111 Shares 31 Views

ကားရဲ႕ Touchscreen ကေန ေလာင္စာဆီ ၀ယ္ယူႏုိင္ေတာ့မည္

Mar 13, 2018
111 31

ေလာင္စာဆီ ၀ယ္ယူဖို႔အတြက္ ဆီဆိုင္မ်ားမွာ ကားေပၚကေနဆင္း၊ ေငြသား သို႔မဟုတ္ ခရက္ဒစ္ကဒ္မ်ားျဖင့္ ေငြေပးေခ်ရပါတယ္။ အနာဂတ္မွာေတာ့ သင္ ကားေပၚကေန ဆင္းစရာ မလိုဘဲ ဆီဆိုင္မ်ားမွာ ေလာင္စာဆီ ၀ယ္ယူႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ သုေတသနပညာရွင္မ်ားက အင္တာနက္ ခ်ိတ္ဆက္ႏုိင္တဲ့ ဆီပန္႔မ်ားကို ဖန္တီးေနၾကပါတယ္။ ကားရဲ႕ ထိေတြ႕မ်က္ႏွာျပင္ကေန ယာဥ္ေမာင္းသူမ်ားက ေလာင္စာဆီ ၀ယ္ယူႏုိ္င္မွာ ျဖစ္ပါတယ္။

ဒီစနစ္မွာ သံုးမယ့္ နည္းပညာမ်ားဟာ ရွိၿပီးသား ျဖစ္တဲ့အတြက္ သူ႔ကို အေကာင္အထည္ေဖာ္ဖို႔အတြက္ အလြန္ ရွင္းလင္းလြယ္ကူပါတယ္။ ေနာက္ပိုင္းထုတ္ကားမ်ားမွာ ကားရဲ႕ Dashboard တြင္ ထိေတြ႕မ်က္ႏွာျပင္မ်ားကို ထည့္သြင္းလာၾကပါတယ္။ ဒုတိယ အပုိင္းကေတာ့ ဆီပန္႔မ်ားကို အင္တာနက္ ခ်ိတ္ဆက္ႏုိင္ေအာင္ လုပ္ေပးဖို႔ ျဖစ္ပါတယ္။ ဒီေန႔ေခတ္မွာ မီးဖိုမ်ားကေန ကားတာယာမ်ားအထိ အင္တာနက္ ခ်ိတ္ဆက္ႏုိင္ေအာင္ ဖန္တီးႏိုင္တဲ့အတြက္ ဒါဟာလည္း မခက္ခဲပါဘူး။

တတိယ အပိုင္းအေနျဖင့္ ကားနဲ႔ ဆီပန္႔အၾကားမွာ မိုဘိုင္းေငြေပးေခ်မႈကို ျပဳလုပ္ေပးဖို႔ ျဖစ္ပါတယ္။ ဒါကိုလည္း PayPal, Apple Pay , Android Pay တို႔လို ၀န္ေဆာင္မႈမ်ားျဖင့္ ျပဳလုပ္ႏုိင္ပါတယ္။ ဒီနည္းပညာအားလံုးကို ေပါင္းစပ္ဖို႔သာ လိုအပ္ပါေတာ့တယ္။

ဒီစနစ္သာ ေပၚေပါက္လာမယ္ဆိုရင္ ယာဥ္ေမာင္းမ်ားဟာ ေလာင္စာဆီ အမ်ိဳးအစားကို ေရြးခ်ယ္ၿပီးတာနဲ႔ ကားရဲ႕ Infotainment System မွ App ကို အသံုးျပဳ၍ ေလာင္စာဆီ ကုမၸဏီထံသို႔ တိုက္ရို္က္ ေငြေပးေခ်ႏုိင္မွာ ျဖစ္ပါတယ္။

Ref : digitaltrends

unicode

ကားရဲ့ Touchscreen ကနေ လောင်စာဆီ ဝယ်ယူနိုင်တော့မည်

လောင်စာဆီ ဝယ်ယူဖို့အတွက် ဆီဆိုင်များမှာ ကားပေါ်ကနေဆင်း၊ ငွေသား သို့မဟုတ် ခရက်ဒစ်ကဒ်များဖြင့် ငွေပေးချေရပါတယ်။ အနာဂတ်မှာတော့ သင် ကားပေါ်ကနေ ဆင်းစရာ မလိုဘဲ ဆီဆိုင်များမှာ လောင်စာဆီ ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ သုတေသနပညာရှင်များက အင်တာနက် ချိတ်ဆက်နိုင်တဲ့ ဆီပန့်များကို ဖန်တီးနေကြပါတယ်။ ကားရဲ့ ထိတွေ့မျက်နှာပြင်ကနေ ယာဉ်မောင်းသူများက လောင်စာဆီ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒီစနစ်မှာ သုံးမယ့် နည်းပညာများဟာ ရှိပြီးသား ဖြစ်တဲ့အတွက် သူ့ကို အကောင်အထည်ဖော်ဖို့အတွက် အလွန် ရှင်းလင်းလွယ်ကူပါတယ်။ နောက်ပိုင်းထုတ်ကားများမှာ ကားရဲ့ Dashboard တွင် ထိတွေ့မျက်နှာပြင်များကို ထည့်သွင်းလာကြပါတယ်။ ဒုတိယ အပိုင်းကတော့ ဆီပန့်များကို အင်တာနက် ချိတ်ဆက်နိုင်အောင် လုပ်ပေးဖို့ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ မီးဖိုများကနေ ကားတာယာများအထိ အင်တာနက် ချိတ်ဆက်နိုင်အောင် ဖန်တီးနိုင်တဲ့အတွက် ဒါဟာလည်း မခက်ခဲပါဘူး။

တတိယ အပိုင်းအနေဖြင့် ကားနဲ့ ဆီပန့်အကြားမှာ မိုဘိုင်းငွေပေးချေမှုကို ပြုလုပ်ပေးဖို့ ဖြစ်ပါတယ်။ ဒါကိုလည်း PayPal, Apple Pay , Android Pay တို့လို ဝန်ဆောင်မှုများဖြင့် ပြုလုပ်နိုင်ပါတယ်။ ဒီနည်းပညာအားလုံးကို ပေါင်းစပ်ဖို့သာ လိုအပ်ပါတော့တယ်။

ဒီစနစ်သာ ပေါ်ပေါက်လာမယ်ဆိုရင် ယာဉ်မောင်းများဟာ လောင်စာဆီ အမျိုးအစားကို ရွေးချယ်ပြီးတာနဲ့ ကားရဲ့ Infotainment System မှ App ကို အသုံးပြု လောင်စာဆီ ကုမ္ပဏီထံသို့ တိုက်ရိုက် ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်။

Ref : digitaltrends

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ႕ သတင္းအခ်က္အလက္မ်ား Geekbench မွာ ထြက္ေပၚလာ
Android, HUBS, Mobiles & Tablets
0 shares0 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ႕ သတင္းအခ်က္အလက္မ်ား Geekbench မွာ ထြက္ေပၚလာ

Ko Thuya - Aug 21, 2018

ေရွာင္မီက Pocophone F1 အမည္ရ စမတ္ဖုန္း အသစ္ကို ဖန္တီးေနတဲ့ သတင္းမ်ား မၾကာခဏ ထြက္ေပၚလာပါတယ္။ သူ႔ကို ယခုလ ၂၂ ရက္ေန႔မွာ အိႏၵိယမွာ ေၾကညာမယ္လို႔လည္း သတင္းထြက္ေနပါတယ္။ အခုေတာ့ Geekbench မွာ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ား ထြက္ေပၚလာၿပီး…

နယ္သာလန္မွ Apple Store တစ္ခုမွာ iPad ေပါက္ကြဲမႈ ျဖစ္ပြား
Apple, HUBS, Mobiles & Tablets
123 shares20 views

နယ္သာလန္မွ Apple Store တစ္ခုမွာ iPad ေပါက္ကြဲမႈ ျဖစ္ပြား

Ko Thuya - Aug 21, 2018

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က နယ္သာလန္ ႏိုင္ငံ အမ္စတာဒမ္မွ Apple Store တစ္ခုမွာ အိုင္ပတ္ တစ္လံုး ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ပါတယ္။ ဒါဟာ ဘက္ထရီ ျပႆနာ သို႔မဟုတ္ အပူလြန္ကဲမႈေၾကာင့္ ျဖစ္တယ္လို႔ နယ္သာလန္မွ မီဒီယာတစ္ခု ျဖစ္တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ႕ တရားဝင္ထြက္ရွိလာျပီျဖစ္တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
476 shares77 views

Waterdrop Notch ပါ Display နဲ႕ တရားဝင္ထြက္ရွိလာျပီျဖစ္တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ႕ ကိုယ္ပိုင္ Digital Assistant ျဖစ္တဲ့ Jovi က ေျပာထားတဲ့အတိုင္း Vivo X23 ဖုန္းဟာ ယေန႕၊ ၾသဂုတ္လ ၂၀ ရက္ေန႕မွာ တရားဝင္ထြက္ရွိလာျပီ ျဖစ္ပါတယ္။ Vivo ရဲ႕ တရုတ္ႏိုင္ငံဝဘ္ဆိုဒ္ကေန တရားဝင္ထြက္ရွိလာတာျဖစ္ျပီး၊…

Leave a Comment

Most from this category