78 Shares 50 Views

Android မွာ Recycle Bin ထည့္ေပးမယ့္ Dumpster (Android App)

Mar 14, 2018
78 50

၀င္းဒိုး ပီစီမ်ားမွာ ဖိုင္မ်ားကို မွားဖ်က္မိတဲ့ အခါမွာ Recycle Bin ထဲကေန အလြယ္တကူ ျပန္ရွာႏုိင္ပါတယ္။ Recycle Bin ဟာ သင့္ဖိုင္မ်ားကို Backup လုပ္ေပးထားတဲ့ ေနရာတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ Android Devices မ်ားမွာေတာ့ ဖိုင္မ်ားကို မွားဖ်က္မိရင္ ျပန္ရွာဖို႔ Recycle Bin မပါပါဘူး။ အဲဒီအတြက္ အႏၱရာယ္မ်ားၿပီး Recovery Apps မ်ားနဲ႔ ခက္ခက္ခဲခဲ ျပန္ရွာရပါတယ္။ ေနာက္ၿပီး ျပန္ရွာေတြ႔ဖို႔ ရာႏႈန္းျပည့္ အာမခံခ်က္ မရွိပါဘူး။ Android Device မ်ားမွာ Recycle Bin ကို ထည့္ခ်င္ရင္ Apps မ်ားကို အသံုးျပဳႏုိင္ပါတယ္။ Dumpster က သင့္ဖုန္းအတြက္ Recycle Bin App ျဖစ္ၿပီး မွားဖ်က္မိတဲ့ ဓါတ္ပံု၊ ဗီဒီယို၊ သီခ်င္း၊ စာရြက္စာတမ္း၊ Apps မ်ား ၊ Zip ဖိုင္မ်ား ၊ PDF ဖိုင္မ်ားကို သိမ္းေပးထားႏုိင္ပါတယ္။ အဲဒီအတြက္ သင့္ရဲ႕ အဖိုးတန္ဖိုင္မ်ား ေပ်ာက္ဆံုးမွာကို စိတ္ပူစရာမလိုေတာ့ပါဘူး။ Recycle Bin ထဲမွ ဖိုင္မ်ားကို Dropbox, Google Drive , OneDrive တုိ႔လို Cloud Service မ်ားမွာ သိမ္းေပးထားႏုိ္င္ပါတယ္။

App ကို ပထမဆံုး အႀကိ္မ္ဖြင့္ရင္ သူ႔ရဲ႕ စြမ္းရည္မ်ားကို ျပသေပးမွာျဖစ္ပါတယ္။ ေလ့လာဖို႔အတြက္ Show me how ကို ႏွိ္ပ္ပါ။ ေနာက္အဆင့္မ်ားမွာ ညာဘက္ေအာက္ေထာင့္မွ မွ်ားကို ႏွိပ္ၿပီး ၾကည့္ပါ။

ေနာက္ဆံုး စကရင္မွာ အမွန္ျခစ္ ခလုတ္ကို ႏွိပ္ပါ။

ၿပီးရင္ေတာ့ App ရဲ႕ Home Screen ကို ေရာက္ရွိမွာ ျဖစ္ပါတယ္။ အဲဒီမွာ မွားဖ်က္မိတဲ့ ဖိုင္မ်ားကို ျပသေပးထားမွာျဖစ္ပါတယ္။ ဘာမွမဖ်က္ရေသးတဲ့အတြက္ Home Screen မွာ ဖိုင္မ်ားကို ေတြ႔ရမွာ မဟုတ္ပါဘူး။

စမ္းသပ္ဖို႔အတြက္ ဖိုင္မ်ားကို ဖ်က္ၾကည့္ပါမယ္။ Gallery ထဲသြားၿပီး ဓါတ္ပံုမ်ားကို ဖ်က္ၾကည့္ပါ။ ၿပီးရင္ Dumpster App ကိုဖြင့္ၾကည့္ရင္ Home Screen မွာ ဖ်က္ထားတဲ့ ဓါတ္ပံုမ်ားကို ေတြ႔ရမွာ ျဖစ္ပါတယ္။ အေရအတြက္ကိုလည္း ျပသထားပါတယ္။

ဓါတ္ပံုမ်ားကို Restore လုပ္ဖို႔ တစ္ခ်က္ႏွိ္ပ္ပါ။ ပံုတစ္ခုခ်င္းစီမွ အမွန္ျခစ္ ခလုတ္ကို ႏွိပ္ပါ။ ေအာက္ေျခမွ Restore All ကို ႏွိပ္ရင္ မူလ ေနရာမွာ ဓါတ္ပံုမ်ားကို ျပန္ထားေပးမွာ ျဖစ္ပါတယ္။

ဓါတ္ပံုမ်ားသာမက ဗီဒီယိုမ်ား၊ သီခ်င္းမ်ား၊ စာရြက္စာတမ္းမ်ား၊ Apps မ်ား၊ ဖိုဒါမ်ားနဲ႔ အျခားဖိုင္မ်ားကို မွားဖ်က္မိရင္လည္း Home Screen မွာ ေတြ႔ႏုိင္ပါတယ္။ ထိပ္မွ ေအာက္စုိက္ေနတဲ့ မွ်ားကို ႏွိပ္ရင္ ဓါတ္ပံု၊ ဗီဒီယို စသျဖင့္ က႑အလိုက္ ဖိုင္မ်ားကို ရွာေဖြဖို႔ ေရြးခ်ယ္ႏိုင္ပါတယ္။

Recycle Bin ထဲကေန ဖိိုင္မ်ားကို အၿပီးတိုင္ ဖ်က္ဖို႔အတြက္ ဖိုင္မ်ားကို တစ္ခ်က္ဖိထားပါ။ အေပၚထိပ္မွ အမိႈက္ပံုးခလုတ္ကို ႏွိပ္ၿပီး Delete ကို ႏွိပ္ပါ။

ညာဘက္အေပၚေထာင့္စြန္းမွ ခလုတ္ကို ႏွိပ္ရင္ ဖိုင္မ်ားကို Sort လုပ္တဲ့ စနစ္ကို ေရြးခ်ယ္ႏုိ္င္ပါတယ္။ ေန႔ရက္ ၊ ဖိုင္အရြယ္အစား၊ အမ်ိဳးအစား၊ အကၡရာစဥ္အလိုက္ ဖိုင္မ်ားကို ျပသေပးဖို႔ ေရြးခ်ယ္ႏုိ္င္ပါတယ္။

Dumpster ကို အခမဲ့ အသံုးျပဳႏုိင္ပါတယ္။ အခေပး ဗားရွင္းကို ၀ယ္ယူအသံုးျပဳရင္ေတာ့ Cloud မွာ ဖိုင္မ်ား သိမ္းႏိုင္တဲ့ စြမ္းေဆာင္ခ်က္ကိုပါ အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။ ဖုိင္အရြယ္အစားမွာ 7MB ရွိပါတယ္။

Download
Ref : androidcentral

unicode

Android မှာ Recycle Bin ထည့်ပေးမယ့် Dumpster (Android App)
ဝင်းဒိုး ပီစီများမှာ ဖိုင်များကို မှားဖျက်မိတဲ့ အခါမှာ Recycle Bin ထဲကနေ အလွယ်တကူ ပြန်ရှာနိုင်ပါတယ်။ Recycle Bin ဟာ သင့်ဖိုင်များကို Backup လုပ်ပေးထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Android Devices များမှာတော့ ဖိုင်များကို မှားဖျက်မိရင် ပြန်ရှာဖို့ Recycle Bin မပါပါဘူး။ အဲဒီအတွက် အန္တရာယ်များပြီး Recovery Apps များနဲ့ ခက်ခက်ခဲခဲ ပြန်ရှာရပါတယ်။ နောက်ပြီး ပြန်ရှာတွေ့ဖို့ ရာနှုန်းပြည့် အာမခံချက် မရှိပါဘူး။ Android Device များမှာ Recycle Bin ကို ထည့်ချင်ရင် Apps များကို အသုံးပြုနိုင်ပါတယ်။ Dumpster က သင့်ဖုန်းအတွက် Recycle Bin App ဖြစ်ပြီး မှားဖျက်မိတဲ့ ဓါတ်ပုံ၊ ဗီဒီယို၊ သီချင်း၊ စာရွက်စာတမ်း၊ Apps များ ၊ Zip ဖိုင်များ ၊ PDF ဖိုင်များကို သိမ်းပေးထားနိုင်ပါတယ်။ အဲဒီအတွက် သင့်ရဲ့ အဖိုးတန်ဖိုင်များ ပျောက်ဆုံးမှာကို စိတ်ပူစရာမလိုတော့ပါဘူး။ Recycle Bin ထဲမှ ဖိုင်များကို Dropbox, Google Drive , OneDrive တို့လို Cloud Service များမှာ သိမ်းပေးထားနိုင်ပါတယ်။

App ကို ပထမဆုံး အကြိမ်ဖွင့်ရင် သူ့ရဲ့ စွမ်းရည်များကို ပြသပေးမှာဖြစ်ပါတယ်။ လေ့လာဖို့အတွက် Show me how ကို နှိပ်ပါ။ နောက်အဆင့်များမှာ ညာဘက်အောက်ထောင့်မှ မျှားကို နှိပ်ပြီး ကြည့်ပါ။

နောက်ဆုံး စကရင်မှာ အမှန်ခြစ် ခလုတ်ကို နှိပ်ပါ။

ပြီးရင်တော့ App ရဲ့ Home Screen ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ အဲဒီမှာ မှားဖျက်မိတဲ့ ဖိုင်များကို ပြသပေးထားမှာဖြစ်ပါတယ်။ ဘာမှမဖျက်ရသေးတဲ့အတွက် Home Screen မှာ ဖိုင်များကို တွေ့ရမှာ မဟုတ်ပါဘူး။

စမ်းသပ်ဖို့အတွက် ဖိုင်များကို ဖျက်ကြည့်ပါမယ်။ Gallery ထဲသွားပြီး ဓါတ်ပုံများကို ဖျက်ကြည့်ပါ။ ပြီးရင် Dumpster App ကိုဖွင့်ကြည့်ရင် Home Screen မှာ ဖျက်ထားတဲ့ ဓါတ်ပုံများကို တွေ့ရမှာ ဖြစ်ပါတယ်။ အရေအတွက်ကိုလည်း ပြသထားပါတယ်။

ဓါတ်ပုံများကို Restore လုပ်ဖို့ တစ်ချက်နှိပ်ပါ။ ပုံတစ်ခုချင်းစီမှ အမှန်ခြစ် ခလုတ်ကို နှိပ်ပါ။ အောက်ခြေမှ Restore All ကို နှိပ်ရင် မူလ နေရာမှာ ဓါတ်ပုံများကို ပြန်ထားပေးမှာ ဖြစ်ပါတယ်။

ဓါတ်ပုံများသာမက ဗီဒီယိုများ၊ သီချင်းများ၊ စာရွက်စာတမ်းများ၊ Apps များ၊ ဖိုဒါများနဲ့ အခြားဖိုင်များကို မှားဖျက်မိရင်လည်း Home Screen မှာ တွေ့နိုင်ပါတယ်။ ထိပ်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ရင် ဓါတ်ပုံ၊ ဗီဒီယို စသဖြင့် ကဏ္ဍအလိုက် ဖိုင်များကို ရှာဖွေဖို့ ရွေးချယ်နိုင်ပါတယ်။
Recycle Bin ထဲကနေ ဖိုင်များကို အပြီးတိုင် ဖျက်ဖို့အတွက် ဖိုင်များကို တစ်ချက်ဖိထားပါ။ အပေါ်ထိပ်မှ အမှိုက်ပုံးခလုတ်ကို နှိပ်ပြီး Delete ကို နှိပ်ပါ။

ညာဘက်အပေါ်ထောင့်စွန်းမှ ခလုတ်ကို နှိပ်ရင် ဖိုင်များကို Sort လုပ်တဲ့ စနစ်ကို ရွေးချယ်နိုင်ပါတယ်။ နေ့ရက် ၊ ဖိုင်အရွယ်အစား၊ အမျိုးအစား၊ အက္ခရာစဉ်အလိုက် ဖိုင်များကို ပြသပေးဖို့ ရွေးချယ်နိုင်ပါတယ်။

Dumpster ကို အခမဲ့ အသုံးပြုနိုင်ပါတယ်။ အခပေး ဗားရှင်းကို ဝယ်ယူအသုံးပြုရင်တော့ Cloud မှာ ဖိုင်များ သိမ်းနိုင်တဲ့ စွမ်းဆောင်ချက်ကိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖိုင်အရွယ်အစားမှာ 7MB ရှိပါတယ်။

Download

Ref : androidcentral

You may be interested

Xiaomi Redmi Note 5 Pro မွာ 60fps ျဖင့္ Full HD Video မ်ားကို ရိုက္ကူးႏုိင္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Redmi Note 5 Pro မွာ 60fps ျဖင့္ Full HD Video မ်ားကို ရိုက္ကူးႏုိင္လာ

Ko Thuya - Jun 25, 2018

တစ္စကၠန္႔လွ်င္ ၆၀ ဖရိမ္ႏႈန္းျဖင့္ Full HD Video မ်ားကို ရိုက္ကူးႏိုင္တဲ့ စြမ္းရည္ဟာ Xiaomi Redmi Note 5 Pro ရဲ႕ Chinese MIUI 10 Beta မွာ ပါလာပါတယ္။ ဒီသတင္းကို XDA…

IGTV ဆုိတဲ့ App အသစ္ကိုဖန္တီးလုိက္တဲ့ Instagram
NEWS
96 shares32 views

IGTV ဆုိတဲ့ App အသစ္ကိုဖန္တီးလုိက္တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည္ေထာင္တဲ့အခ်ိန္ကေန ဒီေန႔ထိဆိုရင္ Instagram ကိုအသံုးျပဳသူေပါင္း ၁ဘီလီယံရိွသြားျပီျဖစ္ျပီး ဒီေၾကညာခ်က္နဲ႔အတူ စိတ္ဝင္စားစရာ App တစ္ခုပါ ထြက္ရိွလာခဲ့ပါျပီ။ သူကေတာ့ Instragram မွာ ေဒါင္လုိက္ ဗီဒီယိုအရွည္ေတြကို ၾကည့္လို႔ရႏုိင္မယ့္ IGTV ဆုိတဲ့ App အသစ္ေလးျဖစ္ျပီး ဗီဒီယိုဖန္တီးသူေတြအတြက္…

ဖုန္းကေန ကားစက္ႏိႈးျခင္း၊ ကားတံခါးကို Unlock လုပ္ျခင္းမ်ား ျပဳလုပ္နိုင္ေတာ့မည္
Automobiles, Mobiles & Tablets, NEWS
123 shares32 views

ဖုန္းကေန ကားစက္ႏိႈးျခင္း၊ ကားတံခါးကို Unlock လုပ္ျခင္းမ်ား ျပဳလုပ္နိုင္ေတာ့မည္

Ko Thuya - Jun 24, 2018

စမတ္ဖုန္းမ်ားဟာ လူေတြနဲ႔ အနီးဆံုးရွိတဲ့ ကိရိယာမ်ား ျဖစ္လာသလို သူ႔မွာ စြမ္းရည္မ်ား ပိုမိုမ်ားျပားေအာင္လည္း ထည့္သြင္းေပးေနၾကပါတယ္။ အခုလည္း စမတ္ဖုန္းကေန ကားစက္ႏိႈးျခင္း၊ ကားတံခါမ်ား ဖြင့္ျခင္းမ်ားကို ျပဳလုပ္ႏုိင္မယ့္ စံႏႈန္းတစ္ခုကို သတ္မွတ္လိုက္ပါတယ္။ Car Connectivity Consortium (CCC) က Digital…

Leave a Comment

Most from this category