898 Shares 270 Views

hands-on ဗီဒီယိုမွာေတြ႔ျမင္လုိက္ရတဲ iPhone SE2

Mar 16, 2018
898 270

[Zawgyi]

တရုတ္သတင္းဝဘ္ဆိုဒ္ Weibo မွာ ေပၚထြက္လာခဲ့တဲ့ iPhone SE လို႔ထင္ရတဲ့ ဖုန္းတစ္လံုးရဲ႕ဗီဒီယိုကို ဂ်ပန္သတင္းမီဒီယာတစ္ခုက ျပန္ေဖာ္ျပထားပါတယ္။(ေအာက္မွျပထားတဲ့ဗီဒီယိုေလးပါ)

ဖုန္းကုိၾကည့္လိုက္ရင္ ပထမတစ္ခ်က္ၾကည့္လိုက္ရံုနဲ႔တင္ SE နဲ႔တူေစတာကေတာ့ SE ရဲ႕စတိုင္လ္ေလးေထာင့္ box ဒီဇုိုင္းျဖစ္ျပီး ေဘးနဲ႔ေအာက္ဘက္ေဘာင္ေတြကလည္း မရိွသေလာက္နီးနီးပါပဲ။ ထိပ္ဖက္မွာလည္း iPhone X လို notch ထည့္ထားျပီး ေက်ာဘက္မွာ Dual-camera တပ္ဆင္ထားပါတယ္။ အဲ့တာေတြထက္ကို ဒီဖုန္းေလးမွာလည္း မႏွစ္က iPhone X မွာမိတ္ဆက္ခဲ့တဲ့ လက္ဟန္ (gesture-based) iOS ဗားရွင္းကိုသံုးထားတာကိုေတြ႔ရပါတယ္။

Setting menu မွာေတာ့ iCloud account tab ေလးပဲေတြ႔ရျပီး တရုတ္အလံုးေတြမွာေတာင္မွ ဒါမ်ိဳးမေတြ႔ရတတ္ပါဘူး။ ဒါေပမယ့္ အခုခ်ိန္ထိ SE အစစ္ဟုတ္မဟုတ္ မေသခ်ာေသးတဲ့ဗီဒီယိုတစ္ခုပါ။ ဗီဒီယိုကိုေသခ်ာၾကည့္လိုက္ရင္ ပထမဆံုးေလာ့ခ္ဖြင့္တဲ့တစ္ခ်က္မွာ ထိပ္နားက ေလာ့ခ္ေလးက ပြင့္သြားတဲ့ပံုမျပဘဲ ေလာ့ခတ္ထားတဲ့ပံုအတိုင္းၾကီးပဲဖုန္းပြင့္သြားတာကို ေတြ႔မွာပါ။ ဒီေတာ့ သတင္းထြက္ေနတဲ့ iPhone SE2 ရဲ႕ concept လို႔ထင္ရေအာင္ဖန္တီးထားတဲ့ Android ဖုန္းတစ္လံုးလည္းျဖစ္ႏုိင္ပါတယ္။

လက္ရိွအခ်ိန္မွာလည္း SE2 ကိုတကယ္ဖန္တီးေနဆဲျဖစ္တာေၾကာင့္ နည္းနည္းေတာ့ဇေဝဇဝါျဖစ္မိပါတယ။္ သတင္းေတြကလည္း ထြက္ေနတာၾကာျပီျဖစ္တဲ့အျပင္ ဒီႏွစ္မွထြက္လာမယ္လို႔ တစ္ထစ္ခ်ယံုၾကည္ေစာင့္ဆိုင္းသူေတြလည္း ရိွေနပါတယ္။ တကယ္လို႔ ၂၀၁၈ မွာ SE2 ကိုမိတ္ဆက္ခဲ့ရင္ေတာင္မွ အရင္ထြက္ခဲ့သမွ်သတင္းတိုင္းက iPhone X ရဲ႕ဒီဇုိင္းကုိသံုးထားမယ္လို႔လံုးဝမခန္႔မွန္းခဲ့ဖူးပါဘူး။

SE2 ရဲ႕သတင္းကေတာ့ မေသခ်ာေပမယ့္ Apple ကေတာ့ ဒီႏွစ္အတြက္ iPhone ေမာ္ဒယ္လ္သစ္၃လံုးကိုဖန္တီးေနပါျပီ။ X ရဲ႕ update ဗားရွင္းက 5.8” display ကိုသံုးထားျပီး 6.5” iPhone X Plus နဲ႔ ပိုေစ်းသက္သာတဲ့ 6.1” LCD display ကုိသံုးထားတယ္ဆိုျပီး ၃မ်ိဳးထြက္လာပါေတာ့မယ္။

ေအာက္မွာေတာ့ iPhone SE2 နဲ႔ပတ္သတ္ျပီး အရင္ကထြက္ခဲ့ဖူးတဲ့သတင္းေလးကိုေဖာ္ျပေပးလိုက္ပါတယ္။ 

ေက်ာဘက္ဖန္ကိုယ္ထည္နဲ႔ထြက္ရိွလာမယ္လို႔သတင္းထြက္ေနတဲ့ iPhone SE 2

[Unicode]

တရုတ်သတင်းဝဘ်ဆိုဒ် Weibo မှာ ပေါ်ထွက်လာခဲ့တဲ့ iPhone SE လို့ထင်ရတဲ့ ဖုန်းတစ်လုံးရဲ့ဗီဒီယိုကို ဂျပန်သတင်းမီဒီယာတစ်ခုက ပြန်ဖော်ပြထားပါတယ်။(အောက်မှပြထားတဲ့ဗီဒီယိုလေးပါ)

ဖုန်းကိုကြည့်လိုက်ရင် ပထမတစ်ချက်ကြည့်လိုက်ရုံနဲ့တင် SE နဲ့တူစေတာကတော့ SE ရဲ့စတိုင်လ်လေးထောင့် box ဒီဇိုင်းဖြစ်ပြီး ဘေးနဲ့အောက်ဘက်ဘောင်တွေကလည်း မရှိသလောက်နီးနီးပါပဲ။ ထိပ်ဖက်မှာလည်း iPhone X လို notch ထည့်ထားပြီး ကျောဘက်မှာ Dual-camera တပ်ဆင်ထားပါတယ်။ အဲ့တာတွေထက်ကို ဒီဖုန်းလေးမှာလည်း မနှစ်က iPhone X မှာမိတ်ဆက်ခဲ့တဲ့ လက်ဟန် (gesture-based) iOS ဗားရှင်းကိုသုံးထားတာကိုတွေ့ရပါတယ်။

Setting menu မှာတော့ iCloud account tab လေးပဲတွေ့ရပြီး တရုတ်အလုံးတွေမှာတောင်မှ ဒါမျိုးမတွေ့ရတတ်ပါဘူး။ ဒါပေမယ့် အခုချိန်ထိ SE အစစ်ဟုတ်မဟုတ် မသေချာသေးတဲ့ဗီဒီယိုတစ်ခုပါ။ ဗီဒီယိုကိုသေချာကြည့်လိုက်ရင် ပထမဆုံးလော့ခ်ဖွင့်တဲ့တစ်ချက်မှာ ထိပ်နားက လော့ခ်လေးက ပွင့်သွားတဲ့ပုံမပြဘဲ လော့ခတ်ထားတဲ့ပုံအတိုင်းကြီးပဲဖုန်းပွင့်သွားတာကို တွေ့မှာပါ။ ဒီတော့ သတင်းထွက်နေတဲ့ iPhone SE2 ရဲ့ concept လို့ထင်ရအောင်ဖန်တီးထားတဲ့ Android ဖုန်းတစ်လုံးလည်းဖြစ်နိုင်ပါတယ်။

လက်ရှိအချိန်မှာလည်း SE2 ကိုတကယ်ဖန်တီးနေဆဲဖြစ်တာကြောင့် နည်းနည်းတော့ဇဝေဇဝါဖြစ်မိပါတယ။် သတင်းတွေကလည်း ထွက်နေတာကြာပြီဖြစ်တဲ့အပြင် ဒီနှစ်မှထွက်လာမယ်လို့ တစ်ထစ်ချယုံကြည်စောင့်ဆိုင်းသူတွေလည်း ရှိနေပါတယ်။ တကယ်လို့ ၂၀၁၈ မှာ SE2 ကိုမိတ်ဆက်ခဲ့ရင်တောင်မှ အရင်ထွက်ခဲ့သမျှသတင်းတိုင်းက iPhone X ရဲ့ဒီဇိုင်းကိုသုံးထားမယ်လို့လုံးဝမခန့်မှန်းခဲ့ဖူးပါဘူး။

SE2 ရဲ့သတင်းကတော့ မသေချာပေမယ့် Apple ကတော့ ဒီနှစ်အတွက် iPhone မော်ဒယ်လ်သစ်၃လုံးကိုဖန်တီးနေပါပြီ။ X ရဲ့ update ဗားရှင်းက 5.8” display ကိုသုံးထားပြီး 6.5” iPhone X Plus နဲ့ ပိုဈေးသက်သာတဲ့ 6.1” LCD display ကိုသုံးထားတယ်ဆိုပြီး ၃မျိုးထွက်လာပါတော့မယ်။

အောက်မှာတော့ iPhone SE2 နဲ့ပတ်သတ်ပြီး အရင်ကထွက်ခဲ့ဖူးတဲ့သတင်းလေးကိုဖော်ပြပေးလိုက်ပါတယ်။ 

ေက်ာဘက္ဖန္ကိုယ္ထည္နဲ႔ထြက္ရိွလာမယ္လို႔သတင္းထြက္ေနတဲ့ iPhone SE 2

You may be interested

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
0 shares0 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
75 shares143 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္
Local, Local News, Mobiles & Tablets
87 shares33 views

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္

Ko Ko PR - Mar 19, 2019

ဆန္းသစ္လွပသည့္ Vivo V15 Pro စမတ္ဖုန္းကို မိတ္ဆက္ၿပီးသည့္ေနာက္ Vivo Myanmar မွ Vivo V15 ကို ထပ္မံ ျဖန္႔ခ်ီေတာ့မည္ျဖစ္သည္။ ယခင္ V15Pro ကဲ့သို႔ ဆန္းသစ္လွပေသာ ျမင့္တက္ပြင့္ထြက္လာသည့္ ေရွ႕ကင္မရာ၊ ၆.၅၃ လက္မ ရွိမွန္သားျပင္အျပည့္မ်က္ႏွာျပင္…

Leave a Comment

Most from this category