492 Shares 523 Views
Google Play Store မှာမတွေ့နိုင်တဲ့ အသုံးဝင်ဆုံး Android App များ
Mar 14, 2018
492 523
[Zawgyi]
Image result for Android
1.Tubemate
Tubemate
Download Tubemate
2. Amazon App Store
Amazon App Store
3. VideoMix
VideoMix
Download VideoMix
4. Mango
Mango Manga Reader
Download Mango
5. AdBlock
AdBlock
Download AdBlock
Ref: DroidView
[Unicode]
Image result for Android
အခုဆို Google Play Store မှာ app ပေါင်း 1,420,000 ရှိနေပါပြီ။ တစ်နေ့တစ်နေ့ကို app အသစ်ပေါင်း ၁၀၀ကျော်လောက် တက်လာပေမယ့် Google ရဲ့စည်းမျဉ်းကိုမလိုက်နာတဲ့ app တွေကတော့ ဘယ်လောက်အသုံးဝင်ဝင် ပယ်ချခံရတာပါပဲ။ ဒီလိုဆိုတော့ Play Store ကိုမရောက်လာနိုင်ပေမယ့် အရမ်းအသုံးဝင်တဲ့ app လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
Google Play Store ကဒေါင်းလုပ်လုပ်တာမဟုတ်တဲ့အတွက် install လုပ်ချင်ရင် ဖုန်းရဲ့ Setting က Security ကိုသွားပြီး “Unknown Sources” ကိုဖွင့်ပေးရပါမယ်။
1.Tubemate
Tubemate
YouTube ဗီဒီယိုတွေဒေါင်းလုပ်လုပ်တဲ့အခါ သုံးဖူးသမျှထဲမှာတော့ Tubemate က အကောင်းဆုံးပါပဲ။ YouTube မှာတင်ထားသမျှ ဘယ်ဗီဒီယိုကိုမဆို ကိုယ်ကြိုက်တဲ့အရည်အသွေးနဲ့ (quality မြင့်မြင့်နိမ့်နိမ့်ကြိုက်ရာရွေးပြီး) ဒေါင်းလုပ်ချလို့ရပါတယ်။ MP3 တွေကိုလည်း quality အမျိုးမျိုးနဲ့ဒေါင်းလို့ရတာဖြစ်လို့ အရမ်းကိုအသုံးဝင်တဲ့ app လေးတစ်ခုပါ။
Download Tubemate
2. Amazon App Store
Amazon App Store
Amazon App Store ကလည်း Google Play Store လိုမျိုးဖြစ်ပေမယ့် သူ့ရဲ့အမိုက်စား feature တစ်ခုကတော့ ငွေပေးပြီးဝယ်ရတဲ့ app တွေကို တစ်နေ့တစ်ခု free ပေးတတ်တာပါ။ free ပေးတဲ့ app တွေဆိုတော့ အသုံးမဝင်အရေးမပါတာတွေများပေမယ့် တစ်ခါတစ်လေမှာ အရမ်းအသုံးဝင်တဲ့ နာမည်ကြီး app တွေကို free ပေးတတ်လို့ နေ့တိုင်းဝင်ကြည့်ပြီး အလကားရအောင်စောင့်ဖို့အကောင်းဆုံး app တစ်ခုပါပဲ။
Download Amazon App Store
3. VideoMix
VideoMix
သူကတော့ နာမည်ကြီးရုပ်ရှင်ဝဘ်ဆိုဒ်တွေက ဇာတ်ကားတွေကိုအစအဆုံး streaming (တိုက်ရိုက်) ကြည့်လို့ရပါတယ်။ ဇာတ်ကားရဲ့ quality ကိုလည်း 240p ကနေ 1080p ထိရွေးလို့ရပါတယ်။ သူကတော့ ဇာတ်ကားတွေကိုသူ့ထဲမှာတင်ထားတာမဟုတ်ဘဲ ရုပ်ရှင်ဝဘ်ဆိုဒ်နဲ့ ကိုယ်နဲ့ကြားချိတ်ပေးတဲ့ကြားခံတစ်ခုသက်သက်ပါပဲ။
Download VideoMix
4. Mango
Mango Manga Reader
သူကတော့ Android တွေအတွက် manga(ကာတွန်း)တွေဖတ်လို့ရမယ့် free app တစ်ခုပါ။ ခေါင်းစဉ်ပေါင်း 15,000 ကျော်ရှိနေပြီး ဖုန်းရဲ့အင်တာနက်နဲ့ ဒီထဲမှာရှိတဲ့ကာတွန်းတွေအကုန်လုံးကို ဖတ်လို့ရနိုင်မှာပါ။ ကိုယ်က ဂျပန်ကာတွန်းအမိုက်စားတွေကို ဖတ်လေ့ရှိတဲ့သူတစ်ယောက်ဆိုရင်တော့ ဒီ mango app လေးကို တော်တော်လေးကြိုက်သွားမှာသေချာပါတယ်။
Download Mango
5. AdBlock
AdBlock
နာမည်အတိုင်းပဲ ကြော်ငြာတွေကိုပိတ်တ့ဲ app လေးပါပဲ။ ကြော်ငြာတွေအပြင် ကိုယ့်ကိုလိုက်ခြေရာခံနေတာတွေ malware တွေကိုပါ ပိတ်ပစ်နိုင်ပါတယ်။ AdBlock ကို တကယ်ပြည့်ပြည့်ဝဝအသုံးချချင်တယ်ဆိုရင် filter တွေဖန်တီးပေးရပါမယ်။ filter တွေထဲမှာတော့ ကိုယ် block စေချင်တာမှန်သမျှကိုရွေးထည့်လိုက်ရုံပါပဲ။ ကြော်ငြာအများစုကို ဝင်ခွင့်မပြုတဲ့ filter ၂ခုကိုတော့ default အနေနဲ့ထားပေးထားပါတယ်။ (တစ်ခုရှိတာက သူက root ဖောက်ထားတဲ့ဖုန်းတွေမှ သုံးလို့ရပါမယ်)
Download AdBlock
Ref: DroidView
You may be interested
သင် တစ်နေ့လျှင် Facebook ဘယ်နှနာရီ သုံးသလဲဆိုတာ ဘယ်လို သိမလဲ ?
HOW TO, Softwares & Application, Softwares & Application
0 shares0 views
သင် တစ်နေ့လျှင် Facebook ဘယ်နှနာရီ သုံးသလဲဆိုတာ ဘယ်လို သိမလဲ ?
Ko Thuya - Sep 26, 2018
Facebook က Android App မှာ Your Time on Facebook အမည်ရ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ သူက တစ်နေ့လျှင် သင် Facebook ကို အချိန်ဘယ်လောက် သုံးသလဲ ဆိုတာကို တစ်နေ့ချင်းစီအတွက် ပြသပေးထားပါတယ်။ တစ်နေ့လျှင်…
လက်ဗွေစနစ်နဲ့ တံခါးအဖွင့်အပိတ်ပြုလုပ်လို့ရမယ့် Lockly ရဲ့ Sucure Plus Lock
Gadgets, NEWS
38 shares8 views
လက်ဗွေစနစ်နဲ့ တံခါးအဖွင့်အပိတ်ပြုလုပ်လို့ရမယ့် Lockly ရဲ့ Sucure Plus Lock
Ko Thuya - Sep 26, 2018
အခုဆိုရင် နေအိမ်တံခါးများမှာ Smart Lock များကို အသုံးပြုလာကြပါပြီ။ အခုလည်း Lockly က ထူးခြား ဆန်းသစ်တဲ့ စမတ် လော့ခ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Secure Plus Lock ဖြစ်ပြီး သူ့မှာ 3D Fingerprint…
Xiaomi Black Shark 2 ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
76 shares36 views
Xiaomi Black Shark 2 ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ
Ko Thuya - Sep 26, 2018
Xiaomi က သူ့ရဲ့ ပထမဆုံး Gaming Phone ကို ယခုနှစ် ဧပြီလမှာ ကြေညာခဲ့ပါတယ်။ အခုတော့ တရုတ် ဆက်သွယ်ရေး ကော်မရှင် (TENAA) မှ မှတ်ပုံတင် သတင်းအချက်အလက်များ ထွက်ပေါ်လာတဲ့ အတွက် Xiaomi ဟာ ဒုတိယ…
Leave a Comment
Most from this category