153 Shares 88 Views

Phone လာရင် Floating Popups အနေနဲ့ ပြပေးမယ့် Call Popout(Android App)

Mar 12, 2018
153 88






Download

Ref : androidcentral

unicode

Phone လာရင် Floating Popups အနေနဲ့ပြပေးမယ့် Call Popout

Phone လာရင် Facebook Chat Heads လို Popup အနေနဲ့ပြပေးမယ်ဆိုရင် လက်ရှိ သုံးနေတဲ့ App ၊ လက်ရှိလုပ်နေတဲ့ အလုပ်ကို ဆက်လက်ပြုလုပ်လို့ရစေမှာ ဖြစ်ပါတယ်။ အဲဒီအတွက်လုပ်လက်စ အလုပ်မပျက်တော့ပါဘူး။အရေးကြီးအကြောင်းအရာတွေရေးမှတ်နေတဲ့အခြေအနေမျိုးမှာဆိုရင်လည်းအသုံးဝင်ပါတယ်။ ဒီလို ပြုလုပ်ပေးနိုင်တာက Call Popout App ဖြစ်ပြီး တစ်ခြား Features အပိုတွေ လည်းပါရှိပါတယ်။ အပိုပါတဲ့ Features တွေကတော့ Head Border Color ကိုပြောင်းလဲနိုင်တာ၊ ရွေးချယ်ထားတဲ့ App တွေကိုသုံးနေမှသာ Call Popout ကိုအလုပ်လုပ်စေနိုင်တာတွေ ဖြစ်ပါတယ်။

Setting Screen က Mode Option မှာ App အားလုံးဒါမှမဟုတ် သတ်မှတ်ထားတဲ့ Apps တွေမှသာ Call Popout ကိုအလုပ်လုပ်စေဖို့ ရွေးချယ်နိုင်ပါတယ်။App List ကိုနှိပ်ပြီး Apps တွေကို ရွေးချယ်နိုင်ပါတယ်။ Off Option ကတော့ Call Popout ကို Off လုပ်ထားတာဖြစ်ပါတယ်။

Call Bubble ကို Touch လုပ်ရင် Silent လုပ်ဖို့ ၊မလုပ်ဖို့လည်းရွေးနိုင်ပါတယ်။ Head Size ကိုလည်း Small, Medium, Large စသဖြင့် ရွေးနိုင်ပါတယ်။ Head Border Color ကိုလည်းရွေးနိုင်သလို Bubble Alignment ကိုလည်း Top, Center, Bottom စသဖြင့်ရွေးနိုင်ပါတယ်။

ဖုန်းလာရင် အောက်ကပုံမှာလို Popup ပေါ်လာမှာဖြစ်ပြီး Caller Photo,Name စသဖြင့်ပြပေးမှာဖြစ်ပြီး Accept,Reject လုပ်နိုင်ပါတယ်။

ဖုန်း ဝင်လာလို့ လုပ်လက်စအလုပ်တွေ ဆက်လုပ်လို့မရဘဲ အနှောင့်အယှက်ဖြစ်ရရင်တော့ Call Popout ကိုအသုံးပြုပါ။ Call Popout ကို အောက်ပါ လင့်မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။

Download

Ref : androidcentral

You may be interested

Xiaomi Black Shark 2 ကို ကြေညာမယ့် ရက်ကို သိရပြီ
Android, HUBS, Mobiles & Tablets
shares0 views

Xiaomi Black Shark 2 ကို ကြေညာမယ့် ရက်ကို သိရပြီ

Ko Thuya - Oct 16, 2018

Xiaomi Black Shark 2 ရဲ့ Teaser တစ်ခု ထွက်ပေါ်လာပါတယ်။ ပိုစတာမှာ အောက်တိုဘာလ ၂၃ ရက်လို့ ရေးသားထားတဲ့ အတွက် ဒီဖုန်းကို အဲနေ့မှာ ကြေညာနိုင်ပါတယ်။ ပိုစတာမှာ တရုတ်လို ရေးသားထားတဲ့အတွက် အဲဒီမှာ ကြေညာနိုင်ပါတယ်။ ရှောင်မီကတော့…

Dell က ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ကို ပြသ
Dell, HUBS, NEWS
0 shares0 views

Dell က ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ကို ပြသ

Ko Thuya - Oct 16, 2018

Dell UltraSharp U4919DW ဟာ ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ဖြစ်လာပါတယ်။ ဈေးကွက်ထဲမှ အခြား Ultra-wide Display များဟာ Full HD Resolution သာ ရှိပါတယ်။ ဒါ့အပြင်…

၂၀၁၉ ခုနှစ်မှာ အာကာသကို ခရီးသည် ပို့ဆောင်ပေးမယ့် Jeff Bezos
NEWS, Tech Update
0 shares0 views

၂၀၁၉ ခုနှစ်မှာ အာကာသကို ခရီးသည် ပို့ဆောင်ပေးမယ့် Jeff Bezos

Ko Thuya - Oct 16, 2018

Amazon CEO Jeff Bezos က ကုန်ပစ္စည်းများ ရောင်းချတဲ့ လုပ်ငန်း အပြင် Blue Origin အမည်ရ အာကာသ နည်းပညာ ကုမ္ပဏီကိုပါ တည်ထောင်ထားပါတယ်။ ဒီကုမ္ပဏီဟာ သူ့အတွက် အရေးအကြီးဆုံးလို့တောင် သူက ပြောပါတယ်။ သူက အာကာသ…

Leave a Comment

Most from this category