93 Shares 55 Views


Mar 16, 2018
93 55





Ref : gsmarena

unicode

Xiaomi က စမတ် ပေါင်ချိန်စက်ကို မိတ်ဆက်

ရှောင်မီက အိန္ဒိယမှာ စမတ် ပေါင်ချိန်စက်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်ကတော့ Mi Body Composition Scale ဖြစ်ပြီး သူ့ကို Mi Fit App နဲ့ တွဲဖက် အသုံးပြုရမှာ ဖြစ်ပါတယ်။ Mi Body Composition Scale ဟာ ရုတ်တရက် ကြည့်လိုက်ရင် သာမာန် ပေါင်ချိန်စက်နဲ့ ပုံသဏ္ဍာန် တူညီပါတယ်။

ပေါင်ချိန်စက် အပေါ် တက်လိုက်ရင် အလေးချိန်ကို ပြသပေးတဲ့ အရွယ်ကြီး LED Display တစ်ခု တပ်ဆင်ထားပါတယ်။ ခြေချော်မကျအောင် တည်ဆောက်ထားပါတယ်။ ရေစိုနေတဲ့ ခြေထောက်များဖြင့်လည်း သူ့အပေါ်ကို တက်နိုင်ပါတယ်။ LED Display က ပတ်ဝန်းကျင်မှ အလင်းရောင် အပေါ် မူတည်၍ သူ့ရဲ့ အလင်းရောင်ကို အလိုအလျှောက် ချိန်ညှိပေးနိုင်ပါတယ်။

သူ့ကို Bluetooth ဆက်သွယ်မှုကနေတစ်ဆင့် Android နဲ့ iOS တို့အတွက် ထုတ်လုပ်ပေးထားတဲ့ Mi Fit App နဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ စမတ် ပေါင်ချိန်စက်က သင့်ရဲ့ ကိုယ်ခန္တာ အလေးချိန်၊ အဆီ၊ ကြွက်သား ပမာဏ၊ ရေဓါတ်ပါဝင်မှု ပမာဏ၊ အရိုး သိပ်သည်းဆနဲ့ ဇီဝကမ္မ အခြေအနေများကို တိုင်းတာတွက်ချက်ပေးနိုင်ပါတယ်။

မိသားစု ၊ သူငယ်ချင်းများ အပါအဝင် လူပေါင်း ၁၆ ယောက်အထိ သူ့ မှာ ပရိုဖိုင်များဖြင့် သီးခြားစီ အသုံးပြုနိုင်ပါတယ်။ သူက ကလေး ၊ လူကြီး စတဲ့ အသက် အရွယ် အပိုင်းအခြားများကိုလည်း တိုင်းတာတွက်ချက်ပေးနိုင်ပါတယ်။ တိုင်းတာထားတဲ့ ဒေတာများကို တွက်ချက်ခြင်းဖြင့် သင့်ရဲ့ ကျန်းမာရေးကို သိရှိနိုင်ပါတယ်။ သူ့မှာ AAA Battery ၃ လုံး ထည့်သွင်း အသုံးပြုရမှာ ဖြစ်ပြီး ၈ လလောက် အသုံးခံပါတယ်။ အိန္ဒိယမှာ ရူပီး ၁၉၉၉ ဖြင့် Mi.com ကနေ ရောင်းချပေးနေပြီး ဒေါ်လာ အားဖြင့် ၃၀ ဝန်းကျင်ကျသင့်ပါတယ်။

Ref : gsmarena

You may be interested

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?
FEATURES, Mobile & Tablets
0 shares0 views

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?

Ko Thuya - Jul 18, 2018

ဒီနေ့ခေတ် စမတ်ဖုန်းများဟာ ရေစိုခံတယ်လို့ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများက ကြော်ညာနေကြပါတယ်။ ဒါပေမယ့် ရေစိုခံစံနှုန်းများစွာ ရှိတဲ့အတွက် သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိရေစိုခံသလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။ IP ရဲ့ အဓိပ္ပါယ် IP ရဲ့ အရှည်ဟာ Ingress Protection ဖြစ်ပြီး…

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
102 shares15 views

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ့ 5T တို့ရဲ့ ယခင်ထွက်ခဲ့တဲ့ OxygenOS Open Beta မှာ Project Treble ပါလာခဲ့ပါတယ်။ ယခုနောက်ဆုံးထုတ် ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ OnePlus 5 ရဲ့ OxygenOS Open…

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
192 shares39 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

Leave a Comment

Most from this category