲ႔ ကေလး ေသဆံုးမႈအဆင့္က လက္မခံႏုိင္ေလာက္ေအာင္ ျမင့္တာကို ေတြ႕ရျပီး  အထူးသျဖင့္ ေသဆံုးမႈအမ်ားစုဟာ ကာကြယ္ႏုိင္တဲ့ကိစၥေတြကေန ျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။ ကၽြန္ေတာ္တို႕ အူရီဒူးမွ ျမန္မာျပည္သူလူထု၊ အထူးသျဖင့္ မိခင္ႏွင့္ကေလးတို႕၏ က်န္းမာေရးေစာင့္ေရွာက္မႈကို ပိုမိုတိုးတက္ေကာင္းမြန္ေစရန္ ပံ႔ပိုးေပးလိုတဲ့အတြက္ မိမိတို႔ရဲ႕ ကတိထားရွိခ်က္အတိုင္း အေမရိကန္ေဒၚလာ ၃.၁ သန္း (လက္ရွိတန္ဖိုးျမန္မာေငြ က်ပ္ ၄,၁၂၆,၁ဝဝ,ဝဝဝ) ကို လွဴဒါန္းပံ့ပိုးေပးခဲ့ပါတယ္။ လို္အပ္ခ်က္ေတြရွိတဲ့ အဆုိပါေဒသေတြမွာ ေနထိုင္ၾကတဲ့ ျပည္သူလူထုအေနနဲ႕ ယခုဆိုရင္ အရည္အေသြးျမင့္ က်န္းမာေရးေစာင့္ေရွာက္မႈကို ရရွိေတာ့မွာျဖစ္တဲ့အတြက္ မိခင္ႏွင့္ကေလးငယ္မ်ား၏ ေသေၾကမႈႏႈန္းကို ေလ်ာ့က်သြားဖို႕အတြက္ ကူညီေပးႏုိင္မွာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႕အေနနဲ႔ ဖြံ႕ျဖိ္ဳးတိုးတက္လ်က္ရွိတဲ့ ျမန္မာႏုိင္ငံမွာ က်န္းမာသန္စြမ္းတဲ့မိသားစုေတြႏွင့္ လူမႈအဖြဲ႕စည္းကို တည္ေထာင္ႏုိင္ရန္ ၾကိဳးစားေဆာင္ရြက္လ်က္ရွိတာေၾကာင့္ က်န္းမာတဲ့မိခင္နဲ႔ ကေလးေတြက ပိုမိုက်န္းမာေပ်ာ္ရႊင္တဲ့ဘဝေတြကို ဦးေဆာင္သြားႏုိင္မွာျဖစ္ပါတယ္”ဟု ေျပာၾကားလိုက္သည္။

က်န္ရွိေနေသးသည့္ ပဏာမက်န္းမာေရးကြန္ရက္ ၁၅ ခုကို ၂ဝ၁၈ ခုႏွစ္ ၾသဂုတ္လတြင္ အျပီးသတ္ေဆာက္လုပ္ႏုိင္မည္ဟု ေမွ်ာ္မွန္းထားပါသည္။

[Unicode]

၂ဝ၁၈ ခုနှစ်၊ မတ်လ ၈ ရက်တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာအမျိုးသမီးများအား ပံ့ပိုးကူညီပေးမှုကို ပြသသည့်အနေဖြင့် အူရီဒူးမြန်မာနှင့်ကုလသမဂ္ဂစီမံကိန်းလုပ်ငန်းများဆိုင်ရာရုံး UNOPS မှ ပဲခူးတိုင်းဒေသကြီးတွင် ဆောက်လုပ်ပြီးစီးခဲ့သည့် ကျန်းမာရေးကွန်ရက် ၂ ခုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးလိုက်သည်။ UNOPS အူရီဒူးမှ UNOPS နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် UNOPS သည် ကုလသမဂ္ဂစံချိန်စံညွှန်းများအတိုင်း ကျန်းမာရေးကွန်ရက်များဆောက်လုပ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို စီမံခန့်ခွဲပေးပါသည်။

ထို့ကြောင့်အူရီဒူးအနေဖြင့် ကျန်းမာကြံ့ခိုင်သောလူမှုအဖွဲ့အစည်းကို ပြုစုပျိုးထောင်ရန်နှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးရန်အတွက် မြန်မာအမျိုးသမီးများနှင့် ကလေးငယ်များကို ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ရာတွင် မြန်မာအစိုးရကို ပံ့ပိုးပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးစုစုပေါင်း ၈ ခုတွင် ပဏာမကျန်းမာရေးကွန်ရက် ၁၇ ခုကို တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၃.၁ သန်းကို ပံ့ပိုးပေးလိုက်ခြင်းဖြစ်ပါသည်။

ယင်းပဏာမကျန်းမာရေးကွန်ရက်နှစ်ခုသည် ပဲခူးတိုင်းဒေသကြီးရှိ ရွှေတောင်မြို့နယ်၊ ကမ်းတင်ကျေးရွာနှင့် ကြက်ဖြူတောင်ကျေးရွာတို့တွင် တည်ရှိပါသည်။ အူရီဒူးအနေဖြင့် မြန်မာနို်င်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် ပံံ့ပိုးပေးနိုင်မည့် တာဝန်သိ လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် လေးစားလိုက်နာစောင့်သိရမည့် ကတိထားရှိပါသည်။ ကျေးလက်နှင့် မြို့ပြဒေသများရှိ လူထုအနေဖြင့် ယခုအခါ မိမိတို့၏လူမှုအဖွဲ့အစည်းတွင် စံချိန်မီ အဆင့်မြင့် ပဏာမကျန်းမာရေးကွန်ရက်များ ရရှိတော့မည်ဖြစ်သဖြင့် မိခင်၊ မွေးကင်းစအရွယ်ကလေးငယ်များ နှင့် ကလေးများ၏ ကျန်းမာရေးကို အဓိကထားသည့် ဆေးကုသမှုများနှင့်ဝန်ဆောင်မှုများ ရရှိနိုင်တော့မည် ဖြစ်သည်။ ယင်း ပဏာမကျန်းမာရေးစောင့်ရှောက်မှုကွန်ရက်များသည် တီဘီရောဂါနှင့်ငှက်ဖျားရောဂါ အစရှိသကဲ့သို့ ကူးစက်ရောဂါများကို ကုသရန်လည်း ကူညီပေးနိုင်လိမ့်မည် ဖြစ်သည်။

အူရီဒူးမြန်မာ၏ CEO ဖြစ်သူ Mr. Vikram Sinha က “ မြန်မာနိုင်ငံ ကျေးလက်နဲ့ မြို့ပြနှင့်ဝေးကွာတဲ့ဒေသတွေမှာ မိခင်နဲ့ ကလေး သေဆုံးမှုအဆင့်က လက်မခံနိုင်လောက်အောင် မြင့်တာကို တွေ့ရပြီး အထူးသဖြင့် သေဆုံးမှုအများစုဟာ ကာကွယ်နိုင်တဲ့ကိစ္စတွေကနေ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ကျွန်တော်တို့ အူရီဒူးမှ မြန်မာပြည်သူလူထု၊ အထူးသဖြင့် မိခင်နှင့်ကလေးတို့၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုတိုးတက်ကောင်းမွန်စေရန် ပံ့ပိုးပေးလိုတဲ့အတွက် မိမိတို့ရဲ့ ကတိထားရှိချက်အတိုင်း အမေရိကန်ဒေါ်လာ ၃.၁ သန်း (လက်ရှိတန်ဖိုးမြန်မာငွေ ကျပ် ၄,၁၂၆,၁ဝဝ,ဝဝဝ) ကို လှူဒါန်းပံ့ပိုးပေးခဲ့ပါတယ်။ လို်အပ်ချက်တွေရှိတဲ့ အဆိုပါဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူလူထုအနေနဲ့ ယခုဆိုရင် အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိတော့မှာဖြစ်တဲ့အတွက် မိခင်နှင့်ကလေးငယ်များ၏ သေကြေမှုနှုန်းကို လျော့ကျသွားဖို့အတွက် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖွံ့ဖြိ်ုးတိုးတက်လျက်ရှိတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာသန်စွမ်းတဲ့မိသားစုတွေနှင့် လူမှုအဖွဲ့စည်းကို တည်ထောင်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိတာကြောင့် ကျန်းမာတဲ့မိခင်နဲ့ ကလေးတွေက ပိုမိုကျန်းမာပျော်ရွှင်တဲ့ဘဝတွေကို ဦးဆောင်သွားနိုင်မှာဖြစ်ပါတယ်”ဟု ပြောကြားလိုက်သည်။

ကျန်ရှိနေသေးသည့် ပဏာမကျန်းမာရေးကွန်ရက် ၁၅ ခုကို ၂ဝ၁၈ ခုနှစ် သြဂုတ်လတွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဟု မျှော်မှန်းထားပါသည်။

You may be interested

မ်က္ႏွာျပင္ အရြယ္အစား လိမ္လည္ေရာင္းခ်တယ္ဆိုၿပီး တရားစြဲခံလိုက္ရတဲ့ Apple
Apple, HUBS, Mobiles & Tablets
0 shares0 views

မ်က္ႏွာျပင္ အရြယ္အစား လိမ္လည္ေရာင္းခ်တယ္ဆိုၿပီး တရားစြဲခံလိုက္ရတဲ့ Apple

Ko Thuya - Dec 17, 2018

Apple User ၂ ဦးက အေမရိကန္ျပည္ေထာင္စု ကယ္လီဖိုးနီးယားမွာ ေသာၾကာေန႔က ကုမၸဏီကို တရားစြဲလိုက္ပါတယ္။ Apple ဟာ iPhone X, XS, XS Max မ်ားကို ေၾကညာရာမွာ မ်က္ႏွာျပင္ အရြယ္အစားမ်ားကို မွားယြင္းစြာ ေဖာ္ျပထားတယ္လို႔ တိုင္ၾကားထားပါတယ္။…

Switch နဲ႕ Comic ဖတ္ႏိုင္မယ့္ InkyPen
NEWS, Softwares & Application
23 shares18 views

Switch နဲ႕ Comic ဖတ္ႏိုင္မယ့္ InkyPen

Nigma - Dec 16, 2018

(Zawgyi) လက္ကိုင္ဂိမ္းစက္နဲ႕ Comics ဖတ္ခ်င္တဲ့လူေတြအတြက္ InkyPen ရဲ႕ လစဥ္ေၾကးသြင္း Comics ဝန္ေဆာင္မွဳကို ဒီဇင္ဘာ ၁၇ ရက္ေန႕မွာ မိတ္ဆက္သြားမွာပါ။ Nintendo Switch မွာ စတင္ ရရွိမယ့္ Subscription ဝန္ေဆာင္မွဳ ျဖစ္ျပီး၊ Indie comics…

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ႕ ROG Phone တို႕ကို ျပည္တြင္းေစ်းကြက္တြင္ စတင္ မိတ္ဆက္
ASUS, Mobiles & Tablets, NEWS
457 shares180 views

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ႕ ROG Phone တို႕ကို ျပည္တြင္းေစ်းကြက္တြင္ စတင္ မိတ္ဆက္

Nigma - Dec 16, 2018

(Zawgyi) ASUS ဟာ ေမာ္ဒယ္သစ္ Zenfone Max M2 နဲ႕ Zenfone Max Pro M2 စမတ္ဖုန္းေတြကို ျမန္မာႏိုင္ငံမွာ တရားဝင္ မိတ္ဆက္လိုက္ျပီ ျဖစ္ပါတယ္။ Zenfone Max M2 Series နဲ႕အတူ ႏိုင္ငံတကာေစ်းကြက္မွာ…

Leave a Comment

Most from this category