1017 Shares 113 Views
AI စွမ်းရည်နဲ့မြှင့်တင်ထားတဲ့ Vivo ရဲ့ Super HDR feature ကိုမိတ်ဆက်
Mar 14, 2018
1017 113
[Zawgyi]
#Vivo
[Unicode]
Vivo ကတော့ သူ့ရဲ့လာမယ့် Vivo ဖုန်းတွေအတွက် AI စွမ်းရည်နဲ့မြှင့်တင်ထားတဲ့ “Super-HDR” feature အသစ်ကိုမိတ်ဆက်လိုက်ပါပြီ။ ရည်ရွယ်ချက်ကတော့ HDR စွမ်းဆောင်ရည်တွေကို မြှင့်ချင်ရုံတင်မကဘဲ တစ်ချိန်တည်းမှာပဲ AI ကိုသုံးပြီး ပိုပြီးသဘာဝဆန်တဲ့ပုံတွေဖန်တီးနိုင်ဖို့ပါ။
Vivo ရဲ့ Super HDR feature ကတော့ ပုံ ၁၂ပုံကိုရိုက်ကူး အားလုံးကိုပေါင်းစပ်ပြီး တစ်ပုံတည်းအဖြစ်ဖန်တီးပေးတာဖြစ်ပါတယ်။ ရိုက်ယူလိုက်တဲ့ပုံအရေအတွက်များလေလေ ကင်မရာက image processing ကောင်းကောင်းလုပ်နိုင်လေပါပဲ။ ရိုက်လိုက်တဲ့ဓာတ်ပုံတွေရဲ့ မတူညီတဲ့အပိုင်းတွေကိုခွဲခြားသိနိုင်ဖို့အတွက် “scene detection” ကိုသုံးလိုက်ပြီး ဘယ်အပိုင်းမှာတော့ ဘယ်လိုအရောင်များလိုက်မယ် နည်းလိုက်မယ်ဆိုတာ ဆုံးဖြတ်ပြီး ညှိပေးသွားမှာပါ။ လူလား အရာဝတၳုတွေလား ပါသမျှတစ်ခုချင်းစီကို ကောင်းကောင်းခွဲခြားနိုင်ပြီးတော့ အရောင်အနည်းအများ အလင်းအမှောင်ကို မှန်မှန်ကန်ကန်ထည့်ပေးနိုင်ပါတယ်။
Super HDR ရဲ့အားသာချက်ကတော့ ပုံတွေကို အရောင်အလင်းအမှောင်ကောင်းကောင်းချိန်ညှိပေးနိုင်တဲ့အတွက် သာမန် HDR ပုံတွေလို အရောင်တွေအလင်းတွေအရမ်းများပြီး သဘာဝမဆန်တဲ့ effect များမှန်းသိသာစေတဲ့ပုံမျိုး ထွက်လာမှာမဟုတ်ပါဘူး။
အပေါ်မှာတော့ Super HDR feature နဲ့ရိုက်ထားတဲ့ပုံတစ်ချို့ကိုပြထားပါတယ်။ အဓိကအနေနဲ့ပြောရမယ်ဆိုရင်တော့ AI ကိုသုံးပြီး scene detection လုပ်နိုင်တာဖြစ်ပြီး သဘာဝဆန်တဲ့ပုံတွေအတွက်ဦးစားပေးဖန်တီးထားတယ်လို့ ထင်ပါတယ်။
#Vivo
You may be interested
Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ
Android, HUBS, Mobiles & Tablets
0 shares0 views
Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ
Ko Thuya - Jun 25, 2018
တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် Full HD Video များကို ရိုက်ကူးနိုင်တဲ့ စွမ်းရည်ဟာ Xiaomi Redmi Note 5 Pro ရဲ့ Chinese MIUI 10 Beta မှာ ပါလာပါတယ်။ ဒီသတင်းကို XDA…
IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
96 shares32 views
IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
Nwe Oo - Jun 24, 2018
[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…
ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
123 shares32 views
ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Ko Thuya - Jun 24, 2018
စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…
Leave a Comment
Most from this category