1372 Shares 408 Views
Mar 14, 2018
1372 408
Ref : gsmarena
unicode
Huawei က P20 အနောက်ကင်မရာ သုံးလုံးရဲ့ စွမ်းရည်များကို ပြသ
ဟွာဝေးက မတ်လ ၂၇ ရက်နေ့မှာ ပဲရစ်တွင် P20 ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အခုတော့ P20 အနောက်ကင်မရာ သုံးလုံးရဲ့ စွမ်းရည်များကို ဗီဒီယိုများဖြင့် အရိပ်အမြွက်ပြသလိုက်ပါတယ်။ ပထမ ဗီဒီယိုကို See Brighter လို့ အမည်ပေးထားပြီး အလင်းရောင်နည်းပါးတဲ့ အချိန်များမှာ အရည်အသွေးမြင့်မားတဲ့ ဓါတ်ပုံများ ဖမ်းယူပေးနိုင်တယ်ဆိုတာကို ပြသထားပါတယ်။
ဒုတိယ ဗီဒီယိုကို See Closer လို့ အမည်ပေးထားပြီး Zoom ဆွဲပြီး ရိုက်ကူးရင်တောင် အရည်အသွေး မြင့်မားတဲ့ ဓါတ်ပုံများကို ဖမ်းယူပေးနိုင်တယ်လို့ ဆိုလိုချင်ပါတယ်။ ဗီဒီယိုများမှာ အရည်အသွေးမြင့် ကင်မရာများစွာ ကိုင်ဆောင်ထားတဲ့ ပရော်ဖက်ရှင်နယ် ဓါတ်ပုံသမားဟာ အနောက်ကင်မရာ သုံးလုံးတပ် P20 ကို ကိုင်ဆောင်ထားတဲ့ အမျိုးသမီးကို ဓါတ်ပုံ ရိုက်ကူးရာမှာ မယှဉ်နိုင်တာကို ပြသထားပါတယ်။
Huawei P20 မှာ ၅.၈၄ လက်မ မျက်နှာပြင် တပ်ဆင်ထားနိုင်ပြီး Apple iPhone X လို Notch ပါလာနိုင်ပါတယ်။ ဟွာဝေးက P20 နဲ့ အတူ P20 Pro , P20 Lite များကိုလည်း မိတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းများရဲ့ သတင်းအချက်အလက်များစွာလည်း ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။
ဟွာဝေးက ယခင်ကလည်း P20 ရဲ့ ဗီဒီယိုများကို ပြသခဲ့ဖူးပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ ပရိုမိုးရှင်း ဗီဒီယိုဖိုင်မှာ ဉာဏ်ရည်တု နည်းပညာနဲ့ မိုဘိုင်း ဓါတ်ပုံ ရိုက်ကူးမှုကို အသားပေးထားမယ်လို့ အရိပ်အမြွက် ရေးသားထားပါတယ်။ ဉာဏ်ရည်တု နည်းပညာကိုလည်း Camera Software မှာ ထည့့်သွင်းပေးထားမှာ ဖြစ်ပါတယ်။
Ref : gsmarena
You may be interested
Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ
Android, HUBS, Mobiles & Tablets
0 shares0 views
Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ
Ko Thuya - Oct 23, 2018
ဆမ်ဆောင်းက စမတ်ဖုန်းရဲ့ Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေပါတယ်။ လက်ရှိ Fingerprint Reader များဟာ ယခင်မျိုးဆက်များထက် အရွယ်အစား သေးငယ်ပြီး ထည့်သွင်းထားတဲ့ တည်နေရာမှာသာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ စကရင်တစ်ခုလုံးရဲ့ ဘယ်နေရာကို…
Xiaomi Mi Mix 3 ဟာ Snapdragon 855 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်
Android, HUBS, Mobiles & Tablets
0 shares0 views
Xiaomi Mi Mix 3 ဟာ Snapdragon 855 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်
Ko Thuya - Oct 23, 2018
Mi Mix 3 ကို မိတ်ဆက်မယ့် ရက်နီးလာလေလေ သူ့ရဲ့ သတင်းအချက်အလက်များဟာလည်း ပိုမို ထွက်ပေါ်လာလေလေ ဖြစ်ပါတယ်။ ဘောင်ပျောက် ဒီဇိုင်း ဖြစ်တဲ့ Mi Mix Series ရဲ့ စတုတ္ထမြောက် ဖုန်း လည်း ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ…
Samsung ရဲ့ Gaming Phone လာမည်
Android, HUBS, Mobiles & Tablets
0 shares8 views
Samsung ရဲ့ Gaming Phone လာမည်
Ko Thuya - Oct 23, 2018
ဆမ်ဆောင်းက Gaming Phone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ မကြာခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း အဲဒီ သတင်းဟာ မတူညီတဲ့ အခြား တစ်နေရာက ထွက်ပေါ်လာပါတယ်။ I Ice Universe က ၀ီဘိုမှာ ဒီသတင်းကို ဖွလိုက်တာ ဖြစ်ပါတယ်။…
Leave a Comment
Most from this category