2407 Shares 686 Views

iOS 12 ကို ဇြန္လမွာ မိတ္ဆက္မယ့္ Apple

Mar 14, 2018
2407 686

Apple က ယခင္ႏွစ္မွာ က်င္းပျပဳလုပ္ခဲ့တဲ့ Worldwide Developers Conference မွာ iOS 11 , macOS High Sierra , watchOS 4, ARKit မ်ားကို မိတ္ဆက္ခဲ့ပါတယ္။ ဟာ့ဒ္၀ဲမ်ား အေနျဖင့္ HomePod ၊ ၁၀.၅ လက္မ iPad Pro နဲ႔ iMac Pro အသစ္မ်ားကို ျပသခဲ့ပါတယ္။

ဒီႏွစ္မွာလည္း ဇြန္လ ၄ ရက္ေန႔ကေန ၈ ရက္ေန႔အတြင္းမွာ WWDC ကို က်င္းပမွာ ျဖစ္ၿပီး iOS 12 နဲ႔ macOS အသစ္မ်ားကို မိတ္ဆက္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ တန္ဖိုးနည္း iPads နဲ႔ MacBooks မ်ားကိုလည္း ျမင္ေတြ႕ရမယ္လို႔ သတင္းထြက္ေနပါတယ္။ Apple ဟာ iOS 12 မွာ Features အသစ္မ်ားထက္ စြမ္းေဆာင္ရည္နဲ႔ တည္ၿငိမ္မႈကို အဓိက အာရံုစိုက္ထားမယ္လို႔ သိရပါတယ္။

Apple က iPhones, iPads နဲ႔ Macs မ်ားအားလံုးမွာ အသံုးျပဳႏုိင္မယ့္ Universal Apps မ်ားကိုလည္း မိတ္ဆက္မယ္လို႔ သတင္းထြက္ေနပါတယ္။ Bloomberg က Apple ဟာ Face ID Camera ပါလာမယ့္ iPad မွာ Animoji ကိုလည္း အသံုးျပဳႏိုင္ေအာင္ ဖန္တီးေပးထားမယ္လို႔ ေရးသားထားပါတယ္။

ယခုႏွစ္ WWDC ပြဲကို San Jose မွာ က်င္းပမွာ ျဖစ္ၿပီး ပြဲလက္မွတ္မ်ားကို မတ္လ ၂၂ ရက္ေန႔ကစ၍ Developers မ်ားဟာ WWDC ၀က္ဆိုက္ကေန ေတာင္းခံႏုိင္ပါတယ္။ လက္မွတ္မ်ားကို မဲႏိႈက္၍ ေရြးခ်ယ္ေပးမွာ ျဖစ္ပါတယ္။

Ref : theverge

unicode

iOS 12 ကို ဇွန်လမှာ မိတ်ဆက်မယ့် Apple

Apple က ယခင်နှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Worldwide Developers Conference မှာ iOS 11 , macOS High Sierra , watchOS 4, ARKit များကို မိတ်ဆက်ခဲ့ပါတယ်။ ဟာ့ဒ်ဝဲများ အနေဖြင့် HomePod ၊ ၁၀.၅ လက်မ iPad Pro နဲ့ iMac Pro အသစ်များကို ပြသခဲ့ပါတယ်။

ဒီနှစ်မှာလည်း ဇွန်လ ၄ ရက်နေ့ကနေ ၈ ရက်နေ့အတွင်းမှာ WWDC ကို ကျင်းပမှာ ဖြစ်ပြီး iOS 12 နဲ့ macOS အသစ်များကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တန်ဖိုးနည်း iPads နဲ့ MacBooks များကိုလည်း မြင်တွေ့ရမယ်လို့ သတင်းထွက်နေပါတယ်။ Apple ဟာ iOS 12 မှာ Features အသစ်များထက် စွမ်းဆောင်ရည်နဲ့ တည်ငြိမ်မှုကို အဓိက အာရုံစိုက်ထားမယ်လို့ သိရပါတယ်။

Apple က iPhones, iPads နဲ့ Macs များအားလုံးမှာ အသုံးပြုနိုင်မယ့် Universal Apps များကိုလည်း မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။ Bloomberg က Apple ဟာ Face ID Camera ပါလာမယ့် iPad မှာ Animoji ကိုလည်း အသုံးပြုနိုင်အောင် ဖန်တီးပေးထားမယ်လို့ ရေးသားထားပါတယ်။

ယခုနှစ် WWDC ပွဲကို San Jose မှာ ကျင်းပမှာ ဖြစ်ပြီး ပွဲလက်မှတ်များကို မတ်လ ၂၂ ရက်နေ့ကစ၍ Developers များဟာ WWDC ဝက်ဆိုက်ကနေ တောင်းခံနိုင်ပါတယ်။ လက်မှတ်များကို မဲနှိုက်၍ ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။

Ref : theverge

You may be interested

Xiaomi Black Shark 2 ကို ေၾကညာမယ့္ ရက္ကို သိရၿပီ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Black Shark 2 ကို ေၾကညာမယ့္ ရက္ကို သိရၿပီ

Ko Thuya - Oct 16, 2018

Xiaomi Black Shark 2 ရဲ႕ Teaser တစ္ခု ထြက္ေပၚလာပါတယ္။ ပိုစတာမွာ ေအာက္တိုဘာလ ၂၃ ရက္လုိ႔ ေရးသားထားတဲ့ အတြက္ ဒီဖုန္းကို အဲေန႔မွာ ေၾကညာႏုိင္ပါတယ္။ ပိုစတာမွာ တရုတ္လို ေရးသားထားတဲ့အတြက္ အဲဒီမွာ ေၾကညာႏုိင္ပါတယ္။ ေရွာင္မီကေတာ့…

Dell က ကမာၻ႕ ပထမဆံုး ၄၉ လက္မ Ultra-wide QHD Monitor ကို ျပသ
Dell, HUBS, NEWS
0 shares6 views

Dell က ကမာၻ႕ ပထမဆံုး ၄၉ လက္မ Ultra-wide QHD Monitor ကို ျပသ

Ko Thuya - Oct 16, 2018

Dell UltraSharp U4919DW ဟာ ကမာၻ႕ ပထမဆံုး ၄၉ လက္မ Ultra-wide QHD Monitor ျဖစ္လာပါတယ္။ ေစ်းကြက္ထဲမွ အျခား Ultra-wide Display မ်ားဟာ Full HD Resolution သာ ရွိပါတယ္။ ဒါ့အျပင္…

၂၀၁၉ ခုႏွစ္မွာ အာကာသကို ခရီးသည္ ပို႔ေဆာင္ေပးမယ့္ Jeff Bezos
NEWS, Tech Update
0 shares6 views

၂၀၁၉ ခုႏွစ္မွာ အာကာသကို ခရီးသည္ ပို႔ေဆာင္ေပးမယ့္ Jeff Bezos

Ko Thuya - Oct 16, 2018

Amazon CEO Jeff Bezos က ကုန္ပစၥည္းမ်ား ေရာင္းခ်တဲ့ လုပ္ငန္း အျပင္ Blue Origin အမည္ရ အာကာသ နည္းပညာ ကုမၸဏီကိုပါ တည္ေထာင္ထားပါတယ္။ ဒီကုမၸဏီဟာ သူ႔အတြက္ အေရးအႀကီးဆံုးလို႔ေတာင္ သူက ေျပာပါတယ္။ သူက အာကာသ…

Leave a Comment

Most from this category