iOS မှာ YouTube ကို “dark mode” ပြောင်းသုံးနိုင်ပြီ

Google ကတော့ “dark mode” ပါ ထပ်ဖြည့်ထားမယ့် YouTube app update အသစ်ကိုထွက်ဖို့ပြင်ဆင်နေပါပြီ။ မနှစ်က desktop မှာတုန်းကတော့ “dark theme” ကိုမြင်ဖူးခဲ့ပြီးသားဖြစ်မှာပါ။(အောက်မှာပြထားတဲ့ပုံက desktop မှာရခဲ့တဲ့ dark mode ပါ။)

Image result for YouTube dark mode desktop

Update အသစ်မှာတော့ “dark theme” အပြင်တခြားဘာမှထပ်ဖြည့်ထားမယ့်ပုံမပေါ်ပါဘူး။ ဒါပေမယ့် ဒီ update တောင်မှ iOS သမားတွေအတွက်ပဲ အရင်ရဦးမှာပါ။ “Android” တွေအတွက်ကတော့ မကြာခင်မှာပဲရနိုင်တော့မှာဖြစ်တယ်လို့တော့ ဆိုထားပါတယ်။ အမြဲတမ်း Google ကနေ service တစ်ခုခုထွက်တိုင်း Android တွေထက် iOS တွေက အရင်ရတတ်တဲ့အကြောင်းရင်းကို မသိနိုင်ပေမယ့် ဖြစ်နိုင်တာတော့ မတူညီတဲ့ platform ၂ခုအတွက် ၁ဖွဲ့စီခွဲလုပ်ကြတဲ့အခါ customization ပိုများတဲ့ Android တွေက ပိုအချိန်ယူရတဲ့အတွက် အမြဲတမ်းနောက်ကျတာပဲဖြစ်ပါလိမ့်မယ်။

Android တွေအတွက် YouTube app မှာတော့ dark theme ဘယ်တော့ရမလဲမကြေညာသေးပေမယ့် လာမယ့်၂ပတ်လောက်အတွင်းရလာနိုင်ပါတယ်။

Ref: PhoneArena

%d bloggers like this: