250 Shares 133 Views

ဘာသာစကား ေလ့လာသင္ယူႏိုင္မယ့္ Hello Pal (Android App)

Mar 15, 2018
250 133

အင္တာနက္ေခတ္ႀကီးမွာ ကမာၻႀကီးဟာ ရြာတစ္ရြာလို ျဖစ္လာပါၿပီ။ ကမာၻ႕ အေရွ႕နဲ႔ အေနာက္၊ ေတာင္နဲ႔ ေျမာက္မွာ ေနထိုင္ၾကတဲ့ လူသားေတြ စကၠန္႔ပိုင္းအတြင္းမွာ ဆက္သြယ္လို႔ရလာပါၿပီ။ ဆက္္သြယ္ေရး ေကာင္းမြန္လာေပမယ့္ ဘာသာစကား အရန္အတားေတြ ရွိေနပါေသးတယ္။ ဒီလို ျပႆနာေတြကို ေျဖရွင္းေပးႏုိင္တာက Hello Pal ျဖစ္ပါတယ္။ Hello Pal က ဘာသာမတူတဲ့ လူမ်ိဳးေတြၾကားမွာ စကားေျပာႏုိင္ေအာင္နဲ႔ ဘာသာစကားေတြကို အခ်င္းခ်င္း သင္ၾကားႏိုင္ေအာင္ ဒီဇိုင္းထုတ္ထားပါတယ္။ သင့္ရဲ႕ မိခင္ဘာသာစကားနဲ႔ သင္ယူခ်င္တဲ့ ဘာသာစကားေပၚမူတည္ၿပီး Hello Pal က စကားေျပာေဖာ္မ်ားကို ရွာေဖြေပးႏုိင္ပါတယ္။ Phrasebooks ပါရွိၿပီး ဘာသာစကားမ်ားရဲ႕ အသံထြက္မ်ားကို သင္ၾကားႏုိင္ပါတယ္။ သင့္ထံ ၀င္လာတဲ့ ႏိုင္ငံျခား ဘာသာစကားမ်ားကိုလည္း အလိုအေလွ်ာက္ ဘာသာျပန္ေပးႏုိင္ပါတယ္။

App ကို ပထမဆံုးအႀကိမ္ဖြင့္ရင္ အေကာင့္တစ္ခုျပဳလုပ္ခုိင္းပါလိမ့္မယ္။ ဒါမွမဟုတ္ Facebook နဲ႔လည္း Login ၀င္ႏိုင္ပါတယ္။ သူူ႔ရဲ႕ Home Screen မွာ စကားေျပာသင့္တဲ့ သူငယ္ခ်င္းမ်ားကို ေရြးခ်ယ္ေပးထားၿပီး ေအာက္ဘက္မွာေတာ့ App နဲ႔ ပတ္သက္တဲ့ သတင္းမ်ားကို ေဖာ္ျပေပးထားပါတယ္။

ဥပမာအားျဖင့္ တရုတ္လူမ်ိဳးတစ္ေယာက္နဲ႔ စကားေျပာမယ္ဆိုရင္ သူ႔ကို Text, Audio Message မ်ားကို အသံုးျပဳႏုိင္ပါတယ္။ အရင္ဆံုး ဘယ္ဘက္ေအာက္ေထာင့္မွ အလံကို ႏွိပ္ၿပီး တရုတ္အလံကို ေရြးပါ။ အႏွစ္သက္ဆံုး စြမ္းေဆာင္ခ်က္က Phrasebook ျဖစ္ပါတယ္။ Phrasebook ကို အသံုးျပဳဖို႔ ေအာက္ေျခမွ စာအုပ္ကို ႏွိပ္ပါ။ အဲဒီစာအုပ္ထဲမွာ တရုတ္ဘာသာစကားအတြက္ အေျခခံ စကားေျပာနည္း၊ အဆင့္ျမင့္ စကားေျပာနည္းမ်ားကို ျပသေပးထားပါတယ္။ ဥပမာအားျဖင့္ Hello လို႔ အသံျဖင့္ ႏႈတ္ခြန္းဆက္သခ်င္ရင္ Hello ရဲ႕ ညာဘက္မွ မိုက္ကရိုဖုန္း အိုင္ကြန္ကို ႏွိပ္ပါ။

ေနာက္အဆင့္မွာ Play Button ကို ႏွိပ္ရင္ တရုတ္လို အသံထြက္ၿပီး သင့္ကို သင္ေပးမွာပါ။

ညာဘက္မွ မိုက္ကရိုဖုန္း ခလုတ္ကို ႏွိပ္ၿပီး သင့္ရဲ႕ အသံကို ဖမ္းယူႏိုင္ပါတယ္။ ၿပီးရင္ေတာ့ ဖမ္းယူထားတဲ့ အသံကို နားေထာင္ႏိုင္ပါတယ္။ ႏွစ္သက္လို႔ ေပးပို႔ခ်င္ရင္ လက္မေထာင္ေနတဲ့ ခလုတ္ကို ႏွိပ္ပါ။ ပယ္ဖ်က္ခ်င္ရင္ လက္မေအာက္စိုက္ေနတဲ့ ခလုတ္ကို ႏွိပ္ပါ။ စာသားအျဖစ္ေပးပို႔ခ်င္ရင္ မိုက္ကရိုဖုန္းေအာက္မွ ခလုတ္ကို ႏွိပ္ပါ။

Home Screen ရဲ႕ ဘယ္ဘက္ေအာက္ဆံုးမွ ကီးဘုတ္ခလုတ္ကို ႏွိပ္ရင္ စာသားမ်ား ေပးပို႔ႏုိင္တဲ့ ေနရာကို ေရာက္ပါမယ္။ Text Box ရဲ႕ ညာဘက္မွ Translate Button ကို ႏွိပ္ရင္ သင္ေပးပို႔လိုက္တဲ့ ဘာသာစကားကို အျခား ဘာသာစကားအျဖစ္ ျပန္ဆိုၿပီး ေပးပို႔ႏိုင္တဲ့ ေနရာကို ေရာက္မွာျဖစ္ပါတယ္။ ဥပမာအားျဖင့္ nice to meet you လို႔ ရိုက္ပါ။ အလံကို ႏွိပ္ၿပီး ဘာသာျပန္ေစခ်င္တဲ့ ႏုိင္ငံကို ေရြးခ်ယ္ေပးပါ။

ေနာက္အဆင့္မွာ ေလယာဥ္ပ်ံပံု ခလုတ္ကို ႏွိပ္ၿပီး ေပးပို႔ႏုိင္ပါတယ္။

Home Screen ရဲ႕ ေအာက္ေျခမွ မိုက္ကရိုဖုန္း က႑ထဲသြားရင္ အသံ Message မ်ားကို ေပးပို႔ႏုိင္မွာ ျဖစ္ပါတယ္။

Settings ထဲမွာေတာ့ သင့္ရဲ႕ ဘာသာစကားနဲ သင္ယူခ်င္တဲ့ ဘာသာစကားမ်ားကို သတ္မွတ္ႏုိင္ပါတယ္။ သင့္ရဲ႕ ပညာေရး၊ အလုပ္အကိုင္၊ ကုမၸဏီ၊ စိတ္၀င္စားမႈမ်ားကိုလည္း ထည့္သြင္းႏုိင္ပါတယ္။

Hello Pal ဟာ ဘာသာစကား ေလ့လာခ်င္သူမ်ားအတြက္သာမက ႏိုင္ငံျခားတိုင္းျပည္မ်ားနဲ႔ အလုပ္လုပ္ေနတဲ့ လူမ်ားအတြက္ပါ ဆက္သြယ္ေရးမွာ အဆင္ေျပေစတဲ့ အလြန္အသံုး၀င္တဲ့ Android App ေကာင္းတစ္ခုျဖစ္ပါတယ္။ ဘာသာစကား မတူညီသူေတြၾကားမွာ စကၠန္႔ပိုင္းအတြင္ အဆင္ေျပစြာ စကားေျပာႏိုင္ေအာင္ စြမ္းေဆာင္ေပးႏုိင္တာက အလြန္ အစြမ္းထက္တဲ့ နည္းပညာျဖစ္ပါတယ္။

သူ႔ရဲ႕ ဖုိင္အရြယ္အစားမွာ 20MB ရွိၿပီး Android 4.1 နဲ႔ သူ႔အထက္မွာ အသံုးျပဳႏုိင္ပါတယ္။ ေအာက္ပါ လင့္မ်ားကေန ေဒါင္းလုပ္ရယူႏုိင္ပါတယ္။

Download

Play Store

Or

Box

Ref : androidpolice

unicode

ဘာသာစကား လေ့လာသင်ယူနိုင်မယ့် Hello Pal (Android App)

အင်တာနက်ခေတ်ကြီးမှာ ကမ္ဘာကြီးဟာ ရွာတစ်ရွာလို ဖြစ်လာပါပြီ။ ကမ္ဘာ့ အရှေ့နဲ့ အနောက်၊ တောင်နဲ့ မြောက်မှာ နေထိုင်ကြတဲ့ လူသားတွေ စက္ကန့်ပိုင်းအတွင်းမှာ ဆက်သွယ်လို့ရလာပါပြီ။ ဆက်သွယ်ရေး ကောင်းမွန်လာပေမယ့် ဘာသာစကား အရန်အတားတွေ ရှိနေပါသေးတယ်။ ဒီလို ပြဿနာတွေကို ဖြေရှင်းပေးနိုင်တာက Hello Pal ဖြစ်ပါတယ်။ Hello Pal က ဘာသာမတူတဲ့ လူမျိုးတွေကြားမှာ စကားပြောနိုင်အောင်နဲ့ ဘာသာစကားတွေကို အချင်းချင်း သင်ကြားနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ သင့်ရဲ့ မိခင်ဘာသာစကားနဲ့ သင်ယူချင်တဲ့ ဘာသာစကားပေါ်မူတည်ပြီး Hello Pal က စကားပြောဖော်များကို ရှာဖွေပေးနိုင်ပါတယ်။ Phrasebooks ပါရှိပြီး ဘာသာစကားများရဲ့ အသံထွက်များကို သင်ကြားနိုင်ပါတယ်။ သင့်ထံ ဝင်လာတဲ့ နိုင်ငံခြား ဘာသာစကားများကိုလည်း အလိုအလျှောက် ဘာသာပြန်ပေးနိုင်ပါတယ်။

App ကို ပထမဆုံးအကြိမ်ဖွင့်ရင် အကောင့်တစ်ခုပြုလုပ်ခိုင်းပါလိမ့်မယ်။ ဒါမှမဟုတ် Facebook နဲ့လည်း Login ဝင်နိုင်ပါတယ်။ သူူ့ရဲ့ Home Screen မှာ စကားပြောသင့်တဲ့ သူငယ်ချင်းများကို ရွေးချယ်ပေးထားပြီး အောက်ဘက်မှာတော့ App နဲ့ ပတ်သက်တဲ့ သတင်းများကို ဖော်ပြပေးထားပါတယ်။

ဥပမာအားဖြင့် တရုတ်လူမျိုးတစ်ယောက်နဲ့ စကားပြောမယ်ဆိုရင် သူ့ကို Text, Audio Message များကို အသုံးပြုနိုင်ပါတယ်။ အရင်ဆုံး ဘယ်ဘက်အောက်ထောင့်မှ အလံကို နှိပ်ပြီး တရုတ်အလံကို ရွေးပါ။ အနှစ်သက်ဆုံး စွမ်းဆောင်ချက်က Phrasebook ဖြစ်ပါတယ်။ Phrasebook ကို အသုံးပြုဖို့ အောက်ခြေမှ စာအုပ်ကို နှိပ်ပါ။ အဲဒီစာအုပ်ထဲမှာ တရုတ်ဘာသာစကားအတွက် အခြေခံ စကားပြောနည်း၊ အဆင့်မြင့် စကားပြောနည်းများကို ပြသပေးထားပါတယ်။ ဥပမာအားဖြင့် Hello လို့ အသံဖြင့် နှုတ်ခွန်းဆက်သချင်ရင် Hello ရဲ့ ညာဘက်မှ မိုက်ကရိုဖုန်း အိုင်ကွန်ကို နှိပ်ပါ။

နောက်အဆင့်မှာ Play Button ကို နှိပ်ရင် တရုတ်လို အသံထွက်ပြီး သင့်ကို သင်ပေးမှာပါ။

ညာဘက်မှ မိုက်ကရိုဖုန်း ခလုတ်ကို နှိပ်ပြီး သင့်ရဲ့ အသံကို ဖမ်းယူနိုင်ပါတယ်။ ပြီးရင်တော့ ဖမ်းယူထားတဲ့ အသံကို နားထောင်နိုင်ပါတယ်။ နှစ်သက်လို့ ပေးပို့ချင်ရင် လက်မထောင်နေတဲ့ ခလုတ်ကို နှိပ်ပါ။ ပယ်ဖျက်ချင်ရင် လက်မအောက်စိုက်နေတဲ့ ခလုတ်ကို နှိပ်ပါ။ စာသားအဖြစ်ပေးပို့ချင်ရင် မိုက်ကရိုဖုန်းအောက်မှ ခလုတ်ကို နှိပ်ပါ။

Home Screen ရဲ့ ဘယ်ဘက်အောက်ဆုံးမှ ကီးဘုတ်ခလုတ်ကို နှိပ်ရင် စာသားများ ပေးပို့နိုင်တဲ့ နေရာကို ရောက်ပါမယ်။ Text Box ရဲ့ ညာဘက်မှ Translate Button ကို နှိပ်ရင် သင်ပေးပို့လိုက်တဲ့ ဘာသာစကားကို အခြား ဘာသာစကားအဖြစ် ပြန်ဆိုပြီး ပေးပို့နိုင်တဲ့ နေရာကို ရောက်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် nice to meet you လို့ ရိုက်ပါ။ အလံကို နှိပ်ပြီး ဘာသာပြန်စေချင်တဲ့ နိုင်ငံကို ရွေးချယ်ပေးပါ။

နောက်အဆင့်မှာ လေယာဉ်ပျံပုံ ခလုတ်ကို နှိပ်ပြီး ပေးပို့နိုင်ပါတယ်။

Home Screen ရဲ့ အောက်ခြေမှ မိုက်ကရိုဖုန်း ကဏ္ဍထဲသွားရင် အသံ Message များကို ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

Settings ထဲမှာတော့ သင့်ရဲ့ ဘာသာစကားနဲ သင်ယူချင်တဲ့ ဘာသာစကားများကို သတ်မှတ်နိုင်ပါတယ်။ သင့်ရဲ့ ပညာရေး၊ အလုပ်အကိုင်၊ ကုမ္ပဏီ၊ စိတ်ဝင်စားမှုများကိုလည်း ထည့်သွင်းနိုင်ပါတယ်။

Hello Pal ဟာ ဘာသာစကား လေ့လာချင်သူများအတွက်သာမက နိုင်ငံခြားတိုင်းပြည်များနဲ့ အလုပ်လုပ်နေတဲ့ လူများအတွက်ပါ ဆက်သွယ်ရေးမှာ အဆင်ပြေစေတဲ့ အလွန်အသုံးဝင်တဲ့ Android App ကောင်းတစ်ခုဖြစ်ပါတယ်။ ဘာသာစကား မတူညီသူတွေကြားမှာ စက္ကန့်ပိုင်းအတွင် အဆင်ပြေစွာ စကားပြောနိုင်အောင် စွမ်းဆောင်ပေးနိုင်တာက အလွန် အစွမ်းထက်တဲ့ နည်းပညာဖြစ်ပါတယ်။

သူ့ရဲ့ ဖိုင်အရွယ်အစားမှာ 20MB ရှိပြီး Android 4.1 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။ အောက်ပါ လင့်များကနေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

Download

Play Store

Or

Box

Ref : androidpolice

You may be interested

Split Screen ပါတဲ့ Browser ကို iPad အတြက္ ထုတ္လုပ္ေပးလိုက္တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတြက္ Firefox Browser Version တစ္ခုကို ထုတ္လုပ္ေပးလိုက္ပါတယ္။ အုိင္ပတ္မ်ားမွာ အထာက်က်နဲ႔ အင္တာနက္ ၾကည့္ႏုိင္မွာပါ။ အရြယ္ႀကီး အိုင္ပတ္မွာ သံုးလို႔ေကာင္းေအာင္ ဒီဇိုင္းထုတ္ထားတဲ့ ဘေရာက္စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ
NEWS, Security & Safety, Softwares & Application
81 shares36 views

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ

Ko Thuya - Mar 25, 2019

ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ Boeing 737 Max 8 ေလယာဥ္ ၂ စီး ပ်က္က်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၆ လက အဲဒီ ေလယာဥ္အမ်ိဳးအစား တစ္စီးဟာ အင္ဒိုနီးရွား ကမ္းရိုးတန္းမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး…

ႀကိဳးလုံးဝ မပါေတာ့မယ့္ true wireless Beats နားၾကပ္အသစ္ကို ဧၿပီလ မိတ္ဆက္မည္
Apple, Gadgets, NEWS
40 shares24 views

ႀကိဳးလုံးဝ မပါေတာ့မယ့္ true wireless Beats နားၾကပ္အသစ္ကို ဧၿပီလ မိတ္ဆက္မည္

Nigma - Mar 25, 2019

Apple ပိုင္တဲ့ Beats က ႀကိဳးလုံးဝမပါေတာ့မယ့္ Powerbeats earbuds နားၾကပ္အသစ္ကို ဧၿပီလအတြင္း မိတ္ဆက္သြားေတာ့မွာ ျဖစ္ပါတယ္။ အရင္ Powerbeats Wireless ေတြတုန္းကလည္း ႀကိဳးမဲ့နားၾကပ္ဆိုေပမယ့္ နားၾကပ္ႏွစ္ဖက္ကို ခ်ိတ္ဆက္ထားေတာ့ ႀကိဳးေတာ့ ပါရွိပါေသးတယ္။ အသစ္ထြက္မယ့္ Powerbeats က…

Leave a Comment

Most from this category