ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီးဖြစ်တဲ့ စတီဗင်ဟောကင်းကတော့ အသက် ၇၆နှစ်အရွယ်မှာပဲ ဆုံးပါးကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။
အသက်၂၁နှစ်အရွယ်ကတည်းက အာရုံကြောဆဲလ်တွေလှုပ်ရှားလို့မရတဲ့ရောဂါကြောင့် ဝှီးလ်ချဲနဲ့ပဲ သွားလာခဲ့ရပြီး နောက်ပိုင်းအသံပါပျောက်ဆုံးခဲ့တဲ့အတွက် အသံတုစနစ်နဲ့ပဲ ဆက်သွယ်ပြောဆိုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အလုပ်ကိုပဲဆက်လုပ်ခဲ့ပြီး စကြဝဠာအကြောင်းရေးသားထားတဲ့ “A Brief History of Time” ဆိုတာကတော့ ရောင်းအားအကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာတုန်းက စကြဝဠာထဲက black hole တွေအကြောင်း သီအိုရီတစ်ခုရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဟောကင်းဟာ တီဗီရှိုးတွေဖြစ်တဲ့ The Simpsons, Futurama, The Big Bang Theory တို့မှာလည်း ပါဝင်ခဲ့ပြီး ၂၀၁၄မှာ ဟောကင်းရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးခဲ့တဲ့ “The Theory of Everything” ကလည်း အော်စကာဆုရခဲ့တဲ့ ဇာတ်ကားတစ်ခုပါ။
သူ့ရဲ့ဇနီးသည် Lucyနဲ့ သားနှစ်ယောက်ကတော့ ဟောကင်းဟာ သာမန်ထက်ထူးခြားတဲ့ တကယ်တော်တဲ့သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့လုပ်ခဲ့တဲ့အလုပ်တွေက နှစ်ပေါင်းများစွာကြာတဲ့အထိ သမိုင်းဝင်နေဆဲဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
ကမ္ဘာကြီးကနေ လူတော်တစ်ယောက်စွန့်ခွာသွားတာကတော့ နှမြောစရာကောင်းပေမယ့် သူ့ရဲ့ကြိုးပမ်းခဲ့မှုတွေကတော့ ဆက်အသံးုဝင်နေဦးမှာပါပဲ။