0 Shares 23 Views

Samsung Myanmar ရဲ႕ပညာသင္ဆုကိုရရိွေသာ ရန္ကုန္တကၠသိုလ္ကြန္ပ်ဴတာသိပၸံပညာဌာနမွ ထူးခ်ြန္ေက်ာင္းသားေက်ာင္းသူႏွစ္ဦး

Mar 16, 2018
0 23

ပညာေရးဆိုင္ရာလူမႈအက်ိဳးျပဳပိုင္းဆိုင္ရာ လုပ္ငန္းမ်ားကို ျမန္မာႏိုင္ငံတြင္ စဥ္ဆက္မျပတ္လုပ္ေဆာင္လ်က္ရွိသည့္ Samsung Myanmar သည္ ယခုႏွစ္တြင္ ရန္ကုန္တကၠသိုလ္ ပါေမာကၡခ်ဳပ္ႏွင့္ ဆရာ၊ဆရာမမ်ား၏ လမ္းညႊန္မႈျဖင့္ ရန္ကုန္တကၠသိုလ္ကြန္ပ်ဴတာသိပၸံပညာဌာနမွ ပထမႏွစ္ ထူးခြ်န္ေက်ာင္းသား၊ ေက်ာင္းသူႏွစ္ဦးအား ပညာသင္ဆုမ်ားေပးအပ္ခဲ့ေၾကာင္း ယေန႔ထုတ္ျပန္ေၾကညာလိုက္သည္။

ပညာေရးထူးခၽြန္ျပီး ရည္မွန္းခ်က္ၾကီးမားေသာ လူငယ္မ်ား ပိုမိုၾကိဳးစားေလ့လာႏုိင္ရန္ရည္ရြယ္၍ ေပးအပ္ေသာ အဆိုပါပညာသင္ဆုကို ေရြးခ်ယ္ေပးအပ္ရာတြင္ လက္႐ွိေက်ာင္းတြင္ အျခားမည္သည့္ ပညာသင္ဆုမ်ား မရရွိဖူးသူ၊ IT ဘာသာရပ္အား အမွန္တကယ္စိတ္ဝင္စားသူ ႏွင့္ ပညာသင္ၾကားစရိတ္အမွန္တကယ္ လိုအပ္ေနသူမ်ားအား အေလးေပးေရြးခ်ယ္ခဲ့သည္။  ရန္ကုန္တကၠသိုလ္မွ တာဝန္႐ွိသူမ်ားႏွင့္ Samsung Myanmar မွ တာဝန္ရွိသူမ်ားပါဝင္သည့္ ဘုတ္အဖြဲ႕မွ ဆန္ခါတင္ေက်ာင္သားေက်ာင္းသူ ၁၁ ဦးအား တစ္ဦးခ်င္း လူေတြ႕ေမးျမန္းၿပီးေနာက္ ဆုရရွိသူ ႏွစ္ဦး ထြက္ေပၚလာခဲ့သည္။ အဆိုပါထူးခၽြန္ေက်ာင္းသားေက်ာင္းသူမ်ားမွာ ရန္ကုန္တကၠသိုလ္ကြန္ပ်ဴတာသိပၸံပညာဌာန ပထမႏွစ္တြင္ ပညာသင္ၾကားေနၾကသည့္ ေမာင္ဘုန္းျမင့္ေဆြႏွင့္ မဝင့္နႏၵာေက်ာ့္္ တို႔ျဖစ္ၾကျပီး ၄င္းတို႔သည္ ပညာသင္ဆုေရြးခ်ယ္ေရးဘုတ္အဖြဲ႔မွ ခ်မွတ္ထားေသာ စည္းကမ္းခ်က္မ်ားကို ျပည့္မီေအာင္ၾကိဳးစားႏုိင္ပါက တကၠသိုလ္ဘြဲ႔ရသည္အထိ ပညာသင္စရိတ္ ၁ သိန္းက်ပ္ကို လစဥ္ရရွိသြားမည္ျဖစ္သည္။

”အခုလို Samsung က ေပးအပ္တဲ့ ထူးခၽြန္ပညာသင္ဆုကို ရရွိတာ တကယ့္ကို ၀မ္းသာမိပါတယ္။ အထူးခၽြန္ဆံုးေက်ာင္းသားတစ္ေယာက္ျဖစ္ေအာင္ေလ့လာဆည္းပူးသြားမွာပါ။ ဒါ့အျပင္ ကိုယ္ဌာနဂုဏ္ေရာ ကိုယ့္တကၠသိုလ္ဂုဏ္ပါေဆာင္ႏိုင္တဲ့ ကြန္ပ်ဴတာပညာရွင္တစ္ဦးျဖစ္လာေအာင္ ရည္မွန္းခ်က္ထားျပီး ၾကိဳးစားသြားမွာပါ။” ဟု ေမာင္ဘုန္းျမင့္ေဆြမွ ေျပာၾကားသည္။

 

ရန္ကုန္တကၠသိုလ္ကြန္ပ်ဴတာသိပၸံပညာဌာန၏ ပါေမာကၡ ေဒါက္တာ ေဒၚစိုးျမျမေအးမွ ပညာသင္ ဆုရရွိသူ ေမာင္ဘုန္းျမင့္ေဆြအား ပညာသင္ဆုခ်ီးျမွင့္စဥ္

ရန္ကုန္တကၠသိုလ္ကြန္ပ်ဴတာသိပၸံပညာဌာန၏ ပါေမာကၡ ေဒါက္တာ ေဒၚစိုးျမျမေအးမွ ပညာသင္ ဆုရရွိသူ မဝင့္နႏၵာေက်ာ္အား ပညာသင္ဆုခ်ီးျမွင့္စဥ္

Samsung Myanmar ၏ PR and Citizenship Manager ျဖစ္သူ ဦးစိုးသူရမွ ပညာသင္ ဆုရေက်ာင္းသူ မဝင့္နႏၵာေက်ာ္အား အမွတ္တရပန္းစည္း ႏွင့္ ဂုဏ္ၿပဳလႊာအား ေပးအပ္စဥ္

Samsung Myanmar ၏ PR and Citizenship Manager ျဖစ္သူ ဦးစိုးသူရမွ ပညာသင္ ဆုရေက်ာင္းသား ေမာင္ဘုန္းျမင့္ေဆြ အား အမွတ္တရပန္းစည္း ႏွင့္ ဂုဏ္ၿပဳလႊာအား ေပးအပ္စဥ္

ပညာသင္ဆုရွိသူ ေက်ာင္းသား၊ေက်ာင္းသူ ႏွစ္ဦးအား ပညာသင္ဆုႏွင့္ အမွတ္တရပစၥည္းမ်ားႏွင့္အတူ ေတြ႕ရစဥ္

[Unicode]

ပညာရေးဆိုင်ရာလူမှုအကျိုးပြုပိုင်းဆိုင်ရာ လုပ်ငန်းများကို မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည့် Samsung Myanmar သည် ယခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တက္ကသိုလ်ကွန်ပျူတာသိပ္ပံပညာဌာနမှ ပထမနှစ် ထူးချွန်ကျောင်းသား၊ ကျောင်းသူနှစ်ဦးအား ပညာသင်ဆုများပေးအပ်ခဲ့ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

ပညာရေးထူးချွန်ပြီး ရည်မှန်းချက်ကြီးမားသော လူငယ်များ ပိုမိုကြိုးစားလေ့လာနိုင်ရန်ရည်ရွယ်၍ ပေးအပ်သော အဆိုပါပညာသင်ဆုကို ရွေးချယ်ပေးအပ်ရာတွင် လက်ရှိကျောင်းတွင် အခြားမည်သည့် ပညာသင်ဆုများ မရရှိဖူးသူ၊ IT ဘာသာရပ်အား အမှန်တကယ်စိတ်ဝင်စားသူ နှင့် ပညာသင်ကြားစရိတ်အမှန်တကယ် လိုအပ်နေသူများအား အလေးပေးရွေးချယ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် Samsung Myanmar မှ တာဝန်ရှိသူများပါဝင်သည့် ဘုတ်အဖွဲ့မှ ဆန်ခါတင်ကျောင်သားကျောင်းသူ ၁၁ ဦးအား တစ်ဦးချင်း လူတွေ့မေးမြန်းပြီးနောက် ဆုရရှိသူ နှစ်ဦး ထွက်ပေါ်လာခဲ့သည်။ အဆိုပါထူးချွန်ကျောင်းသားကျောင်းသူများမှာ ရန်ကုန်တက္ကသိုလ်ကွန်ပျူတာသိပ္ပံပညာဌာန ပထမနှစ်တွင် ပညာသင်ကြားနေကြသည့် မောင်ဘုန်းမြင့်ဆွေနှင့် မဝင့်နန္ဒာကျော့်် တို့ဖြစ်ကြပြီး ၄င်းတို့သည် ပညာသင်ဆုရွေးချယ်ရေးဘုတ်အဖွဲ့မှ ချမှတ်ထားသော စည်းကမ်းချက်များကို ပြည့်မီအောင်ကြိုးစားနိုင်ပါက တက္ကသိုလ်ဘွဲ့ရသည်အထိ ပညာသင်စရိတ် ၁ သိန်းကျပ်ကို လစဉ်ရရှိသွားမည်ဖြစ်သည်။

”အခုလို Samsung က ပေးအပ်တဲ့ ထူးချွန်ပညာသင်ဆုကို ရရှိတာ တကယ့်ကို ၀မ်းသာမိပါတယ်။ အထူးချွန်ဆုံးကျောင်းသားတစ်ယောက်ဖြစ်အောင်လေ့လာဆည်းပူးသွားမှာပါ။ ဒါ့အပြင် ကိုယ်ဌာနဂုဏ်ရော ကိုယ့်တက္ကသိုလ်ဂုဏ်ပါဆောင်နိုင်တဲ့ ကွန်ပျူတာပညာရှင်တစ်ဦးဖြစ်လာအောင် ရည်မှန်းချက်ထားပြီး ကြိုးစားသွားမှာပါ။” ဟု မောင်ဘုန်းမြင့်ဆွေမှ ပြောကြားသည်။

 

ရန်ကုန်တက္ကသိုလ်ကွန်ပျူတာသိပ္ပံပညာဌာန၏ ပါမောက္ခ ဒေါက်တာ ဒေါ်စိုးမြမြအေးမှ ပညာသင် ဆုရရှိသူ မောင်ဘုန်းမြင့်ဆွေအား ပညာသင်ဆုချီးမြှင့်စဉ်

ရန်ကုန်တက္ကသိုလ်ကွန်ပျူတာသိပ္ပံပညာဌာန၏ ပါမောက္ခ ဒေါက်တာ ဒေါ်စိုးမြမြအေးမှ ပညာသင် ဆုရရှိသူ မဝင့်နန္ဒာကျော်အား ပညာသင်ဆုချီးမြှင့်စဉ်

Samsung Myanmar ၏ PR and Citizenship Manager ဖြစ်သူ ဦးစိုးသူရမှ ပညာသင် ဆုရကျောင်းသူ မဝင့်နန္ဒာကျော်အား အမှတ်တရပန်းစည်း နှင့် ဂုဏ်ပြုလွှာအား ပေးအပ်စဉ်

Samsung Myanmar ၏ PR and Citizenship Manager ဖြစ်သူ ဦးစိုးသူရမှ ပညာသင် ဆုရကျောင်းသား မောင်ဘုန်းမြင့်ဆွေ အား အမှတ်တရပန်းစည်း နှင့် ဂုဏ်ပြုလွှာအား ပေးအပ်စဉ်

ပညာသင်ဆုရှိသူ ကျောင်းသား၊ကျောင်းသူ နှစ်ဦးအား ပညာသင်ဆုနှင့် အမှတ်တရပစ္စည်းများနှင့်အတူ တွေ့ရစဉ်

You may be interested

IP67 , IP68 ေရစိုခံ စံႏႈန္း ဆိုတာဘာလဲ?
FEATURES, Mobile & Tablets
260 shares28 views

IP67 , IP68 ေရစိုခံ စံႏႈန္း ဆိုတာဘာလဲ?

Ko Thuya - Jul 18, 2018

ဒီေန႔ေခတ္ စမတ္ဖုန္းမ်ားဟာ ေရစိုခံတယ္လို႔ ထုတ္လုပ္ေရာင္းခ်တဲ့ ကုမၸဏီမ်ားက ေၾကာ္ညာေနၾကပါတယ္။ ဒါေပမယ့္ ေရစိုခံစံႏႈန္းမ်ားစြာ ရွိတဲ့အတြက္ သင့္ စမတ္ဖုန္းဟာ ဘယ္ေလာက္အထိေရစိုခံသလဲဆိုတာ ေလ့လာထားဖုိ႔ လိုအပ္ပါတယ္။ IP ရဲ႕ အဓိပၸါယ္ IP ရဲ႕ အရွည္ဟာ Ingress Protection ျဖစ္ၿပီး…

OnePlus 5 နဲ႔ 5T တုိ႔ရဲ႕ ေနာက္ဆံုးထုတ္ OxygenOS Open Beta မွာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
102 shares15 views

OnePlus 5 နဲ႔ 5T တုိ႔ရဲ႕ ေနာက္ဆံုးထုတ္ OxygenOS Open Beta မွာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ႔ 5T တုိ႔ရဲ႕ ယခင္ထြက္ခဲ့တဲ့ OxygenOS Open Beta မွာ Project Treble ပါလာခဲ့ပါတယ္။ ယခုေနာက္ဆံုးထုတ္ ဗားရွင္းမွာလည္း လုပ္ေဆာင္ခ်က္ အသစ္မ်ား ပါလာပါတယ္။ OnePlus 5 ရဲ႕ OxygenOS Open…

လူတစ္ေယာက္ရဲ႕အသိဉာဏ္နဲ႔ယွဥ္လာႏုိင္ေတာ့မယ့္ AI နည္းပညာဆုိတာ?
FEATURES
257 shares45 views

လူတစ္ေယာက္ရဲ႕အသိဉာဏ္နဲ႔ယွဥ္လာႏုိင္ေတာ့မယ့္ AI နည္းပညာဆုိတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန္တီးရတာေတာ္ေတာ္လည္းရႈပ္ေထြးတဲ့အလုပ္တစ္ခုျဖစ္သလို ကိုယ့္အေနနဲ႔ အေသးစိတ္ၾကီးနားလည္ေနဖုိ႔လည္းမလိုပါဘူး။ အခုရိွျပီးသား သိဉာဏ္တုနည္းပညာအမ်ားစုကေတာ့ လူေတြရဲ႕ဦးေႏွာက္လိုပဲ ေကာင္းေကာင္းခန္႔မွန္းတြက္ခ်က္ႏုိင္ပါတယ္။ ဒီလိုတြက္ခ်က္ဖို႔အတြက္ ေဒတာေတြေျမာက္မ်ားစြာထည့္သြင္းရျပီး လူေတြသိတဲ့အရာေတြကေန Model တစ္ခုတည္ေဆာက္ခိုင္း၊ လူေတြမသိတဲ့အရာေတြကို ခန္႔မွန္းခိုင္းလို႔ရႏုိင္ပါတယ္။ ဒီ AI န႔ဲ တျခားကြန္ပ်ဴတာပရိုဂရမ္ေတြနဲ႔ လံုးဝမတူတ့ဲတစ္ခ်က္ကေတာ့…

Leave a Comment

Most from this category