191 Shares 80 Views

Apple WWDC 2018 မွာ မိတ္ဆက္ႏုိင္တဲ့ အရာမ်ား

Mar 16, 2018
191 80

Apple ရဲ႕ Worldwide Developer Conference ကို ဇြန္လ ၄ ရက္ေန႔ကေန ၈ ရက္ေန႔အထိ က်င္းပမွာ ျဖစ္ပါတယ္။ Apple က အဲဒီပြဲမွာ ဘာေတြ မိတ္ဆက္ႏုိင္လဲဆိုတာ ေအာက္မွာ ေလ့လာၾကည့္ရေအာင္။

iOS 12

ယခင္နွစ္က Apple ဟာ စြမ္းေဆာင္ခ်က္ အသစ္မ်ားပါတဲ့ iOS 11 ကို မိတ္ဆက္ခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ iOS 12 ကို မိတ္ဆက္မွာ ျဖစ္ပါတယ္။ သူ႔မွာ iPhone X အတြက္ Animoji အသစ္မ်ား ပါလာႏုိင္ပါတယ္။ ဒါ့အျပင္ FaceTime မွာလည္း Animoji မ်ားကို အသံုးျပဳႏုိင္လာၿပီး iPhone X Users မ်ားဟာ Animoji ဇာတ္ေကာင္မ်ားျဖင့္ သူငယ္ခ်င္းမ်ားနဲ႔ ခ်က္ႏုိင္မွာ ျဖစ္ပါတယ္။ Stock Apps မ်ားရဲ႕ ဒီဇိုင္းကိုလည္း ျပင္ဆင္ထားမယ္လို႔ သတင္းထြက္ေနပါတယ္။ Siri ကို iOS 12 မွာ ပိုမို နက္ရိႈင္းစြာ အလုပ္လုပ္ေစမွာပါ။ Do Not Disturb နဲ႔ Parental Controls မ်ားက ပိုမို ေကာင္းမြန္လာမွာပါ။ AR စြမ္းရည္အသစ္မ်ားပါလာႏုိင္ပါတယ္။ iPhone, iPad, Mac အားလံုးမွာ အလုပ္လုပ္တဲ့ Universal Apps မ်ားကို မိတ္ဆက္ႏုိင္ပါတယ္။

MacOS 10.14

Apple က ယခင္ႏွစ္မွာ MacOS High Sierra ကို မိတ္ဆက္ခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ MacOS Version အသစ္ကို ျမင္ရႏုိင္ပါတယ္။ MacOS မွာ iOS Apps မ်ားကို အသံုးျပဳလာႏုိင္ပါတယ္။ MacOS အသစ္ရဲ႕ အျခား သတင္းအခ်က္အလက္မ်ားဟာ သိပ္ၿပီး ေပါက္ၾကားထြက္ေပၚျခင္း မရွိေသးပါဘူး။

WatchOS 5

Apple က ယခင္ႏွစ္မွာ Watch Faces အသစ္မ်ားကို Apple Watch အတြက္ ဖန္တီးေပးခဲ့ပါတယ္။ ဒါ့အျပင္ Diary Notifications နဲ႔ News Stories မ်ားလည္း ပါလာပါတယ္။ Music App ကလည္း ပိုမို တိုတက္လာပါတယ္။ မၾကာခင္က အသံုးျပဳထားတဲ့ Apps မ်ားကို ျပသေပးတဲ့ Dock အသစ္ပါလာပါတယ္။ ယခုႏွစ္မွာ watchOS အသစ္ကို မိတ္ဆက္ႏုိင္ပါတယ္။ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားကို မသိရေသးေပမယ့္ ယခုႏွစ္ေႏွာင္းပိုင္းမွာ ျဖန္ ႔ခ်ီေပးမွာ ေသခ်ာပါတယ္။ watchOS 4 ျဖန္႔ခ်ီခဲ့တဲ့ စက္တင္ဘာလေလာက္မွာ ဗားရွင္း အသစ္ကို ျဖန္႔ခ်ီႏုိင္ပါတယ္။

TvOS 12

Apple က ယခင္ႏွစ္ပြဲမွာ Amazon Video App ဟာ Apple TV ကို ေရာက္လာမယ္လို႔ ေျပာခဲ့တဲ့အတြက္ Apple TV ဟာ ပိုမို စြဲေဆာင္စရာ ေကာင္းလာပါတယ္။ ဒီႏွစ္မွာ ကုမၸဏီက tvOS 12 ကို မိတ္ဆက္မွာ ျဖစ္ၿပီး Original TV Programming ကို အဓိက အာရံုစိုက္ထားမွာပါ။ ကုမၸဏီက ကိုယ္ပိုင္ တီဗီရိႈးမ်ားအတြက္ ေဒၚလာ ၁ ဘီလီယမ္ေက်ာ္ အသံုးျပဳမယ္လို႔ ေၾကညာထားပါတယ္။

iMacs အသစ္နဲ႔ တန္ဖုိးနည္း MacBook

Apple က ယခင္ႏွစ္မွာ iMac Pro ကို မိတ္ဆက္ခဲ့ပါတယ္။ သူ႔ကို ယခင္ႏွစ္ ဒီဇင္ဘာလမွသာ ေရာင္းခ်ေပးခဲ့တဲ့ အတြက္ ဒီႏွစ္မွာ iMac Pro အသစ္ကို ျမင္ရမွာ မဟုတ္ပါဘူး။ Apple ဟာ ၁၃.၃ လက္မ တန္ဖိုးနည္း MacBook အသစ္ကို မိတ္ဆက္မယ္လို႔ သတင္းထြက္ေနပါတယ္။

iPad အသစ္မ်ား

ကုမၸဏီက ဒီႏွစ္မွာ တက္ဘလက္ ေမာ္ဒယ္ႏွစ္ခုကို မိတ္ဆက္မယ္လို႔ သတင္းထြက္ေနၿပီး မိတ္ဆက္ၿပီး ရက္သတၱပတ္ အနည္းငယ္အတြင္းမွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ တက္ဘလက္ ေမာ္ဒယ္တစ္ခုမွာ Animoji ကို အသံုးျပဳႏုိင္မယ့္ ကင္မရာစနစ္ပါလာႏုိင္ပါတယ္။

ေစ်းသက္သာတဲ့ HomePod

Apple က ယခင္ႏွစ္မွာ စမတ္ စပီကာကို မိတ္ဆက္ခဲ့ပါတယ္။ မၾကာခင္ကမွ သူ႔ကို ေရာင္းခ်ေပးခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ ေစ်းသက္သာတဲ့ ေမာ္ဒယ္ကို မိတ္ဆက္ႏုိင္ပါတယ္။

Ref : pocket-lint

unicode

Apple WWDC 2018 မှာ မိတ်ဆက်နိုင်တဲ့ အရာများ

Apple ရဲ့ Worldwide Developer Conference ကို ဇွန်လ ၄ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ Apple က အဲဒီပွဲမှာ ဘာတွေ မိတ်ဆက်နိုင်လဲဆိုတာ အောက်မှာ လေ့လာကြည့်ရအောင်။

iOS 12

ယခင်နှစ်က Apple ဟာ စွမ်းဆောင်ချက် အသစ်များပါတဲ့ iOS 11 ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ iOS 12 ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ သူ့မှာ iPhone X အတွက် Animoji အသစ်များ ပါလာနိုင်ပါတယ်။ ဒါ့အပြင် FaceTime မှာလည်း Animoji များကို အသုံးပြုနိုင်လာပြီး iPhone X Users များဟာ Animoji ဇာတ်ကောင်များဖြင့် သူငယ်ချင်းများနဲ့ ချက်နိုင်မှာ ဖြစ်ပါတယ်။ Stock Apps များရဲ့ ဒီဇိုင်းကိုလည်း ပြင်ဆင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ Siri ကို iOS 12 မှာ ပိုမို နက်ရှိုင်းစွာ အလုပ်လုပ်စေမှာပါ။ Do Not Disturb နဲ့ Parental Controls များက ပိုမို ကောင်းမွန်လာမှာပါ။ AR စွမ်းရည်အသစ်များပါလာနိုင်ပါတယ်။ iPhone, iPad, Mac အားလုံးမှာ အလုပ်လုပ်တဲ့ Universal Apps များကို မိတ်ဆက်နိုင်ပါတယ်။

MacOS 10.14

Apple က ယခင်နှစ်မှာ MacOS High Sierra ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ MacOS Version အသစ်ကို မြင်ရနိုင်ပါတယ်။ MacOS မှာ iOS Apps များကို အသုံးပြုလာနိုင်ပါတယ်။ MacOS အသစ်ရဲ့ အခြား သတင်းအချက်အလက်များဟာ သိပ်ပြီး ပေါက်ကြားထွက်ပေါ်ခြင်း မရှိသေးပါဘူး။

WatchOS 5

Apple က ယခင်နှစ်မှာ Watch Faces အသစ်များကို Apple Watch အတွက် ဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် Diary Notifications နဲ့ News Stories များလည်း ပါလာပါတယ်။ Music App ကလည်း ပိုမို တိုတက်လာပါတယ်။ မကြာခင်က အသုံးပြုထားတဲ့ Apps များကို ပြသပေးတဲ့ Dock အသစ်ပါလာပါတယ်။ ယခုနှစ်မှာ watchOS အသစ်ကို မိတ်ဆက်နိုင်ပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်များကို မသိရသေးပေမယ့် ယခုနှစ်နှောင်းပိုင်းမှာ ဖြန့်ချီပေးမှာ သေချာပါတယ်။ watchOS 4 ဖြန့်ချီခဲ့တဲ့ စက်တင်ဘာလလောက်မှာ ဗားရှင်း အသစ်ကို ဖြန့်ချီနိုင်ပါတယ်။

TvOS 12

Apple က ယခင်နှစ်ပွဲမှာ Amazon Video App ဟာ Apple TV ကို ရောက်လာမယ်လို့ ပြောခဲ့တဲ့အတွက် Apple TV ဟာ ပိုမို စွဲဆောင်စရာ ကောင်းလာပါတယ်။ ဒီနှစ်မှာ ကုမ္ပဏီက tvOS 12 ကို မိတ်ဆက်မှာ ဖြစ်ပြီး Original TV Programming ကို အဓိက အာရုံစိုက်ထားမှာပါ။ ကုမ္ပဏီက ကိုယ်ပိုင် တီဗီရှိုးများအတွက် ဒေါ်လာ ၁ ဘီလီယမ်ကျော် အသုံးပြုမယ်လို့ ကြေညာထားပါတယ်။

iMacs အသစ်နဲ့ တန်ဖိုးနည်း MacBook

Apple က ယခင်နှစ်မှာ iMac Pro ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို ယခင်နှစ် ဒီဇင်ဘာလမှသာ ရောင်းချပေးခဲ့တဲ့ အတွက် ဒီနှစ်မှာ iMac Pro အသစ်ကို မြင်ရမှာ မဟုတ်ပါဘူး။ Apple ဟာ ၁၃.၃ လက်မ တန်ဖိုးနည်း MacBook အသစ်ကို မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။

iPad အသစ်များ

ကုမ္ပဏီက ဒီနှစ်မှာ တက်ဘလက် မော်ဒယ်နှစ်ခုကို မိတ်ဆက်မယ်လို့ သတင်းထွက်နေပြီး မိတ်ဆက်ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ရောင်းချမှာ ဖြစ်ပါတယ်။ တက်ဘလက် မော်ဒယ်တစ်ခုမှာ Animoji ကို အသုံးပြုနိုင်မယ့် ကင်မရာစနစ်ပါလာနိုင်ပါတယ်။

ဈေးသက်သာတဲ့ HomePod

Apple က ယခင်နှစ်မှာ စမတ် စပီကာကို မိတ်ဆက်ခဲ့ပါတယ်။ မကြာခင်ကမှ သူ့ကို ရောင်းချပေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဈေးသက်သာတဲ့ မော်ဒယ်ကို မိတ်ဆက်နိုင်ပါတယ်။

Ref : pocket-lint

You may be interested

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10
Android, FEATURES, HUBS
63 shares17 views

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10

Ko Thuya - Dec 13, 2018

စမတ္ဖုန္းမ်ားကို စြယ္စံုသံုး ကိရိယာမ်ား အျဖစ္ ဖန္တီးလာၾကပါတယ္။ အခ်ိဳ႕ စမတ္ဖုန္းမ်ားမွာ Infrared Sensor ကို ထည့္ေပးထားၿပီး တီဗီ၊ ေလေအးေပးစက္လို အီလက္ထေရာနစ္ ကိရိယာမ်ားကို ထိန္းခ်ဳပ္ႏုိင္ပါတယ္။ Windows , Mac Computer မ်ားကို ထိန္းခ်ဳပ္ႏုိင္တဲ့ App…

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္
Android, HUBS, Mobiles & Tablets
194 shares47 views

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္

Ko Thuya - Dec 13, 2018

Samsung Galaxy S10 ကို ဘာစီလိုနာမွာ က်င္းပမယ့္ Mobile World Congress ပြဲ မတိုင္ခင္ လာမယ့္ႏွစ္ ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္တယ္လို႔ သတင္းထြက္လာပါတယ္။ Galaxy S10 , S10+ နဲ႔…

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား
Apple, HUBS, Mobiles & Tablets
786 shares213 views

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား

Ko Thuya - Dec 13, 2018

Samsung ဟာ ယခင္ႏွစ္ထုတ္ iPhone X နဲ႔ ဒီႏွစ္ထုတ္ iPhone XS , XS Max မ်ားအတြက္ OLED Panels မ်ားကို ပံ့ပိုးေပးထားပါတယ္။ အဲဒီ မ်က္ႏွာျပင္မ်ားရဲ႕ ထုတ္လုပ္မႈ ကုန္က်စားရိတ္ဟာ အလြန္မ်ားပါတယ္။ အဲဒီအတြက္…

Leave a Comment

Most from this category