2822 Shares 1481 Views

Xiaomi Mi 7 ရဲ႕ သတင္းအခ်က္အလက္မ်ား Geekbench မွာ ထြက္ေပၚလာ

Mar 13, 2018
2822 1481

Xiaomi Mi 7 ကို မၾကာခင္မွာ ေၾကညာေတာ့မယ္လို႔ သတင္းထြက္ေနပါတယ္။ အခုေတာ့ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္းရဲ႕ သတင္းအခ်က္အလက္မ်ားဟာ ဖုန္းမ်ားရဲ႕ စြမ္းေဆာင္ရည္ကို စမ္းသပ္တဲ့ Geekbench ၀က္ဆိုက္ကေန ထြက္ေပၚလာပါတယ္။ သူ႔ရဲ႕ လွ်ိဳ႕၀ွက္ အမည္မွာ Dipper ျဖစ္ပါတယ္။

Xiaomi Mi 7 မွာ Qualcomm Snapdragon 845 Chipset ထည့္သြင္းထားမယ္လို႔ Benchmark အမွတ္မ်ားအရ သိရပါတယ္။ အျခား စိတ္၀င္စားစရာ ေကာင္းတာက Clock Speed ျဖစ္ပါတယ္။ Snapdragon 845 မွာ 1.8GHz Kryo 385 Silver Core ေလးလံုး ထည့္ေပးထားၿပီး Geekbench မွာ အနိမ့္ဆံုး Clock Speed ကို ေဖာ္ျပထားတဲ့အတြက္ ဒါဟာ Qualcomm ရဲ႕ ေနာက္ဆံုးထုတ္ 10nm Chipset ျဖစ္ႏုိင္ပါတယ္။ Xiaomi Mi 7 ကို မတူညီတဲ့ RAM မ်ားပါတဲ့ ေမာ္ဒယ္ႏွစ္မ်ိဳးထုတ္လုပ္ေပးထားမွာ ျဖစ္ပါတယ္။ တစ္မ်ိဳးမွာ 6GB RAM ျဖစ္ၿပီး Android Oreo 8.0 ျဖစ္ႏုိင္ပါတယ္။

ေပါက္ၾကားထြက္ေပၚဖူးတဲ့ သတင္းအခ်က္အလက္မ်ားအရ သူ႔မွာ 18:9 Aspect Ratio ပါတဲ့ Bezel-less Screen ပါလာႏုိင္ပါတယ္။ အရည္အေသြးမွာ Full HD+ (2160x1080p ) နဲ႔ အရြယ္အစားမွာ ၆.၀၁ လက္မ ျဖစ္ပါတယ္။ Notch လည္း ပါလာႏုိင္ပါတယ္။ အရြယ္ႀကီး စမတ္ဖုန္း ျဖစ္တဲ့အတြက္ အရြယ္ႀကီး ဘက္ထရီ ထည့္သြင္းထားႏုိင္ပါတယ္။ ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းအရ သူ႔မွာ 3400mAh Battery ထည့္သြင္းထားႏုိင္ပါတယ္။

စြမ္းရည္ ပိုမို ျမင့္မားတဲ့ ေမာ္ဒယ္မွာ 8GB RAM , 256GB Internal Storage မ်ား ထည့္သြင္းထားႏုိင္ပါတယ္။ UFS 2.1 အစား UFS 3.0 စံႏႈန္းကို အသံုးျပဳထားတဲ့အတြက္ Apps မ်ားစြာကို ဖြင့္ရင္ အလြန္လွ်င္ျမန္ပါတယ္။ Mi 6 ကို ယခင္ႏွစ္ ဧၿပီလမွာ မိတ္ဆက္ခဲ့ၿပီး Mi 7 ကို ယခုႏွစ္ ပထမႏွစ္၀က္မကုန္ခင္မွာ ေၾကညာႏုိင္ပါတယ္။

Ref : mysmartprice

unicode

Xiaomi Mi 7 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Xiaomi Mi 7 ကို မကြာခင်မှာ ကြေညာတော့မယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းရဲ့ သတင်းအချက်အလက်များဟာ ဖုန်းများရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်တဲ့ Geekbench ဝက်ဆိုက်ကနေ ထွက်ပေါ်လာပါတယ်။ သူ့ရဲ့ လျှို့ဝှက် အမည်မှာ Dipper ဖြစ်ပါတယ်။

Xiaomi Mi 7 မှာ Qualcomm Snapdragon 845 Chipset ထည့်သွင်းထားမယ်လို့ Benchmark အမှတ်များအရ သိရပါတယ်။ အခြား စိတ်ဝင်စားစရာ ကောင်းတာက Clock Speed ဖြစ်ပါတယ်။ Snapdragon 845 မှာ 1.8GHz Kryo 385 Silver Core လေးလုံး ထည့်ပေးထားပြီး Geekbench မှာ အနိမ့်ဆုံး Clock Speed ကို ဖော်ပြထားတဲ့အတွက် ဒါဟာ Qualcomm ရဲ့ နောက်ဆုံးထုတ် 10nm Chipset ဖြစ်နိုင်ပါတယ်။ Xiaomi Mi 7 ကို မတူညီတဲ့ RAM များပါတဲ့ မော်ဒယ်နှစ်မျိုးထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ တစ်မျိုးမှာ 6GB RAM ဖြစ်ပြီး Android Oreo 8.0 ဖြစ်နိုင်ပါတယ်။

ပေါက်ကြားထွက်ပေါ်ဖူးတဲ့ သတင်းအချက်အလက်များအရ သူ့မှာ 18:9 Aspect Ratio ပါတဲ့ Bezel-less Screen ပါလာနိုင်ပါတယ်။ အရည်အသွေးမှာ Full HD+ (2160x1080p ) နဲ့ အရွယ်အစားမှာ ၆.၀၁ လက်မ ဖြစ်ပါတယ်။ Notch လည်း ပါလာနိုင်ပါတယ်။ အရွယ်ကြီး စမတ်ဖုန်း ဖြစ်တဲ့အတွက် အရွယ်ကြီး ဘက်ထရီ ထည့်သွင်းထားနိုင်ပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းအရ သူ့မှာ 3400mAh Battery ထည့်သွင်းထားနိုင်ပါတယ်။

စွမ်းရည် ပိုမို မြင့်မားတဲ့ မော်ဒယ်မှာ 8GB RAM , 256GB Internal Storage များ ထည့်သွင်းထားနိုင်ပါတယ်။ UFS 2.1 အစား UFS 3.0 စံနှုန်းကို အသုံးပြုထားတဲ့အတွက် Apps များစွာကို ဖွင့်ရင် အလွန်လျှင်မြန်ပါတယ်။ Mi 6 ကို ယခင်နှစ် ဧပြီလမှာ မိတ်ဆက်ခဲ့ပြီး Mi 7 ကို ယခုနှစ် ပထမနှစ်ဝက်မကုန်ခင်မှာ ကြေညာနိုင်ပါတယ်။

Ref : mysmartprice

You may be interested

Xiaomi Redmi Note 5 Pro မွာ 60fps ျဖင့္ Full HD Video မ်ားကို ရိုက္ကူးႏုိင္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Redmi Note 5 Pro မွာ 60fps ျဖင့္ Full HD Video မ်ားကို ရိုက္ကူးႏုိင္လာ

Ko Thuya - Jun 25, 2018

တစ္စကၠန္႔လွ်င္ ၆၀ ဖရိမ္ႏႈန္းျဖင့္ Full HD Video မ်ားကို ရိုက္ကူးႏိုင္တဲ့ စြမ္းရည္ဟာ Xiaomi Redmi Note 5 Pro ရဲ႕ Chinese MIUI 10 Beta မွာ ပါလာပါတယ္။ ဒီသတင္းကို XDA…

IGTV ဆုိတဲ့ App အသစ္ကိုဖန္တီးလုိက္တဲ့ Instagram
NEWS
96 shares32 views

IGTV ဆုိတဲ့ App အသစ္ကိုဖန္တီးလုိက္တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည္ေထာင္တဲ့အခ်ိန္ကေန ဒီေန႔ထိဆိုရင္ Instagram ကိုအသံုးျပဳသူေပါင္း ၁ဘီလီယံရိွသြားျပီျဖစ္ျပီး ဒီေၾကညာခ်က္နဲ႔အတူ စိတ္ဝင္စားစရာ App တစ္ခုပါ ထြက္ရိွလာခဲ့ပါျပီ။ သူကေတာ့ Instragram မွာ ေဒါင္လုိက္ ဗီဒီယိုအရွည္ေတြကို ၾကည့္လို႔ရႏုိင္မယ့္ IGTV ဆုိတဲ့ App အသစ္ေလးျဖစ္ျပီး ဗီဒီယိုဖန္တီးသူေတြအတြက္…

ဖုန္းကေန ကားစက္ႏိႈးျခင္း၊ ကားတံခါးကို Unlock လုပ္ျခင္းမ်ား ျပဳလုပ္နိုင္ေတာ့မည္
Automobiles, Mobiles & Tablets, NEWS
123 shares32 views

ဖုန္းကေန ကားစက္ႏိႈးျခင္း၊ ကားတံခါးကို Unlock လုပ္ျခင္းမ်ား ျပဳလုပ္နိုင္ေတာ့မည္

Ko Thuya - Jun 24, 2018

စမတ္ဖုန္းမ်ားဟာ လူေတြနဲ႔ အနီးဆံုးရွိတဲ့ ကိရိယာမ်ား ျဖစ္လာသလို သူ႔မွာ စြမ္းရည္မ်ား ပိုမိုမ်ားျပားေအာင္လည္း ထည့္သြင္းေပးေနၾကပါတယ္။ အခုလည္း စမတ္ဖုန္းကေန ကားစက္ႏိႈးျခင္း၊ ကားတံခါမ်ား ဖြင့္ျခင္းမ်ားကို ျပဳလုပ္ႏုိင္မယ့္ စံႏႈန္းတစ္ခုကို သတ္မွတ္လိုက္ပါတယ္။ Car Connectivity Consortium (CCC) က Digital…

Leave a Comment

Most from this category