445 Shares 118 Views

အေရာင္အလန္းစားနဲ႔ Huawei P20 စီးရီးဖုန္း၃လံုးရဲ႕ပံုမ်ားထြက္ရိွလာ

Mar 13, 2018
445 118

[Zawgyi]

အခုခ်ိန္မွာ အားလံုးရဲ႕အာရံုစိုက္ျခင္းကိုခံေနရတာက ကင္မရာ၃လံုးပါမယ္ဆိုတဲ့ Huawei ေနာက္ဆံုး flagship P စီးရီးစမတ္ဖုန္းေတြပါ။ P20 ဖုန္းေတြကိုေတာ့ P20 Lite, P20 Pro တို႔နဲ႔အတူတူ မတ္လ ၂၇ရက္ေန႔ ပဲရစ္မွာမိတ္ဆက္ေတာ့မွာပါ။

ဒီတစ္ေခါက္ပံုေတြကေတာ့တြစ္တာကေန ထြက္ခဲ့တာမဟုတ္ဘဲ Roland Quandt ကေနထြက္လာခဲ့တာပါ။ Huawei P20 ေမာ္ဒယ္၃ခုလံုးရဲ႕ပံုစံနဲ႔ ထြက္လာမယ့္အေရာင္ေတြကိုပါေဖာ္ျပထားပါတယ္။ အရင္တစ္ပတ္ကေတာ့ အျပာေရာင္ဆိုတဲ့တစ္လံုးကိုပဲ သိခဲ့ရျပီး ဒီတစ္ေခါက္မွာေတာ့ ရႏုိင္မယ့္အေရာင္အကုန္လံုးကိုျပထားပါတယ္။

Huawei P20: Black, Blue and pink-gold

Render ပံုေတြမွာေတာ့  P20 ကို အနက္၊အျပာနဲ႔ pink-gold ဆိုျပီးလာမွာျဖစ္ျပီး P20 Pro ကေတာ့ အနက္၊အျပာနဲ႔ “Twilight” ဆိုတဲ့ခရမ္းစိမ္းေရာင္ေတြနဲ႔ ထြက္လာမွာပါ။ P20 Lite ေတြကေတာ့ အနက္၊ အျပာနဲ႔ပန္းေရာင္ဆိုျပီး ေရြးလို႔ရပါမယ္။

Huawei P20 Pro: black, blue and “Twilight”

P20 နဲ႔ P20 Pro တို႔မွာေတာ့ ေက်ာဘက္ကိုယ္ထည္က matte သတၱဳဒီဇုိင္းနဲ႔ျဖစ္ျပီး P20 Lite ကက်ေတာ့ Huawei ရဲ႕အေရာင္ျပန္ႏုိင္တဲ့ ဖန္ကိုယ္ထည္ပံုစံဖန္တီးထားလို႔ အလင္းေရာင္နဲ႔ေတြ႔တာနဲ႔ တလက္လက္တေျပာင္ေျပာင္ ျဖစ္ေနမွာပါ။ Honor 8 နဲ႔ 9 တို႔မွာေတြ႔ခဲ့ရသလိုေပါ့။ P20 Lite ကေတာ့ dual-camera သံုးထားေပမယ့္ Leica brand မဟုတ္ပါဘူး။

Huawei P20 Lite: Black, Blue and gold

ဒီထဲမွာ စိတ္ဝင္စားဖို႔အေကာင္းဆံုးက “Twilight” ဆိုတဲ့အေရာင္ပါ။ ခရမ္းနဲ႔အစိမ္းေရာင္ အျပာေတြကို တစ္ေရာင္တည္းျဖစ္ေအာင္ ေပါင္းစပ္ဖန္တီးထားတာကိုက စြဲေဆာင္မႈရိွတဲ့အေရာင္တစ္ခုျဖစ္လာေစပါတယ္။ ဒီလိုအေရာင္နဲ႔ဖုန္းမ်ိဳးအရင္က မေတြ႔ဖူးေသးတဲ့အတြက္ ေတာ္ေတာ္ေတာ့စိတ္ဝင္စားဖို႔ေကာင္းမွာပါ။ ကင္မရာေတြအတြက္ကေတာ့ P20 Pro မွာ telephoto lens က 3x hybrid zoom ထိခ်ဲ႕လို႔ရျပီး P20 ေရာ P20 Pro မွာပါ f/1.6 နဲ႔ f/2.4 aperture ေတြကိုသံုးထားပါတယ္။ telephoto lens မဟုတ္တဲ့ေနာက္တစ္လံုကေတာ့ monochrome sensor ေတြကိုသံုးထားျပီး white-balance လုပ္ေပးမယ့္ sensor အျပင္ ေလဆာနဲ႔ေထာက္ကူထားတဲ့ autofocus လညး္ပါမယ္လည္း သိရပါတယ္။

ေစ်းႏႈန္းကေတာ့ P20 Lite ကို ယူရို ၃၇၀၊ P20 ကို ယူရို ၆၈၀ နဲ႔ P20 Pro အတြက္ ယူရို၉၀၀ ေလာက္ရိွမွာပါ။ မွန္းထားသေလာက္ကေတာ့ တတိယကင္မရာက တကယ္ကိုမိုက္မယ့္ feature ေတြနဲ႔ထြက္ရိွလာမယ္လို႔ ထင္ပါတယ္။ မတ္လ ၂၇ရက္ေန႔မွပဲ တိတိက်က်သိရေတာ့မွာပါပဲ။

 

[Unicode]

အခုချိန်မှာ အားလုံးရဲ့အာရုံစိုက်ခြင်းကိုခံနေရတာက ကင်မရာ၃လုံးပါမယ်ဆိုတဲ့ Huawei နောက်ဆုံး flagship P စီးရီးစမတ်ဖုန်းတွေပါ။ P20 ဖုန်းတွေကိုတော့ P20 Lite, P20 Pro တို့နဲ့အတူတူ မတ်လ ၂၇ရက်နေ့ ပဲရစ်မှာမိတ်ဆက်တော့မှာပါ။

ဒီတစ်ခေါက်ပုံတွေကတော့တွစ်တာကနေ ထွက်ခဲ့တာမဟုတ်ဘဲ Roland Quandt ကနေထွက်လာခဲ့တာပါ။ Huawei P20 မော်ဒယ်၃ခုလုံးရဲ့ပုံစံနဲ့ ထွက်လာမယ့်အရောင်တွေကိုပါဖော်ပြထားပါတယ်။ အရင်တစ်ပတ်ကတော့ အပြာရောင်ဆိုတဲ့တစ်လုံးကိုပဲ သိခဲ့ရပြီး ဒီတစ်ခေါက်မှာတော့ ရနိုင်မယ့်အရောင်အကုန်လုံးကိုပြထားပါတယ်။

Huawei P20: Black, Blue and pink-gold

Render ပုံတွေမှာတော့ P20 ကို အနက်၊အပြာနဲ့ pink-gold ဆိုပြီးလာမှာဖြစ်ပြီး P20 Pro ကတော့ အနက်၊အပြာနဲ့ “Twilight” ဆိုတဲ့ခရမ်းစိမ်းရောင်တွေနဲ့ ထွက်လာမှာပါ။ P20 Lite တွေကတော့ အနက်၊ အပြာနဲ့ပန်းရောင်ဆိုပြီး ရွေးလို့ရပါမယ်။

Huawei P20 Pro: black, blue and “Twilight”

P20 နဲ့ P20 Pro တို့မှာတော့ ကျောဘက်ကိုယ်ထည်က matte သတ္တုဒီဇိုင်းနဲ့ဖြစ်ပြီး P20 Lite ကကျတော့ Huawei ရဲ့အရောင်ပြန်နိုင်တဲ့ ဖန်ကိုယ်ထည်ပုံစံဖန်တီးထားလို့ အလင်းရောင်နဲ့တွေ့တာနဲ့ တလက်လက်တပြောင်ပြောင် ဖြစ်နေမှာပါ။ Honor 8 နဲ့ 9 တို့မှာတွေ့ခဲ့ရသလိုပေါ့။ P20 Lite ကတော့ dual-camera သုံးထားပေမယ့် Leica brand မဟုတ်ပါဘူး။

Huawei P20 Lite: Black, Blue and gold

ဒီထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးက “Twilight” ဆိုတဲ့အရောင်ပါ။ ခရမ်းနဲ့အစိမ်းရောင် အပြာတွေကို တစ်ရောင်တည်းဖြစ်အောင် ပေါင်းစပ်ဖန်တီးထားတာကိုက စွဲဆောင်မှုရှိတဲ့အရောင်တစ်ခုဖြစ်လာစေပါတယ်။ ဒီလိုအရောင်နဲ့ဖုန်းမျိုးအရင်က မတွေ့ဖူးသေးတဲ့အတွက် တော်တော်တော့စိတ်ဝင်စားဖို့ကောင်းမှာပါ။ ကင်မရာတွေအတွက်ကတော့ P20 Pro မှာ telephoto lens က 3x hybrid zoom ထိချဲ့လို့ရပြီး P20 ရော P20 Pro မှာပါ f/1.6 နဲ့ f/2.4 aperture တွေကိုသုံးထားပါတယ်။ telephoto lens မဟုတ်တဲ့နောက်တစ်လုံကတော့ monochrome sensor တွေကိုသုံးထားပြီး white-balance လုပ်ပေးမယ့် sensor အပြင် လေဆာနဲ့ထောက်ကူထားတဲ့ autofocus လညး်ပါမယ်လည်း သိရပါတယ်။

ဈေးနှုန်းကတော့ P20 Lite ကို ယူရို ၃၇၀၊ P20 ကို ယူရို ၆၈၀ နဲ့ P20 Pro အတွက် ယူရို၉၀၀ လောက်ရှိမှာပါ။ မှန်းထားသလောက်ကတော့ တတိယကင်မရာက တကယ်ကိုမိုက်မယ့် feature တွေနဲ့ထွက်ရှိလာမယ်လို့ ထင်ပါတယ်။ မတ်လ ၂၇ရက်နေ့မှပဲ တိတိကျကျသိရတော့မှာပါပဲ။

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ႕ သတင္းအခ်က္အလက္မ်ား Geekbench မွာ ထြက္ေပၚလာ
Android, HUBS, Mobiles & Tablets
0 shares0 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ႕ သတင္းအခ်က္အလက္မ်ား Geekbench မွာ ထြက္ေပၚလာ

Ko Thuya - Aug 21, 2018

ေရွာင္မီက Pocophone F1 အမည္ရ စမတ္ဖုန္း အသစ္ကို ဖန္တီးေနတဲ့ သတင္းမ်ား မၾကာခဏ ထြက္ေပၚလာပါတယ္။ သူ႔ကို ယခုလ ၂၂ ရက္ေန႔မွာ အိႏၵိယမွာ ေၾကညာမယ္လို႔လည္း သတင္းထြက္ေနပါတယ္။ အခုေတာ့ Geekbench မွာ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ား ထြက္ေပၚလာၿပီး…

နယ္သာလန္မွ Apple Store တစ္ခုမွာ iPad ေပါက္ကြဲမႈ ျဖစ္ပြား
Apple, HUBS, Mobiles & Tablets
123 shares20 views

နယ္သာလန္မွ Apple Store တစ္ခုမွာ iPad ေပါက္ကြဲမႈ ျဖစ္ပြား

Ko Thuya - Aug 21, 2018

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က နယ္သာလန္ ႏိုင္ငံ အမ္စတာဒမ္မွ Apple Store တစ္ခုမွာ အိုင္ပတ္ တစ္လံုး ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ပါတယ္။ ဒါဟာ ဘက္ထရီ ျပႆနာ သို႔မဟုတ္ အပူလြန္ကဲမႈေၾကာင့္ ျဖစ္တယ္လို႔ နယ္သာလန္မွ မီဒီယာတစ္ခု ျဖစ္တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ႕ တရားဝင္ထြက္ရွိလာျပီျဖစ္တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
476 shares77 views

Waterdrop Notch ပါ Display နဲ႕ တရားဝင္ထြက္ရွိလာျပီျဖစ္တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ႕ ကိုယ္ပိုင္ Digital Assistant ျဖစ္တဲ့ Jovi က ေျပာထားတဲ့အတိုင္း Vivo X23 ဖုန္းဟာ ယေန႕၊ ၾသဂုတ္လ ၂၀ ရက္ေန႕မွာ တရားဝင္ထြက္ရွိလာျပီ ျဖစ္ပါတယ္။ Vivo ရဲ႕ တရုတ္ႏိုင္ငံဝဘ္ဆိုဒ္ကေန တရားဝင္ထြက္ရွိလာတာျဖစ္ျပီး၊…

Leave a Comment

Most from this category