1801 Shares 687 Views
Google Pixel Buds နှင့် Apple AirPods တွေရဲ့ specification များကိုနှိုင်းယှဉ်ကြည့်ခြင်း
Mar 13, 2018
1801 687
[Zawgyi]
Connectivity
Google’s Pixel Buds —> Bluetooth
Apple AirPods —> Bluetooth, W1 chip
Weight
Google’s Pixel Buds —> 14grams
Apple AirPods —> 4grams
Wireless Charging – Both
Battery
Google’s Pixel Buds —> 120 mAh
Apple AirPods —> 62 mAh
Battery Life – Both 5 hours
Charging Case- Both USB Type-C
Sensors
Google’s Pixel Buds —> Microphone, Accelerometer, Capacitive touchpad
Apple AirPods —> Dual beam-forming microphones, Dual Optical Sensors, Motion-detecting accelerometer, Speech-detecting accelerometer
Design
Controls
Battery Life
Compatibility
Price
[Unicode]
Connectivity
Google’s Pixel Buds —> Bluetooth
Apple AirPods —> Bluetooth, W1 chip
Weight
Google’s Pixel Buds —> 14grams
Apple AirPods —> 4grams
Wireless Charging – Both
Battery
Google’s Pixel Buds —> 120 mAh
Apple AirPods —> 62 mAh
Battery Life – Both 5 hours
Charging Case- Both USB Type-C
Sensors
Google’s Pixel Buds —> Microphone, Accelerometer, Capacitive touchpad
Apple AirPods —> Dual beam-forming microphones, Dual Optical Sensors, Motion-detecting accelerometer, Speech-detecting accelerometer
Design
ဒီဇိုင်းပိုင်းကတော့ AirPod တွေရဲ့ အဖြူရောင် လည်တံရှည်ရှည်လေးနဲ့ ခပ်ဖောင်းဖောင်း bud ကလေးက နားထဲမှာကွက်တိပါပဲ။ Pixel Buds တွေကတော့ ပိုဝိုင်းပြီး နည်းနည်းပိုကျယ်ပါတယ်။ Apple AirPods တွေကတော့ လုံးဝကြိုးမဲ့ပေမယ့် Pixel Buds တွေကတော့ ကြိုးနဲ့ဆက်ပြီး tether လုပ်ထားပါတယ်။ ကြိုးပါတော့ နားကြပ်ပြုတ်ကျသွားမှာဘာညာတော့စိတ်ပူစရာတော့မလိုဘူးပေါ့။
Controls
Control တွေကတော့ ၂ခုလုံးတူတူပဲပေမယ့် Pixel Buds တွေမှာတော့ function နည်းနည်းပိုပါလာပါတယ်။ Apple AirPods တွေမှာတော့ လက်ကလေးနဲ့ထိလိုက် (1 tap) ရုံနဲ့ သီချင်း play, pause လုပ်လို့ရပြီး Pixel Buds တွေမှာတော့ play, pause အပြင် touch မျက်နှာပြင်လေးကိုဝိုက်ထိပြီး အသံအတိုးအလျှော့ပါညှိလို့ရပါတယ်။
AI Assistant and Translation
AI ကတော့ သူတို့ကုမ္ပဏီတွေရဲ့ကိုယ်ပိုင်တွေကိုသုံးမှာဆိုတော့ AirPods တွေမှာ Siri, Pixel Buds တွေမျာ Google Assistant ကိုထောက်ပံ့ပေးနိုင်ပါတယ်။ ဒီနေရာမှာ ကိုယ်က အင်္ဂလိပ်လိုပြောရတာအဆင်မပြေဘူးဆိုရင် Pixel Buds တွေအဆင်ပြေမှာမဟုတ်ပါဘူး။ Siri က ဘာသာစကားတွေပိုများများထောက်ပံ့ပေးနိုင်တဲ့အတွက် AirPods တွေက Assistant ပိုင်းမှာ ပိုအဆင်ပြေပါလိမ့်မယ်။
Battery Life
Pixel Buds တွေက 120mAh ဖြစ်လို့ AirPods တွေထက် တစ်ဝက်လောက်ပိုများပေမယ့်လည်း ၂ခုလုံးရဲ့ဘက်ထရီခံနိုင်စွမ်းက ၅နာရီချင်းတူတူပါပဲ။ Apple ရဲ့ W1 chip တွေက ဘက်ထရီချွေတာမှုပိုင်းမှာတော်တော်အားကောင်းတ့ဲအတွက် ဘက်ထရီအများကြီးသုံးစရာမလိုဘဲ တူတူလောက်သွားကျတာပါ။
Compatibility
၂မျိုးလုံးက ကုမ္ပဏီရဲ့ကိုယ်ပိုင်ထုတ်ကုန်တွေအတွက်ထုတ်ထားကြတာပါပဲ။ AirPods တွေဆို iPhone, iPad, Apple TV, Mac တွေနဲ့သုံးလို့ရသလို Google Pixel Buds တွေဆို ကုမ္ပဏီရဲ့ Pixel ဖုန်းတွေအတွက်ဒီဇိုင်းဆွဲထုတ်လုပ်ထားတာပါ။ ဒါပေမယ့်၂မျိုးလုံးက Bluetooth ကိုသုံးထားတာဖြစ်လို့ တခြားဖုန်းတွေနဲ့တွဲဖက်သုံးလို့လည်းအဆင်ပြေပါတယ်။
Price
၂ခုလုံးက ဈေးနှုန်းက British pound 159 ဖြစ်တဲ့အတွက် မြန်မာငွေနဲ့ဆို ၃သိန်းနီးပါးလောက်ကျပါလိမ့်မယ်။ iPhone user, Pixel user တွေလည်း ရှိပြီးသားဆိုတော့ ကိုယ်ကြိုက်တာရွေးချယ်ဖို့ပိုလွယ်မှာပါ။
You may be interested
Samsung Galaxy S10 မှာ Infinity-O Display နဲ့ Ultrasonic Fingerprint Scanner ပါမည်
Android, HUBS, Mobiles & Tablets
0 shares0 views
Samsung Galaxy S10 မှာ Infinity-O Display နဲ့ Ultrasonic Fingerprint Scanner ပါမည်
Ko Thuya - Nov 14, 2018
လာမယ့်နှစ်မှာ ကြေညာမယ့် Samsung Galaxy S10 ရဲ့ သတင်းအချက်အလက်များ အခု ကတည်းက ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း Evan Blass က သူ့မှာ မျက်နှာပြင်အောက် Selfie ကင်မရာ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ Infinity-O Notch ပါလာနိုင်တာကြောင့်…
Waymo ရဲ့ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို လာမယ့်လမှာ စတင်မည်
Automobiles, NEWS, Tech Update
34 shares5 views
Waymo ရဲ့ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို လာမယ့်လမှာ စတင်မည်
Ko Thuya - Nov 14, 2018
Waymo က ဒီဇင်ဘာလ အစောပိုင်းမှာ မောင်းသူမဲ့ တက္ကစီ ၀န်ဆောင်မှုကို စတင်တော့မယ်လို့ အမည်မဖော်ပြထားတဲ့ အရင်းအမြစ်တစ်ခုက Bloomberg ကို ပြောပါတယ်။ Phoenix Arizona မှာ ၀န်ဆောင်မှုကို ပြုလုပ်ပေးမယ်လို့ ထင်ရပါတယ်။ အဲဒီ ဒေသမှာ ကုမ္ပဏီက မောင်းသူမဲ့…
Amazon ထက် ရောင်းအားကောင်းခဲ့တဲ့ Alibaba ရဲ့ Singles Day
NEWS
448 shares49 views
Amazon ထက် ရောင်းအားကောင်းခဲ့တဲ့ Alibaba ရဲ့ Singles Day
Ko Thuya - Nov 14, 2018
Alibaba က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ၁၀ ကြိမ်မြောက် Singles Day ဈေးရောင်းပွဲတော်ကို ပြုလုပ်ပေးခဲ့ပြီး ဒေါ်လာ ၃၀.၈ ဘီလီယံဖိုးဖြင့် ရောင်းအား စံချိန်တင်သွားခဲ့ပါတယ်။ ၂၄ နာရီအတွင်းမှာ အဲဒီ ပမာဏကို ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ၁ မိနစ်နဲ့…
Leave a Comment
Most from this category