1972 Shares 943 Views

ဒီတစ္ပတ္ ဘတ္ဂ်တ္သမား က႑မွာ ေရြးေပးခ်င္တဲ့ Sony Xperia XA

Mar 15, 2018
1972 943

Sony Xperia XA ဟာ ျမန္မာေငြ ၂၀၀ ၀၀၀ ၀န္းက်င္သာ ရွိတဲ့ တန္ဖိုးနည္း စမတ္ဖုန္း ျဖစ္ပါတယ္။ သူဟာ Sony Xperia X Series မ်ားထဲမွာ တန္ဖိုး အနည္းဆံုးပါ။ ဆိုနီကို ႏွစ္သက္သူမ်ားအတြက္ သူ႔ရဲ႕အေၾကာင္းကို ဆက္လက္ေလ့လာၾကည့္ရေအာင္။

ဒီဇိုင္း

Sony Xperia XA ဟာ ယခင္မ်ိဳးဆက္ Xperai Series မ်ားနဲ႔ အလြန္ တူညီပါတယ္။ ဖုန္းရဲ႕ ေဘးပတ္လည္ကို အလူမီနီယမ္ေဘာင္ျဖင့္ ကြပ္ထားပါတယ္။ အေရွ႕ဘက္ကို ဖန္ျဖင့္ ဖံုးအုပ္ထားတာက ပရီမီယမ္ ဒီဇိုင္း ျဖစ္ပါတယ္။ သတၱဳနဲ႔ ဖန္ေပါင္းစပ္ထားမႈက တန္ဖိုးႀကီး စမတ္ဖုန္းပံုေပါက္ေစပါတယ္။ လက္ထဲမွာ ကိုင္တြယ္ရတာ သက္ေတာင့္သက္သာရွိပါတယ္။ အေနာက္ဘက္ကိုေတာ့ ပလတ္စတစ္ျဖင့္ ဖံုးအုပ္ထားပါတယ္။

သူ႔မွာ Xperia Z Devices မ်ားမွာလို ခလုတ္အတြဲအစပ္မ်ားကို တပ္ဆင္ထားပါတယ္။ ပါ၀ါခလုတ္ဟာ စက္၀ိုင္းပံုသ႑ာန္ ျဖစ္ပါတယ္။ ကင္မရာခလုတ္နဲ႔ အသံခလုတ္မ်ားကိုလည္း ညာဘက္မွာ တပ္ဆင္ထားပါတယ္။ ဘယ္ဘက္မွာ SIM Tray ပါပါတယ္။ လက္ေဗြရာ အာရံုခံ ကိရိယာေတာ့ သူ႔မွာ မပါပါဘူး။

စပီကာနဲ႔ မိုက္ကရိုဖုန္းမ်ားကို အထက္နဲ႔ ေအာက္ရဲ႕ ေထာင့္စြန္းမ်ားမွာ ထားရွိထားပါတယ္။ မ်က္ႏွာျပင္ရဲ႕ ဘယ္နဲ႔ ညာဘက္မွ ေဘာင္မ်ားဟာ Bezel-less Design ျဖစ္ပါတယ္။

မ်က္နွာျပင္

သူ႔မွာ ၅ လက္မ Edge-to-Edge Display တပ္ဆင္ထားပါတယ္။ ဆိုနီရဲ႕ ယခင္ဖုန္းမ်ားမွာ မ်က္နွာျပင္ရဲ႕ ေဘးေဘာင္မ်ားဟာ အလြန္ထူထဲခဲ့ေပမယ့္ သူ႔မွာေတာ့ ေဘာင္ေပ်ာက္ ဒီဇိုင္းကို အသံုးျပဳထားတာက ႏွစ္သက္စရာပါ။ သူ႔မွာ HD Display သာ ပါတာက အားနည္းခ်က္ျဖစ္ပါတယ္။ အခုေခတ္ တန္ဖိုးနည္း ဖုန္းမ်ားမွာ Full HD Display ကို သံုးေနၾကပါၿပီ။ တစ္လက္မလွ်င္ Pixel သိပ္သည္းဆမွာ ၂၉၄ သာ ရွိပါတယ္။ မ်က္ႏွာျပင္အတြက္ Super Vivid Mode ထည့္ေပးထားပါတယ္။ Resolution ဟာ နည္းပါးေပမယ့္ မ်က္နွာျပင္ရဲ႕ စြမ္းေဆာင္ရည္က ေကာင္းမြန္ပါတယ္။ ေနအိမ္ျပင္ပမွာ စကရင္ရဲ႕ စြမ္းေဆာင္ရည္ဟာ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ကို ေကာင္းပါတယ္။

ကင္မရာ

သူ႔မွာ 13MP Rear Camera နဲ႔ 8MP Front Camera မ်ား ထည့္ေပးထားပါတယ္။ Object Tracking ပါတဲ့ Hybrid Autofocus နည္းပညာပါတဲ့အတြက္ သီအိုရီအရ လွ်ပ္တစ္ျပက္ ရိုက္ခ်က္မ်ားအတြက္ ေကာင္းမြန္ပါတယ္။ အေနာက္ကင္မရာမွာ HDR နဲ႔ 5x Clear Image Zoom ပါၿပီး အေရွ႕ ကင္မရာမွာ Xperia X လို ျမင္ကြင္းက်ယ္ Lens နဲ႔ Autofocus ပါပါတယ္။

ဆိုနီဟာ ကင္မရာေကာင္းမ်ားကို ထုတ္လုပ္တဲ့ ကုမၸဏီ ျဖစ္ေပမယ့္ Xperia XA ရဲ႕ အေနာက္ကင္မရာဟာ သင့္ရံုေလာက္သာ ရွိပါတယ္။ အလင္းေရာင္ နည္းပါးတဲ့ အခ်ိန္မ်ားမွာ ဓါတ္ပံုရဲ႕ အရည္အေသြးဟာ ည့့ံဖ်င္းပါတယ္။ အေရာင္မ်ားဟာ ေဖ်ာ့ေတာ့ပါတယ္။ အေရွ႕ ကင္မရာကေတာ့ စြမ္းရည္ေကာင္းမြန္တာကို ေတြ႕ရပါတယ္။

စြမ္းေဆာင္ရည္

သူ ႔မွာ Octa-core MediaTek MT6755 Processor , 2GB RAM, 16GB Storage , microSD Card Slot မ်ား ထည့္ေပးထားပါတယ္။ User Interface ကို အသံုးျပဳၾကည့္တဲ့အခါမွာ တုန္႔ဆိုင္းမႈမ်ားကို ေတြ႕ရပါတယ္။ Notification Bar ကို ဆြဲခ်တဲ့ အခါမွာလည္း တစ္ခါတစ္ေလမွာ အဆင္မေျပပါဘူး။ ဂရပ္ဖစ္ျမင့္မားတဲ့ ဂိမ္းမ်ားကို မကိုင္တြယ္ႏုိင္ပါဘူး။ သာမာန္ဂိမ္းမ်ားကိုေတာ့ ေကာင္းစြာ ကစားႏုိင္ပါတယ္။ ေပးရတဲ့ ေစ်းနဲ႔ တန္တဲ့ စြမ္းေဆာင္ရည္သာ ေပးႏုိင္မယ့္ ဖုန္း ျဖစ္ပါတယ္။

ဘက္ထရီ သက္တမ္း

သူ႔မွာ 2300mAh Battery ထည့္သြင္းထားပါတယ္။ ဖုန္းကို သာမာန္သာ အသံုးျပဳရင္ ညေနေလာက္ဆိုရင္ အားသြင္းရတတ္ပါတယ္။ တစ္ခါတစ္ေလမွာ တစ္ေန႔ထဲမွာ အားႏွစ္ႀကိမ္ သြင္းရပါတယ္။ ဘက္ထရီ သက္တမ္း မေကာင္းပါဘူး။

အႏွစ္ခ်ဳပ္

ေစ်းႏႈန္း သက္သာၿပီး ဒီဇိုင္းလွပတဲ့ ဖုန္းကို ႏွစ္သက္သူမ်ား၊ ဂိမ္းမကစားတဲ့ သူမ်ား၊ အရြယ္အစားႀကီးမားတဲ့ ဖုိင္မ်ားကို ဖုန္းမွာ မသိမ္းခ်င္သူမ်ားအတြက္ သူက သင့္ေတာ္ပါတယ္။

Ref : pocket-lint , techradar

unicode

ဒီတစ်ပတ် ဘတ်ဂျတ်သမား ကဏ္ဍမှာ ရွေးပေးချင်တဲ့ Sony Xperia XA

Sony Xperia XA ဟာ မြန်မာငွေ ၂၀၀ ၀၀၀ ဝန်းကျင်သာ ရှိတဲ့ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပါတယ်။ သူဟာ Sony Xperia X Series များထဲမှာ တန်ဖိုး အနည်းဆုံးပါ။ ဆိုနီကို နှစ်သက်သူများအတွက် သူ့ရဲ့အကြောင်းကို ဆက်လက်လေ့လာကြည့်ရအောင်။

ဒီဇိုင်း

Sony Xperia XA ဟာ ယခင်မျိုးဆက် Xperai Series များနဲ့ အလွန် တူညီပါတယ်။ ဖုန်းရဲ့ ဘေးပတ်လည်ကို အလူမီနီယမ်ဘောင်ဖြင့် ကွပ်ထားပါတယ်။ အရှေ့ဘက်ကို ဖန်ဖြင့် ဖုံးအုပ်ထားတာက ပရီမီယမ် ဒီဇိုင်း ဖြစ်ပါတယ်။ သတ္တုနဲ့ ဖန်ပေါင်းစပ်ထားမှုက တန်ဖိုးကြီး စမတ်ဖုန်းပုံပေါက်စေပါတယ်။ လက်ထဲမှာ ကိုင်တွယ်ရတာ သက်တောင့်သက်သာရှိပါတယ်။ အနောက်ဘက်ကိုတော့ ပလတ်စတစ်ဖြင့် ဖုံးအုပ်ထားပါတယ်။

သူ့မှာ Xperia Z Devices များမှာလို ခလုတ်အတွဲအစပ်များကို တပ်ဆင်ထားပါတယ်။ ပါဝါခလုတ်ဟာ စက်ဝိုင်းပုံသဏ္ဍာန် ဖြစ်ပါတယ်။ ကင်မရာခလုတ်နဲ့ အသံခလုတ်များကိုလည်း ညာဘက်မှာ တပ်ဆင်ထားပါတယ်။ ဘယ်ဘက်မှာ SIM Tray ပါပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာတော့ သူ့မှာ မပါပါဘူး။

စပီကာနဲ့ မိုက်ကရိုဖုန်းများကို အထက်နဲ့ အောက်ရဲ့ ထောင့်စွန်းများမှာ ထားရှိထားပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်နဲ့ ညာဘက်မှ ဘောင်များဟာ Bezel-less Design ဖြစ်ပါတယ်။

မျက်နှာပြင်

သူ့မှာ ၅ လက်မ Edge-to-Edge Display တပ်ဆင်ထားပါတယ်။ ဆိုနီရဲ့ ယခင်ဖုန်းများမှာ မျက်နှာပြင်ရဲ့ ဘေးဘောင်များဟာ အလွန်ထူထဲခဲ့ပေမယ့် သူ့မှာတော့ ဘောင်ပျောက် ဒီဇိုင်းကို အသုံးပြုထားတာက နှစ်သက်စရာပါ။ သူ့မှာ HD Display သာ ပါတာက အားနည်းချက်ဖြစ်ပါတယ်။ အခုခေတ် တန်ဖိုးနည်း ဖုန်းများမှာ Full HD Display ကို သုံးနေကြပါပြီ။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၂၉၄ သာ ရှိပါတယ်။ မျက်နှာပြင်အတွက် Super Vivid Mode ထည့်ပေးထားပါတယ်။ Resolution ဟာ နည်းပါးပေမယ့် မျက်နှာပြင်ရဲ့ စွမ်းဆောင်ရည်က ကောင်းမွန်ပါတယ်။ နေအိမ်ပြင်ပမှာ စကရင်ရဲ့ စွမ်းဆောင်ရည်ဟာ အံ့အားသင့်စရာကောင်းလောက်အောင်ကို ကောင်းပါတယ်။

ကင်မရာ

သူ့မှာ 13MP Rear Camera နဲ့ 8MP Front Camera များ ထည့်ပေးထားပါတယ်။ Object Tracking ပါတဲ့ Hybrid Autofocus နည်းပညာပါတဲ့အတွက် သီအိုရီအရ လျှပ်တစ်ပြက် ရိုက်ချက်များအတွက် ကောင်းမွန်ပါတယ်။ အနောက်ကင်မရာမှာ HDR နဲ့ 5x Clear Image Zoom ပါပြီး အရှေ့ ကင်မရာမှာ Xperia X လို မြင်ကွင်းကျယ် Lens နဲ့ Autofocus ပါပါတယ်။

ဆိုနီဟာ ကင်မရာကောင်းများကို ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ပေမယ့် Xperia XA ရဲ့ အနောက်ကင်မရာဟာ သင့်ရုံလောက်သာ ရှိပါတယ်။ အလင်းရောင် နည်းပါးတဲ့ အချိန်များမှာ ဓါတ်ပုံရဲ့ အရည်အသွေးဟာ ည့ံ့ဖျင်းပါတယ်။ အရောင်များဟာ ဖျော့တော့ပါတယ်။ အရှေ့ ကင်မရာကတော့ စွမ်းရည်ကောင်းမွန်တာကို တွေ့ရပါတယ်။

စွမ်းဆောင်ရည်

သူ့မှာ Octa-core MediaTek MT6755 Processor , 2GB RAM, 16GB Storage , microSD Card Slot များ ထည့်ပေးထားပါတယ်။ User Interface ကို အသုံးပြုကြည့်တဲ့အခါမှာ တုန့်ဆိုင်းမှုများကို တွေ့ရပါတယ်။ Notification Bar ကို ဆွဲချတဲ့ အခါမှာလည်း တစ်ခါတစ်လေမှာ အဆင်မပြေပါဘူး။ ဂရပ်ဖစ်မြင့်မားတဲ့ ဂိမ်းများကို မကိုင်တွယ်နိုင်ပါဘူး။ သာမာန်ဂိမ်းများကိုတော့ ကောင်းစွာ ကစားနိုင်ပါတယ်။ ပေးရတဲ့ ဈေးနဲ့ တန်တဲ့ စွမ်းဆောင်ရည်သာ ပေးနိုင်မယ့် ဖုန်း ဖြစ်ပါတယ်။

ဘက်ထရီ သက်တမ်း

သူ့မှာ 2300mAh Battery ထည့်သွင်းထားပါတယ်။ ဖုန်းကို သာမာန်သာ အသုံးပြုရင် ညနေလောက်ဆိုရင် အားသွင်းရတတ်ပါတယ်။ တစ်ခါတစ်လေမှာ တစ်နေ့ထဲမှာ အားနှစ်ကြိမ် သွင်းရပါတယ်။ ဘက်ထရီ သက်တမ်း မကောင်းပါဘူး။

အနှစ်ချုပ်

ဈေးနှုန်း သက်သာပြီး ဒီဇိုင်းလှပတဲ့ ဖုန်းကို နှစ်သက်သူများ၊ ဂိမ်းမကစားတဲ့ သူများ၊ အရွယ်အစားကြီးမားတဲ့ ဖိုင်များကို ဖုန်းမှာ မသိမ်းချင်သူများအတွက် သူက သင့်တော်ပါတယ်။

Ref : pocket-lint , techradar

You may be interested

DisplayMate ရဲ႕ အေကာင္းဆံုး မ်က္ႏွာျပင္ အျဖစ္ သတ္မွတ္ခံလိုက္ရတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

DisplayMate ရဲ႕ အေကာင္းဆံုး မ်က္ႏွာျပင္ အျဖစ္ သတ္မွတ္ခံလိုက္ရတဲ့ iPhone XS Max

Ko Thuya - Sep 26, 2018

Samsung Galaxy Note 9 ထြက္ရွိၿပီး သိပ္မၾကာခင္မွာပဲ DisplayMate က သူ႔ကို စမ္းသပ္ခဲ့ၿပီး ထြက္ရွိၿပီး သမွ် စမတ္ဖုန္းမ်ားထဲမွာ သူဟာ အေကာင္းဆံုး မ်က္ႏွာျပင္ကို ပိုင္ဆိုင္ထားတယ္လို႔ သံုးသပ္ခဲ့ပါတယ္။ အခုေတာ့ Note 9 ရဲ႕ သရဖူကို…

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
139 shares48 views

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ iPhone XS နဲ႔ iPhone XS Max တို႔ကို ေရာင္းခ်ေပးလိုက္ပါတယ္။ Apple အေရး ကြ်မ္းက်င္တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက္…

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ
HUBS, Microsoft
68 shares20 views

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ

Creepy Tyler - Sep 25, 2018

Microsoft ကေတာ့ Surface Hub 2 ကို ျပသခဲ့ၿပီး ၊ ေနာက္ဆံုးထြက္ျဖစ္လာမယ့္ ဒီ device မွာ ပါလာမယ့္  Rotating Display အမည္ရ device ပံုစံအတုိင္း လိုက္ေလ်ာညီေထြ ေျပာင္းလဲျပသေပးမယ့္ နည္းပညာကိုလည္း တစ္ခါတည္း ျပသခဲ့ပါတယ္။…

Leave a Comment

Most from this category