441 Shares 92 Views

ျမန္မာေငြ ၆၅ သိန္းတန္ ေရႊ iPhone X

Mar 14, 2018
441 92

ယခင္ႏွစ္က ေရာင္းခ်ေပးခဲ့တဲ့ iPhone X ဟာ ေဒၚလာ ၁၀၀၀ တန္ေၾကးရွိတဲ့အတြက္ တန္ဖိုးႀကီးတဲ့ ဖုန္း ျဖစ္ပါတယ္။ သူ႔ကို အေရာင္ႏွစ္မ်ိဳး ထုတ္လုပ္ေပးထားေပမယ့္ ေရႊေရာင္ မပါလာပါဘူး။ အခုေတာ့ ရုရွား ကုမၸဏီ Caviar က ေရႊျဖင့္ ဖန္တီးထားတဲ့ iPhone X ေမာ္ဒယ္ႏွစ္မ်ိဳးကို ထုတ္လုပ္ေရာင္းခ်ေပးလိုက္ပါတယ္။

အဲဒီ ေမာ္ဒယ္မ်ားကို ၂၄ ကာရက္ ေရႊျဖင့္ သြန္းေလာင္းထားပါတယ္။ Classic Gold နဲ႔ Classic Liquid Gold လို႔ အမည္ေပးထားၿပီး ၄၅၁၀ ေဒၚလာ၊ ၄၈၀၅ ေဒၚလာျဖင့္ အသီးသီး ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ အဲဒီေမာ္ဒယ္ႏွစ္မ်ိဳးစလံုးမွာ Apple Logo ကို ေရႊျဖင့္ သြန္းေလာင္းထားပါတယ္။ Liquid Gold Model ဟာ ေရႊရည္မ်ား ၾကြရြစြာ သုတ္လိမ္းထားတဲ့ ဒီဇိုင္းကို ခံစားရမွာ ျဖစ္ပါတယ္။

Caviar ဟာ ယခင္ကလည္း ေက်ာက္သံပတၱျမားမ်ားျဖင့္ အလွဆင္ထားတဲ့ သိန္း ၅၀၀ ေက်ာ္တန္ iPhone X Model မ်ားကိုလည္း ထုတ္လုပ္ေရာင္းခ်ေပးထားပါတယ္။ iPhone X Imperial Crown လို႔ အမည္ေပးထားၿပီး ေရႊနဲ႔ ေက်ာက္သံပတၱျမား အလံုးေရ ၃၀၀ ေက်ာ္ျဖင့္ အလွဆင္ထားပါတယ္။ အရြယ္အစား မတူညီတဲ့ ေက်ာက္မ်ားစြာ ပါပါတယ္။ စိန္အလံုးေပါင္း ၃၄၄ လံုးျဖင့္ အလွဆင္ထားပါတယ္။ အရြယ္ႀကီး ပတၱျမား ၁၄ လံုးပါတဲ့ မ်ဥ္းေၾကာင္းနဲ႔ ေရႊျဖင့္ ပံုေဖာ္ထားတဲ့ သိမ္းငွက္ႏွစ္ေကာင္လည္း ပါပါတယ္။ 64GB Internal Storage ပါတဲ့ iPhone X Imperial Crown ကို ယူရို ၃၄ ၂၀၀ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ အားျဖင့္ သိန္း ၅၀၀ ေက်ာ္ က်သင့္မွာ ျဖစ္ပါတယ္။

iPhone X Imperial Crown ဟာ ရုရွား အင္ပါယာကို အုပ္စိုးခဲ့တဲ့ Catherine II အတြက္ သရဖူကို ဖန္တီးေပးခဲ့တဲ့ Georg-Friedrich Eckart ကို ဂုဏ္ျပဳတဲ့ အေနျဖင့္ ဖန္တီးေပးထားျခင္း ျဖစ္ပါတယ္။ ရုရွားမွာေတာ့ ရူဘယ္ ၂.၄ သန္း သတ္မွတ္ထားပါတယ္။

ref : gsmarena

unicode

မြန်မာငွေ ၆၅ သိန်းတန် ရွှေ iPhone X

ယခင်နှစ်က ရောင်းချပေးခဲ့တဲ့ iPhone X ဟာ ဒေါ်လာ ၁၀၀၀ တန်ကြေးရှိတဲ့အတွက် တန်ဖိုးကြီးတဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ကို အရောင်နှစ်မျိုး ထုတ်လုပ်ပေးထားပေမယ့် ရွှေရောင် မပါလာပါဘူး။ အခုတော့ ရုရှား ကုမ္ပဏီ Caviar က ရွှေဖြင့် ဖန်တီးထားတဲ့ iPhone X မော်ဒယ်နှစ်မျိုးကို ထုတ်လုပ်ရောင်းချပေးလိုက်ပါတယ်။

အဲဒီ မော်ဒယ်များကို ၂၄ ကာရက် ရွှေဖြင့် သွန်းလောင်းထားပါတယ်။ Classic Gold နဲ့ Classic Liquid Gold လို့ အမည်ပေးထားပြီး ၄၅၁၀ ဒေါ်လာ၊ ၄၈၀၅ ဒေါ်လာဖြင့် အသီးသီး ရောင်းချပေးမှာ ဖြစ်ပါတယ်။ အဲဒီမော်ဒယ်နှစ်မျိုးစလုံးမှာ Apple Logo ကို ရွှေဖြင့် သွန်းလောင်းထားပါတယ်။ Liquid Gold Model ဟာ ရွှေရည်များ ကြွရွစွာ သုတ်လိမ်းထားတဲ့ ဒီဇိုင်းကို ခံစားရမှာ ဖြစ်ပါတယ်။

Caviar ဟာ ယခင်ကလည်း ကျောက်သံပတ္တမြားများဖြင့် အလှဆင်ထားတဲ့ သိန်း ၅၀၀ ကျော်တန် iPhone X Model များကိုလည်း ထုတ်လုပ်ရောင်းချပေးထားပါတယ်။ iPhone X Imperial Crown လို့ အမည်ပေးထားပြီး ရွှေနဲ့ ကျောက်သံပတ္တမြား အလုံးရေ ၃၀၀ ကျော်ဖြင့် အလှဆင်ထားပါတယ်။ အရွယ်အစား မတူညီတဲ့ ကျောက်များစွာ ပါပါတယ်။ စိန်အလုံးပေါင်း ၃၄၄ လုံးဖြင့် အလှဆင်ထားပါတယ်။ အရွယ်ကြီး ပတ္တမြား ၁၄ လုံးပါတဲ့ မျဉ်းကြောင်းနဲ့ ရွှေဖြင့် ပုံဖော်ထားတဲ့ သိမ်းငှက်နှစ်ကောင်လည်း ပါပါတယ်။ 64GB Internal Storage ပါတဲ့ iPhone X Imperial Crown ကို ယူရို ၃၄ ၂၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ အားဖြင့် သိန်း ၅၀၀ ကျော် ကျသင့်မှာ ဖြစ်ပါတယ်။

iPhone X Imperial Crown ဟာ ရုရှား အင်ပါယာကို အုပ်စိုးခဲ့တဲ့ Catherine II အတွက် သရဖူကို ဖန်တီးပေးခဲ့တဲ့ Georg-Friedrich Eckart ကို ဂုဏ်ပြုတဲ့ အနေဖြင့် ဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။ ရုရှားမှာတော့ ရူဘယ် ၂.၄ သန်း သတ်မှတ်ထားပါတယ်။

ref : gsmarena

You may be interested

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
0 shares0 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
75 shares143 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္
Local, Local News, Mobiles & Tablets
87 shares33 views

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္

Ko Ko PR - Mar 19, 2019

ဆန္းသစ္လွပသည့္ Vivo V15 Pro စမတ္ဖုန္းကို မိတ္ဆက္ၿပီးသည့္ေနာက္ Vivo Myanmar မွ Vivo V15 ကို ထပ္မံ ျဖန္႔ခ်ီေတာ့မည္ျဖစ္သည္။ ယခင္ V15Pro ကဲ့သို႔ ဆန္းသစ္လွပေသာ ျမင့္တက္ပြင့္ထြက္လာသည့္ ေရွ႕ကင္မရာ၊ ၆.၅၃ လက္မ ရွိမွန္သားျပင္အျပည့္မ်က္ႏွာျပင္…

Leave a Comment

Most from this category