142 Shares 85 Views

Facebook မွာ Video Profile ထည့္သြင္းနည္း

Mar 13, 2018
142 85

Facebook မွာ ဓါတ္ပံုမ်ားကိုသာ ပရိုဖိုင္ ဓါတ္ပံုအျဖစ္ သတ္မွတ္ႏုိင္တာ မဟုတ္ပါဘူး။ Facebook က အခုေနာက္ပိုင္းမွာ ဗီဒီယိုမ်ားကိုပါ ပရိုဖုိင္ အျဖစ္ သတ္မွတ္ႏုိင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။ အဲဒီ Feature ကို လူေတြ သိပ္မသိၾကတဲ့အတြက္ Facebook မွာ ဗီဒီယို ပရိုဖိုင္ ထည့္သြင္းနည္းကုိ ေဖာ္ျပေပးလိုက္ပါတယ္။

ဒီ Tutorial မွာ Android Device တြင္ ျပဳလုပ္နည္းကို ေဖာ္ျပေပးထားပါတယ္။ iOS Device မ်ားမွာလည္း ျပဳလုပ္နည္းက သိပ္မကြာႏုိင္ပါဘူး။

သင့္ Android Device မွ Facebook App ကို ဖြင့္ပါ။

သင့္ရဲ႕ Timeline ကို သြားၿပီး သင့္ရဲ႕ ပရိုဖိုင္ ဓါတ္ပံုကို တစ္ခ်က္ႏွိပ္ပါ။

Drop Down Menu ေပၚလာမွာ ျဖစ္ၿပီး Select Profile Video ကို ႏွိပ္ပါ။ သင့္ ဖုန္းမွ ႏွစ္သက္တဲ့ ဗီဒီယိုတစ္ခုကို ေရြးခ်ယ္ေပးပါ။ အခုမွ ဗီဒီယို ရိုက္မယ့္ လူေတြက Menu ကေန Take a New Profile Video ကို ေရြးေပးရမွာ ျဖစ္ပါတယ္။

Next ႏွိပ္ၿပီးရင္ ပရိုဖုိင္ ဗီဒီယိုကို အၿမဲ မသံုးခ်င္ရင္ Make Temporary ကို ႏွိပ္ပါ။ တစ္လ၊ တစ္ပတ္၊ တစ္ရက္ စသျဖင့္ သင္ႏွစ္သက္သေလာက္ သံုးႏုိင္ပါတယ္။

Edit ကို ႏွိပ္ပါ။ အဲဒီမွာ သင့္ ပရိုဖိုင္ ဗီဒီယိုမွ မႏွစ္သက္တဲ့ အပိုင္းမ်ားကို ျဖတ္ထုတ္ႏိုင္ပါတယ္။ Thumbnail ကိုလည္း သတ္မွတ္ႏုိင္ပါတယ္။ ၿပီးရင္ေတာ့ Save ကို ႏွိပ္ပါ။ ဒါဆိုရင္ အဲဒီ ဗီဒီယိုကို သင့္ရဲ႕ ပရိုဖုိင္ ဗီဒီယို အျဖစ္ သတ္မွတ္ေပးမွာ ျဖစ္ပါတယ္။

သင့္ သူငယ္ခ်င္းမ်ားရဲ႕ Newsfeed မွာေတာ့ သင့္ရဲ႕ ပရိုဖိုင္ ဗီဒီယိုကို ရုပ္ေသဓါတ္ပံု ( သင္ သတ္မွတ္ထားတဲ့ Thumbnail ) အျဖစ္သာ ျမင္ရမွာပါ။ သူတို႔က သင့္ရဲ႕ Timeline ထဲသြားၿပီး ၾကည့္မွသာ ဗီဒီယိုကို ျမင္ရမွာ ျဖစ္ပါတယ္။

မွတ္ခ်က္။ ။ ၇ စကၠန္႔ထက္ မရွည္တဲ့ ဗီဒီယိုမ်ားကိုသာ ပရိုဖိုင္ ဗီဒီယို အျဖစ္ သတ္မွတ္ႏုိင္ပါတယ္။ ဒီ Feature ကို Android , iPhone မ်ားမွာသာ အသံုးျပဳႏုိင္ၿပီး ဒတ္စေတာ့မ်ားမွာ အသံုးျပဳလို႔ မရေသးပါဘူး။ ဒါ့အျပင္ ႏုိင္ငံကန္႔သတ္ခ်က္မ်ား ရွိေသးတဲ့အတြက္ သင့္ ဖုန္းမွာ အဲဒီ လုပ္ေဆာင္ခ်က္ကို မရေသးရင္ ေစာင့္ဆိုင္းရဦးမွာ ျဖစ္ပါတယ္။

Ref : tech-recipes

unicode

Facebook မှာ Video Profile ထည့်သွင်းနည်း

Facebook မှာ ဓါတ်ပုံများကိုသာ ပရိုဖိုင် ဓါတ်ပုံအဖြစ် သတ်မှတ်နိုင်တာ မဟုတ်ပါဘူး။ Facebook က အခုနောက်ပိုင်းမှာ ဗီဒီယိုများကိုပါ ပရိုဖိုင် အဖြစ် သတ်မှတ်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ အဲဒီ Feature ကို လူတွေ သိပ်မသိကြတဲ့အတွက် Facebook မှာ ဗီဒီယို ပရိုဖိုင် ထည့်သွင်းနည်းကို ဖော်ပြပေးလိုက်ပါတယ်။

ဒီ Tutorial မှာ Android Device တွင် ပြုလုပ်နည်းကို ဖော်ပြပေးထားပါတယ်။ iOS Device များမှာလည်း ပြုလုပ်နည်းက သိပ်မကွာနိုင်ပါဘူး။

သင့် Android Device မှ Facebook App ကို ဖွင့်ပါ။

သင့်ရဲ့ Timeline ကို သွားပြီး သင့်ရဲ့ ပရိုဖိုင် ဓါတ်ပုံကို တစ်ချက်နှိပ်ပါ။

Drop Down Menu ပေါ်လာမှာ ဖြစ်ပြီး Select Profile Video ကို နှိပ်ပါ။ သင့် ဖုန်းမှ နှစ်သက်တဲ့ ဗီဒီယိုတစ်ခုကို ရွေးချယ်ပေးပါ။ အခုမှ ဗီဒီယို ရိုက်မယ့် လူတွေက Menu ကနေ Take a New Profile Video ကို ရွေးပေးရမှာ ဖြစ်ပါတယ်။

Next နှိပ်ပြီးရင် ပရိုဖိုင် ဗီဒီယိုကို အမြဲ မသုံးချင်ရင် Make Temporary ကို နှိပ်ပါ။ တစ်လ၊ တစ်ပတ်၊ တစ်ရက် စသဖြင့် သင်နှစ်သက်သလောက် သုံးနိုင်ပါတယ်။

Edit ကို နှိပ်ပါ။ အဲဒီမှာ သင့် ပရိုဖိုင် ဗီဒီယိုမှ မနှစ်သက်တဲ့ အပိုင်းများကို ဖြတ်ထုတ်နိုင်ပါတယ်။ Thumbnail ကိုလည်း သတ်မှတ်နိုင်ပါတယ်။ ပြီးရင်တော့ Save ကို နှိပ်ပါ။ ဒါဆိုရင် အဲဒီ ဗီဒီယိုကို သင့်ရဲ့ ပရိုဖိုင် ဗီဒီယို အဖြစ် သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။

သင့် သူငယ်ချင်းများရဲ့ Newsfeed မှာတော့ သင့်ရဲ့ ပရိုဖိုင် ဗီဒီယိုကို ရုပ်သေဓါတ်ပုံ ( သင် သတ်မှတ်ထားတဲ့ Thumbnail ) အဖြစ်သာ မြင်ရမှာပါ။ သူတို့က သင့်ရဲ့ Timeline ထဲသွားပြီး ကြည့်မှသာ ဗီဒီယိုကို မြင်ရမှာ ဖြစ်ပါတယ်။

မှတ်ချက်။ ။ ၇ စက္ကန့်ထက် မရှည်တဲ့ ဗီဒီယိုများကိုသာ ပရိုဖိုင် ဗီဒီယို အဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒီ Feature ကို Android , iPhone များမှာသာ အသုံးပြုနိုင်ပြီး ဒတ်စတော့များမှာ အသုံးပြုလို့ မရသေးပါဘူး။ ဒါ့အပြင် နိုင်ငံကန့်သတ်ချက်များ ရှိသေးတဲ့အတွက် သင့် ဖုန်းမှာ အဲဒီ လုပ်ဆောင်ချက်ကို မရသေးရင် စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref : tech-recipes

You may be interested

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
0 shares0 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
75 shares143 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္
Local, Local News, Mobiles & Tablets
87 shares33 views

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္

Ko Ko PR - Mar 19, 2019

ဆန္းသစ္လွပသည့္ Vivo V15 Pro စမတ္ဖုန္းကို မိတ္ဆက္ၿပီးသည့္ေနာက္ Vivo Myanmar မွ Vivo V15 ကို ထပ္မံ ျဖန္႔ခ်ီေတာ့မည္ျဖစ္သည္။ ယခင္ V15Pro ကဲ့သို႔ ဆန္းသစ္လွပေသာ ျမင့္တက္ပြင့္ထြက္လာသည့္ ေရွ႕ကင္မရာ၊ ၆.၅၃ လက္မ ရွိမွန္သားျပင္အျပည့္မ်က္ႏွာျပင္…

Leave a Comment

Most from this category