97 Shares 65 Views

သည္းထိတ္ရင္ဖိုဇာတ္လမ္းသြားန႔ဲ ရင္တထိတ္ထိတ္ကစားရမယ့္ The House 2 (ghost game)

Mar 16, 2018
97 65

[Zawgyi]

Image result for the house 2

၂၀၀၅ ခုႏွစ္တုန္းက JIG ကေန ေၾကာက္စရာအေကာင္းဆံုး၊ သည္းထိတ္ရင္ဖိုအျဖစ္ဆံုး နာမည္အၾကီးဆံုး သရဲဂိမ္းတစ္ခုျဖစ္တဲ့ The House ကိုမိတ္ဆက္ခဲ့ပါတယ္။ ထြက္ရိွျပီးေနာက္မွာလည္း ေတာ္ေတာ္ၾကာ နာမည္ၾကီးခဲ့ျပီး ေနာက္ထပ္၅နွစ္အၾကာ ၂၀၁၀ ခုႏွစ္မွာ The House 2 ကို အခန္းဆက္ဆက္ထုတ္ခဲ့ပါတယ္။ ဇတ္လမ္းသြားကေတာ့ ေျခာက္ျခားဖြယ္အိမ္ၾကီးတစ္လံုး အဲဒီအိမ္ထဲမွာ မိသားစုသံုးေယာက္လံုးသတ္ေသခဲ့ၾကျပီး အဲဒီအိမ္ၾကီးထဲကုိ သတၱိရိွရိွနဲ႔ဝင္ေဆာ့ကစားရမယ့္ ဂိမ္းတစ္ခုပါ။

Image result for the house 2

Point-and-click ဂိမ္းတစ္ခုျဖစ္ျပီး The House (original) ရဲ႕ interactive ဇာတ္လမ္းသြားပံုစံထက္ကို ပိုေၾကာက္ဖို႔ေကာင္းပါတယ္။ အခန္းေတြအမ်ားၾကီးရိွျပီး ဟိုေနရာဒီေနရာႏိွပ္ဖို႔ကို ရင္တမမနဲ႔ ဘယ္ခ်ိန္ဘာေပၚလာမလဲဆိုတာေတြးျပီး ေဆာ့ေနရတဲ့ဂိမ္းတစ္ခုပါ။ ကိုယ္က ေၾကာက္စရာေကာင္းမႈကိုအျပည့္အဝခံစားခ်င္တယ္ဆိုရင္ေတာ့ အေမွာင္ထဲ၊ တစ္ေယာက္ထဲ ဂိမ္းအသံကိုျမွင့္ျပီးေဆာ့ၾကည့္ပါ။

Image result for the house 2

ဘယ္ပစၥည္းေတြကိုႏိွပ္ရမယ္ဆိုတာကေတာ့ အရင္ေဆာ့ဖူးတဲ့ဂိမ္းေတြလုိပဲ ေမာက္စ္ကုိေရႊ႕လိုက္လို႔ လက္ပံုေလးေပၚလာရင္ ဒါႏိွပ္ၾကည့္ရမယ့္ပစၥည္းပါပဲ။ တစ္ခန္းတစ္ခန္းစီမွာေပးထားတဲ့သဲလြန္စေတြကေန ဆက္စပ္ရွာေဖြေဖာ္ထုတ္ရမယ့္ဂိမ္းတစ္ခုပါ။ အခန္းတိုင္းကုိ animation ေတြနဲ႔ဖန္တီးထားတာျဖစ္လို႔ နည္းနည္းေတာ့ေျခာက္ျခားစရာေကာင္းပါလိမ့္မယ္။

Image result for the house 2

အျဖဴအမည္းဂိမ္းပဲျဖစ္ျပီး သရဲကားတို႔ထံုးစံအတိုင္း ေၾကာက္စရာအသံေတြနဲ႔ထည့္ထားပါတယ္။ အခန္းတိုင္းကေန မိသားစုဝင္တစ္ဦးစီရဲ႕အေၾကာင္းေတြကို ေဖာ္ျပေပးသြားမွာျဖစ္ျပီး special room မွာ ေသာ့ေတြ႔သြားျပီဆိုရင္ေတာ့ ဇာတ္လမ္းတစ္ခုလံုးျပီးပါျပီ။

Point-and-click ဂိမ္းေတြလည္း ေတာ္ေတာ္မိႈလိုေပါက္ေနတဲ့အတြက္ သိပ္မဆန္းဘူးလို႔ထင္ေပမယ့္လည္း ဒီထဲကမွ ေၾကာက္စရာေကာင္း သည္းထိတ္ရင္ဖိုဂိမ္းမ်ိဳး ေဆာ့ခ်င္ရင္ေတာ့ The House 2 က စမး္ေဆာ့ၾကည့္သင့္တဲ့ထဲမွာ ပါပါတယ္။

[Unicode]

Image result for the house 2

၂၀၀၅ ခုနှစ်တုန်းက JIG ကနေ ကြောက်စရာအကောင်းဆုံး၊ သည်းထိတ်ရင်ဖိုအဖြစ်ဆုံး နာမည်အကြီးဆုံး သရဲဂိမ်းတစ်ခုဖြစ်တဲ့ The House ကိုမိတ်ဆက်ခဲ့ပါတယ်။ ထွက်ရှိပြီးနောက်မှာလည်း တော်တော်ကြာ နာမည်ကြီးခဲ့ပြီး နောက်ထပ်၅နှစ်အကြာ ၂၀၁၀ ခုနှစ်မှာ The House 2 ကို အခန်းဆက်ဆက်ထုတ်ခဲ့ပါတယ်။ ဇတ်လမ်းသွားကတော့ ခြောက်ခြားဖွယ်အိမ်ကြီးတစ်လုံး အဲဒီအိမ်ထဲမှာ မိသားစုသုံးယောက်လုံးသတ်သေခဲ့ကြပြီး အဲဒီအိမ်ကြီးထဲကို သတ္တိရှိရှိနဲ့ဝင်ဆော့ကစားရမယ့် ဂိမ်းတစ်ခုပါ။

Image result for the house 2

Point-and-click ဂိမ်းတစ်ခုဖြစ်ပြီး The House (original) ရဲ့ interactive ဇာတ်လမ်းသွားပုံစံထက်ကို ပိုကြောက်ဖို့ကောင်းပါတယ်။ အခန်းတွေအများကြီးရှိပြီး ဟိုနေရာဒီနေရာနှိပ်ဖို့ကို ရင်တမမနဲ့ ဘယ်ချိန်ဘာပေါ်လာမလဲဆိုတာတွေးပြီး ဆော့နေရတဲ့ဂိမ်းတစ်ခုပါ။ ကိုယ်က ကြောက်စရာကောင်းမှုကိုအပြည့်အဝခံစားချင်တယ်ဆိုရင်တော့ အမှောင်ထဲ၊ တစ်ယောက်ထဲ ဂိမ်းအသံကိုမြှင့်ပြီးဆော့ကြည့်ပါ။

Image result for the house 2

ဘယ်ပစ္စည်းတွေကိုနှိပ်ရမယ်ဆိုတာကတော့ အရင်ဆော့ဖူးတဲ့ဂိမ်းတွေလိုပဲ မောက်စ်ကိုရွှေ့လိုက်လို့ လက်ပုံလေးပေါ်လာရင် ဒါနှိပ်ကြည့်ရမယ့်ပစ္စည်းပါပဲ။ တစ်ခန်းတစ်ခန်းစီမှာပေးထားတဲ့သဲလွန်စတွေကနေ ဆက်စပ်ရှာဖွေဖော်ထုတ်ရမယ့်ဂိမ်းတစ်ခုပါ။ အခန်းတိုင်းကို animation တွေနဲ့ဖန်တီးထားတာဖြစ်လို့ နည်းနည်းတော့ခြောက်ခြားစရာကောင်းပါလိမ့်မယ်။

Image result for the house 2

အဖြူအမည်းဂိမ်းပဲဖြစ်ပြီး သရဲကားတို့ထုံးစံအတိုင်း ကြောက်စရာအသံတွေနဲ့ထည့်ထားပါတယ်။ အခန်းတိုင်းကနေ မိသားစုဝင်တစ်ဦးစီရဲ့အကြောင်းတွေကို ဖော်ပြပေးသွားမှာဖြစ်ပြီး special room မှာ သော့တွေ့သွားပြီဆိုရင်တော့ ဇာတ်လမ်းတစ်ခုလုံးပြီးပါပြီ။

Point-and-click ဂိမ်းတွေလည်း တော်တော်မှိုလိုပေါက်နေတဲ့အတွက် သိပ်မဆန်းဘူးလို့ထင်ပေမယ့်လည်း ဒီထဲကမှ ကြောက်စရာကောင်း သည်းထိတ်ရင်ဖိုဂိမ်းမျိုး ဆော့ချင်ရင်တော့ The House 2 က စမး်ဆော့ကြည့်သင့်တဲ့ထဲမှာ ပါပါတယ်။

You may be interested

Split Screen ပါတဲ့ Browser ကို iPad အတြက္ ထုတ္လုပ္ေပးလိုက္တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတြက္ Firefox Browser Version တစ္ခုကို ထုတ္လုပ္ေပးလိုက္ပါတယ္။ အုိင္ပတ္မ်ားမွာ အထာက်က်နဲ႔ အင္တာနက္ ၾကည့္ႏုိင္မွာပါ။ အရြယ္ႀကီး အိုင္ပတ္မွာ သံုးလို႔ေကာင္းေအာင္ ဒီဇိုင္းထုတ္ထားတဲ့ ဘေရာက္စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ
NEWS, Security & Safety, Softwares & Application
81 shares36 views

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ

Ko Thuya - Mar 25, 2019

ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ Boeing 737 Max 8 ေလယာဥ္ ၂ စီး ပ်က္က်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၆ လက အဲဒီ ေလယာဥ္အမ်ိဳးအစား တစ္စီးဟာ အင္ဒိုနီးရွား ကမ္းရိုးတန္းမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး…

ႀကိဳးလုံးဝ မပါေတာ့မယ့္ true wireless Beats နားၾကပ္အသစ္ကို ဧၿပီလ မိတ္ဆက္မည္
Apple, Gadgets, NEWS
40 shares24 views

ႀကိဳးလုံးဝ မပါေတာ့မယ့္ true wireless Beats နားၾကပ္အသစ္ကို ဧၿပီလ မိတ္ဆက္မည္

Nigma - Mar 25, 2019

Apple ပိုင္တဲ့ Beats က ႀကိဳးလုံးဝမပါေတာ့မယ့္ Powerbeats earbuds နားၾကပ္အသစ္ကို ဧၿပီလအတြင္း မိတ္ဆက္သြားေတာ့မွာ ျဖစ္ပါတယ္။ အရင္ Powerbeats Wireless ေတြတုန္းကလည္း ႀကိဳးမဲ့နားၾကပ္ဆိုေပမယ့္ နားၾကပ္ႏွစ္ဖက္ကို ခ်ိတ္ဆက္ထားေတာ့ ႀကိဳးေတာ့ ပါရွိပါေသးတယ္။ အသစ္ထြက္မယ့္ Powerbeats က…

Leave a Comment

Most from this category