316 Shares 74 Views

Under-display fingerprint scanner အတြက္မူပိုင္ခြင့္တင္ထားတဲ့ Meizu

Mar 15, 2018
316 74

[Zawgyi]

Samsung ကလည္း Galaxy S8 ဖုန္းေတြမွာ under-display fingerprint scanner ကိုမသံုးဘူးလို႔ေၾကညာခဲ့သလို Apple ကလည္း မသံုးဘဲလံုးဝတစ္မ်ိဳးဆန္းသြားတဲ့ လံုျခံဳေရးနည္းပညာနဲ႔ iPhone X မွာ မိ္တ္ဆက္လိုက္ပါတယ္။ ဒီေတာ့ေနာက္ဆံုးက်န္တာဆိုလို႔ တရုတ္စမတ္ဖုန္းကုမၸဏီေတြပဲက်န္ျပီး သူတို႔ေတြထဲကမွာ Vivo ကေတာ့ screen ေအာက္လက္ေဗြဖတ္စနစ္ကို X20 Plus UD မွာသံုးျပီး ၂၀၁၈ အစပိုင္းေလာက္ကပဲမိတ္ဆက္လိုက္ပါျပီ။

ဒီလို in-display fingerprint scanner နဲ႔ဖုန္းေတြကိုေနာက္ထပ္မိတ္ဆက္လာမွာက Meizu ဆုိတဲ့ တရုတ္စမတ္ဖုန္းကုမၸဏီၾကီးပါ။ တရုတ္မူပိုင္ခြင့္ရံုးမွာ မူပိုင္ခြင့္တင္ထားျပီး ဒီ under-display fingerprint scanner ကေတာ့ ဖုန္းေလာ့ခ္ဖြင့္ရံုတင္မကဘဲ ကဒ္မဲ့ေငြေပးေခ်မႈေတြအတြက္ပါ သံုးလို႔ရႏုိင္မွာျဖစ္ပါတယ္။

Images from the patent documentsImages from the patent documents

ဧျပီလ ၂၀၁၇ ကတည္းက မူပိုင္ခြင့္တင္ထားတဲ့တာျဖစ္ေပမယ့္ အခုမွတင္ထားေၾကာင္းသိခဲ့ရတာပါ။ သူ႔ရဲ႕လက္ေဗြစနစ္ကေတာ့ မၾကာေသးခင္ကမွထြက္ခဲ့တဲ့ Meizu M6s မွာမိတ္ဆက္ခဲ့တဲ့ Super mBack button ရဲ႕ေအာက္မွာထားထားပါတယ္။

အခုေတာ့ မူပိုင္ခြင့္ကလည္း ခြင့္ျပဳခ်က္ရလာျပီဆုိေတာ့ ၂၀၁၈ တတိယ၃လအတြင္းမွာတင္ ဒီ under-display လက္ေဗြစနစ္နဲ႔ဖုန္းေတြကို ေတြ႔ျမင္လာႏုိင္ပါတယ္။ ထူးထူးဆန္းဆန္း feature မ်ိဳးေတြ (ေက်ာဘက္ second screen, multi-LED flash) စတာေတြေၾကာင့္ နာမည္ၾကီးလာခဲ့တဲ့ ကုမၸဏီဆီကေန ဘယ္လိုမ်ိဳးေလးေတြမ်ားေတြ႔ျမင္လာရမလဲဆိုတာ ေစာင့္ေမွ်ာ္ေနမိပါတယ္။

[Unicode]

Samsung ကလည်း Galaxy S8 ဖုန်းတွေမှာ under-display fingerprint scanner ကိုမသုံးဘူးလို့ကြေညာခဲ့သလို Apple ကလည်း မသုံးဘဲလုံးဝတစ်မျိုးဆန်းသွားတဲ့ လုံခြုံရေးနည်းပညာနဲ့ iPhone X မှာ မိ်တ်ဆက်လိုက်ပါတယ်။ ဒီတော့နောက်ဆုံးကျန်တာဆိုလို့ တရုတ်စမတ်ဖုန်းကုမ္ပဏီတွေပဲကျန်ပြီး သူတို့တွေထဲကမှာ Vivo ကတော့ screen အောက်လက်ဗွေဖတ်စနစ်ကို X20 Plus UD မှာသုံးပြီး ၂၀၁၈ အစပိုင်းလောက်ကပဲမိတ်ဆက်လိုက်ပါပြီ။

ဒီလို in-display fingerprint scanner နဲ့ဖုန်းတွေကိုနောက်ထပ်မိတ်ဆက်လာမှာက Meizu ဆိုတဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီကြီးပါ။ တရုတ်မူပိုင်ခွင့်ရုံးမှာ မူပိုင်ခွင့်တင်ထားပြီး ဒီ under-display fingerprint scanner ကတော့ ဖုန်းလော့ခ်ဖွင့်ရုံတင်မကဘဲ ကဒ်မဲ့ငွေပေးချေမှုတွေအတွက်ပါ သုံးလို့ရနိုင်မှာဖြစ်ပါတယ်။

Images from the patent documentsImages from the patent documents

ဧပြီလ ၂၀၁၇ ကတည်းက မူပိုင်ခွင့်တင်ထားတဲ့တာဖြစ်ပေမယ့် အခုမှတင်ထားကြောင်းသိခဲ့ရတာပါ။ သူ့ရဲ့လက်ဗွေစနစ်ကတော့ မကြာသေးခင်ကမှထွက်ခဲ့တဲ့ Meizu M6s မှာမိတ်ဆက်ခဲ့တဲ့ Super mBack button ရဲ့အောက်မှာထားထားပါတယ်။

အခုတော့ မူပိုင်ခွင့်ကလည်း ခွင့်ပြုချက်ရလာပြီဆိုတော့ ၂၀၁၈ တတိယ၃လအတွင်းမှာတင် ဒီ under-display လက်ဗွေစနစ်နဲ့ဖုန်းတွေကို တွေ့မြင်လာနိုင်ပါတယ်။ ထူးထူးဆန်းဆန်း feature မျိုးတွေ (ကျောဘက် second screen, multi-LED flash) စတာတွေကြောင့် နာမည်ကြီးလာခဲ့တဲ့ ကုမ္ပဏီဆီကနေ ဘယ်လိုမျိုးလေးတွေများတွေ့မြင်လာရမလဲဆိုတာ စောင့်မျှော်နေမိပါတယ်။

You may be interested

အသစ္ ထြက္ရွိလာတဲ့ 10.5-inch iPad Air နဲ႔ 7.9-inch iPad mini
Apple, Mobiles & Tablets, NEWS
0 shares0 views

အသစ္ ထြက္ရွိလာတဲ့ 10.5-inch iPad Air နဲ႔ 7.9-inch iPad mini

Nigma - Mar 19, 2019

Apple က iPad ေမာ္ဒယ္သစ္ႏွစ္မ်ိဳးကို တိတ္တဆိတ္ မိတ္ဆက္လိုက္ပါတယ္။ တတိယမ်ိဳးဆက္ 10.5-inch iPad Air နဲ႔ ပၪၥမမ်ိဳးဆက္ 7.9-inch iPad mini ပါ။ iPad Air အသစ္မွာ 10.5-inch Retina Display အသစ္…

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
243 shares160 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
102 shares157 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Leave a Comment

Most from this category