409 Shares 395 Views
Mar 15, 2018
409 395
Ref : digitaltrends
unicode
NASA က ကမ္ဘာကို ဝင်တိုက်မယ့် ဂြိုလ်သိမ် ဂြိုလ်မွှားများကို နယူးကလီးယားဖြင့် ဖျက်ဆီးမည်
အရွယ်ကြီး ဂြိုလ်သိမ် ဂြိုလ်မွှားများဟာ ကမ္ဘာကို ဝင်တိုက်ဖို့ အခွင့်အရေး နည်းပါးပေမယ့် ဖြစ်လာခဲ့ရင် ကာကွယ်ဖို့ နည်းလမ်းများကို အမေရိကန် အာဏာပိုင်များက စဉ်းစားထားပါတယ်။ အစိုးရရဲ့ သိပ္ပံပညာရှင်များက ကမ္ဘာကို ဝင်တိုက်မယ့် ဂြိုလ်သိမ် ဂြိုလ်မွှားများကို ဖျက်ဆီးဖု့ိအတွက် နယူးကလီးယား လက်နက်ကို အသုံးပြုဖို့ စီစဉ်ထားပါတယ်။
နာဆာ၊ အမျိုးသား နယူးကလီးယား လုံခြုံရေး ညွှန်ကြားမှု ဦးစီးဌာနနဲ့ စွမ်းအင်ဌာနရဲ့ လက်နက် သုတေသနဌာနတို့ ပူးပေါင်းပြီး ကမ္ဘာကို ကယ်တင်မယ့် အာကာသယာဉ်တစ်စီးကို ဒီဇိုင်းထုတ်ထားပါတယ်။ သူ့ရဲ့ အမည်မှာ HAMMER (Hypervelocity Asteroid Mitigation Mission for Emergency Response) ဖြစ်ပြီး သူက နယူးကလီးယားလက်နက်ဖြင့် ကမ္ဘာကို ဝင်တိုက်မယ့် ဂြိုလ်သိမ် ဂြိုလ်မွှားများကို ဖျက်ဆီးမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အလေးချိန်ဟာ ၈.၈ တန် ဖြစ်ပါတယ်။
သိပ္ပံပညာရှင်များက Bennu အမည်ရ ဂြိုလ်သိမ် ဂြိုလ်မွှားဖြင့် သုတေသနပြုလုပ်နေကြပါတယ်။ တွက်ချက်မှုများအရ Bennu ဟာ ၂၁၃၅ ခုနှစ်မှာ ကမ္ဘာကို ဝင်တိုက်ဖို့ အခွင့်အရေးဟာ အကြိမ် ၂၇၀၀ လျှင် ၁ ကြိမ် ဖြစ်နိုင်ခြေရှိပါတယ်။ အတိအကျပြောရရင်တော့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ လွှင့်တင်ခဲ့တဲ့ OSIRIS-Rex အာကာသယာဉ်ဟာ အဲဒီ ဂြိုလ်ကို သွားနေပြီ ဖြစ်ပါတယ်။ ယခင်နှစ်နှောင်းပိုင်းမှာ အာကာသယာဉ်က Bennu ရဲ့ မျက်နှာပြင်မှ Sample များကို ယူဆောင်လာပြီး ကမ္ဘာသို့ ပြန်လာမှာ ဖြစ်ပါတယ်။
Bennu ဟာ တစ်မိုင်ရဲ့ သုံးပုံပုံတစ်ပုံ အကျယ် ရှိပြီး ၁၇၄ ဘီလီယမ် ပေါင် အလေးချိန်ရှိပါတယ်။ သူသာ ကမ္ဘာကို ဝင်တိုက်မယ်ဆိုရင် စမ်းသပ်ခဲ့ဖူးသမျှထဲမှာ အကြီးမားဆုံး ဟိုက်ဒရိုဂျင်ဗုံးထက် အဆ ၂၀ ကျော် ပိုမိုများပြားတဲ့ ထိခိုက်ပျက်ဆီးမှုကို ဖြစ်စေမှာ ဖြစ်ပါတယ်။
Ref : digitaltrends
You may be interested
Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen
NEWS, Softwares & Application
12 shares4 views
Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen
Nigma - Dec 16, 2018
(Zawgyi) လက်ကိုင်ဂိမ်းစက်နဲ့ Comics ဖတ်ချင်တဲ့လူတွေအတွက် InkyPen ရဲ့ လစဉ်ကြေးသွင်း Comics ဝန်ဆောင်မှုကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။ Nintendo Switch မှာ စတင် ရရှိမယ့် Subscription ဝန်ဆောင်မှု ဖြစ်ပြီး၊ Indie comics…
ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်
ASUS, Mobiles & Tablets, NEWS
440 shares167 views
ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်
Nigma - Dec 16, 2018
(Zawgyi) ASUS ဟာ မော်ဒယ်သစ် Zenfone Max M2 နဲ့ Zenfone Max Pro M2 စမတ်ဖုန်းတွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Zenfone Max M2 Series နဲ့အတူ နိုင်ငံတကာဈေးကွက်မှာ…
Puzzle Game ကြိုက်သူများအတွက် Faraway 4: Ancient Escape
Android, FEATURES, Games
80 shares36 views
Puzzle Game ကြိုက်သူများအတွက် Faraway 4: Ancient Escape
Ko Thuya - Dec 15, 2018
Faraway 4: Ancient Escape ဟာ အသစ်ထွက်ရှိလာတဲ့ Puzzle/ Escape Game အမျိုးအစား ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ရှေးခေတ်ဟောင်း ကာလကို အခြေပြုထားပါတယ်။ အလုပ်သွား၊ အလုပ်ပြန်ချိန်များနဲ့ အားလပ်ချိန်များမှာ အပြင်းပြေ ကစားဖို့ သင့်တော်ပါတယ်။ သူဟာ Puzzle…
Leave a Comment
Most from this category