261 Shares 88 Views

Geekbench မှာထွက်ပေါ်လာခဲ့တဲ့ Asus Zenfone 5 Max နဲ့ Samsung Galaxy J8+

Mar 13, 2018
261 88

[Zawgyi]








[Unicode]

MWC ပွဲမှာတုန်းက Asus Zenfone 5 စီးရီးတွေကိုမိတ်ဆက်လိုက်ပြီး ထိပ်ဆုံး Zenfone 5z, အလတ်တန်းစား Zenfone 5 နဲ့ midrange Zenfone 5 Lite ဆိုတဲ့ဖုန်းတွေပါ။ ဒါပေမယ့် Zenfone 5 Max နဲ့ပတ်သတ်ပြီးမဖော်ပြခဲ့ပါဘူး။ ဖုန်းကတော့ ထွက်မှာပေမယ့် မကြေညာသေးတာပါ။ Wi-Fi certification ရပြီးတဲ့နောက်မှာတော့ Geekbench မှာပေါ်လာခဲ့တာက Snapdragon 660 ကိုသုံးထားပြီး RAM 4GB, Android Oreo နဲ့ထွက်ရှိလာမယ်ဆိုတာပါပဲ။

ဒီ Geekbench ရမှတ်ရလဒ်တွေကနေတော့ တခြားများများစားစားသိပ်မသိရသေးပါဘူး။ Zenfone 5 Max အကြောင်းအသေးစိတ်ထွက်လာမှသိရမှာပါပဲ။

နောက်တစ်ခုကတော့ Samsung Galaxy J8 ဖုန်းတွေ Geekbench မှာပေါ်လာပြန်တာပါ။ ဒီတစ်ခေါက်ကတော့ chipset မတူတော့ပါဘူး။ ပြီးခဲ့တဲ့၂ပတ်လောက်ကထွက်ခဲ့တဲ့သတင်းမှာတော့ J8 မှာ Exynos 7870 chipset တွေကိုသုံးထားမယ်လို့ ဆိုခဲ့ပြီး အခုတစ်ခေါက် J8+ တွေမှာတော့ Snapdragon 625 ကိုသုံးထားမယ်လို့ ဖော်ပြထားပါတယ်။

ဒီတစ်ခေါက်ဖုန်းကတော့ “Plus” မော်ဒယ်လ်ဖြစ်နိုင်ပြီး Galaxy J8+ လို့လည်းခေါ်နိုင်ပါတယ်။ chipset ကလည်းနည်းနည်းပိုမြန်လာပြီး မမ်မိုရီလည်းပိုများလာပါတယ်။ ဗားရှင်း၂ခုလုံးကတော့ Android 8.0 Oreo ကိုသုံးထားတာပါ။

J805G (J8+) မော်ဒယ်လ်ကတော့ RAM 4GB ဖြစ်ပြီး အရင်မော်ဒယ်လ်(J8) ကတော့ RAM 3GB ပါ။ chipset ၂ခုလုံးကတော့ octa-core Cortex-A53 processor ကိုသုံးထားပေမယ့် Galaxy J8+ မှာတော့ clock speed တွေက 1.8GHz နဲ့ 1.6GHz တွေဖြစ်သွားပါပြီ။

ဒါပေမယ့်လည်း performance က အဲ့လောက်ကွာမသွားပါဘူး။ မမ်မိုရီပမာဏကိုလိုက်ပြီး ဈေးကွာသွားနိုင်ပြီး J8 (J800) တွေမှာတော့ Snapdragon chipset တွေသုံးမသုံးမသိရသေးပါဘူး။

J8 မော်ဒယ်လ်တွေကတော့ ဥရောပ၊ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာရနိင်ပြီး J8+ ဗားရှင်းတွေကတော့ တောင်အမေရိကနဲ့ အာရှတိုက်တချို့ဒေသတွေမှာရနိုင်ပါတယ်။

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
123 shares20 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
476 shares89 views

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Jovi က ပြောထားတဲ့အတိုင်း Vivo X23 ဖုန်းဟာ ယနေ့၊ သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Vivo ရဲ့ တရုတ်နိုင်ငံဝဘ်ဆိုဒ်ကနေ တရားဝင်ထွက်ရှိလာတာဖြစ်ပြီး၊…

Leave a Comment

Most from this category