129 Shares 29 Views


Mar 16, 2018
129 29





Ref : theverge

unicode

Washington DC မှ Audi ကားများမှာ မီးပွိုင့်အခြေအနေကို သိတဲ့ စနစ်ပါလာ

မောင်းသူမဲ့ ကားနည်းပညာမှာ အထောက် အကူ ပြုနိုင်တဲ့ နည်းစနစ်တစ်ခုက မီးပွိုင့်များရဲ့ အခြေအနေကို သိနားလည်ခြင်း ဖြစ်ပါတယ်။ အော်ဒီက အဲဒီလိုမျိုး နည်းစနစ်ကို လွန်ခဲ့တဲ့ နှစ်များအတွင်းက အမေရိကန်မှာ စတင် အသုံးပြုနေခဲ့ပါတယ်။ သူ့ရဲ့ နည်းစနစ်ကို Traffic Light Information System လို့ အမည်ပေးထားပါတယ်။ အခုတော့ ဒီနည်းပညာကို အမေရိကန်ရဲ့ မြို့တော်ဖြစ်တဲ့ ဝါရှင်တန်ဒီစီမှ အော်ဒီကားများမှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

အော်ဒီက အမေရိကန်မှာ သတ္တမမြောက် ဒေသအဖြစ် ဝါရှင်တန်ဒီစီမှာ Traffic Light Information System ကို မိတ်ဆက်လိုက်ပြီလို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်ထုတ် Vehicle-to-Infrastructure (V2I) စနစ်ပ ါတဲ့ အော်ဒယ် မော်ဒယ်များဟာ ပင်မ မီးပွိုင့်စနစ် စီမံခန့်ခွဲမှု စနစ်ကနေ သတင်းအချက်အလက်များကို ရရှိမှာ ဖြစ်ပါတယ်။

ကားရဲ့ 4G LTE Hotspot ကနေ မီးပွိုင့်များရဲ့ အခြေအနေကို သိနိုင်ပါတယ်။ အဲဒီအတွက် စိမ်းနေတဲ့ မီးပွိုင့်များကို သိရှိပြီး ယာဉ်ကြော ပိတ်ဆို့မှုများကို ရှောင်လွှဲနိုင်ပါတယ်။ မီးနီတော့မယ့် မီးပွိုင့် အနားကို ရောက်တဲ့ အခါမှာလည်း အရှိန်ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းပညာက ယာဉ်ကြောပိတ်ဆို့မှုများကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

အော်ဒီက ဒီနည်းပညာကို ၂၀၁၆ ခုနှစ်မှာ လတ်စ်ဗီးဂတ်စ်မှာ စတင် ဖြန့်ချီခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒဲလက်စ်၊ ဒန်ဗာ၊ ဟူစတန်နဲ့ ပါလိုအယ်လ်တို့စ်တို့မှာ မိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင် ဒီနည်းစနစ်ဟာ အမေရိကန်မှ မီးပွိုင့်ပေါင်း ၁ ၆၀၀ ရဲ့ သတင်းအချက်အလက်များကို အသိပေးနိုင်ပါပြီ။

Ref : theverge

You may be interested

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ပြီးခဲ့တဲ့ သောကြာနေ့မှာ iPhone XS နဲ့ iPhone XS Max တို့ကို ရောင်းချပေးလိုက်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက်…

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
HUBS, Microsoft
63 shares12 views

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ

Creepy Tyler - Sep 25, 2018

Microsoft ကတော့ Surface Hub 2 ကို ပြသခဲ့ပြီး ၊ နောက်ဆုံးထွက်ဖြစ်လာမယ့် ဒီ device မှာ ပါလာမယ့်  Rotating Display အမည်ရ device ပုံစံအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပြသပေးမယ့် နည်းပညာကိုလည်း တစ်ခါတည်း ပြသခဲ့ပါတယ်။…

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
FEATURES, HOW TO, Softwares & Application
305 shares91 views

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမ္ဘာမှာ လူသုံးအများဆုံး ၀က်ဘရောက်စာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome မှာ လူသိနည်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အဲဒီအထဲမှာ Chrome ကို Text Editor လို အသုံးပြုခြင်း၊…

Leave a Comment

Most from this category