186 Shares 82 Views

စမတ္ဖုန္းမ်ားရဲ႕ ႀကိဳးမဲ့ အားသြင္း နည္းပညာ အေၾကာင္း သိေကာင္းစရာမ်ား အပိုင္း (၂)

Mar 12, 2018
186 82

Android Device မ်ားမွာ ႀကိဳးမဲ့အားသြင္း နည္းပညာမ်ားထည့္သြင္းေပးထားတာ ႏွစ္အနည္းငယ္ၾကာေနပါၿပီ။ အခုေတာ့ Apple ကလည္း iPhone X, iPhone 8 နဲ႔ iPhone 8 Plus မ်ားမွာ ဒီနည္းပညာကို ပထမဆံုး ထည့္သြင္းေပးလာပါတယ္။ ႀကိဳးမဲ့အားသြင္း နည္းပညာဆိုတာ ဘာလဲ ဆိုတာ ေလ့လာၾကည့္ရေအာင္။
(စမတ္ဖုန္းမ်ားရဲ႕ ႀကိဳးမဲ့ အားသြင္း နည္းပညာ အေၾကာင္း သိေကာင္းစရာမ်ား အပိုင္း (၁)ကို ဒီလင့္မွာ ဖတ္ပါ။ )

ကားထဲမွာ ႀကိဳးမဲ့ အားသြင္းစနစ္ကို သံုးႏုိင္သလား ?

ကားထုတ္လုပ္သူမ်ားဟာ ကားမ်ားမွာ ႀကိဳးမဲ့ အားသြင္း စနစ္မ်ားကို ထည့္သြင္းေပးလာၾကပါၿပီ။ သင့္ စမတ္ဖုန္းကို ကားထဲမွာ ႀကိဳးမဲ့အားသြင္းႏုိင္မွာ ျဖစ္ပါတယ္။ ဒီလို ႀကိဳးမဲ့အားသြင္းရင္ေတာ့ Apple CarPlay , Android Auto တို႔ကို အသံုးျပဳလို႔ မရပါဘူး။ Apple CarPlay , Android Auto တို႔ဟာ ႀကိဳးနဲ႔ခ်ိတ္ဆက္မွသာ အလုပ္လုပ္ပါတယ္။ BMW က မၾကာခင္က 5 Series မ်ားမွာ Wireless CarPlay ကို ထည့္သြင္းေပးခဲ့တဲ့အတြက္ အနာဂတ္မွာ ဒီနည္းပညာမ်ားကို ပိုမို တြင္က်ယ္စြာ သံုးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

Audi က သူ႔ရဲ႕ Phone Box System မွာ Qi Wireless Charger ကို ထည့္ေပးထားပါတယ္။ သင့္ဖုန္းဟာ Qi အားသြင္းစနစ္ကို ေထာက္ပံ့ရင္ Phone Box မွ Pad ေပၚတင္ေပးလိုက္ရံုပါပဲ။ ဒါေပမယ့္ အျခား ဖုန္းမ်ားအတြက္ေတာ့ Qi ကို ေထာက္ပံ့တဲ့ Case လိုအပ္လာပါတယ္။ Audi က Qi Wireless Charging Pad နဲ႔ တြဲဖက္ သံုးႏုိင္ေအာင္ iPhone အေဟာင္းမ်ားအတြက္ Qi Case ကို ထုတ္လုပ္ေပးထားပါတယ္။

BMW ကလည္း သူ႔ရဲ႕ ကားမ်ားမွာ အလားတူ စနစ္ကို ထည့္သြင္းေပးထားပါတယ္။ 7 Series မ်ားမွာ Wireless Charging ပါတဲ့ ေမာ္ဒယ္မ်ားကို ေရြးခ်ယ္ႏုိင္ပါတယ္။ BMW ရဲ႕ အျခား ေမာ္ဒယ္အားလံုးမွာလည္း အသင့္သံုးႏုိင္တဲ့ Wireless Charging Adapter ကို ထည့္သြင္း၍လည္း သံုးႏုိင္ပါတယ္။ Audi လိုပဲ BMW ဟာ Qi Charging Pad နဲ႔ တြဲဖက္ သံုးႏုိင္တဲ့ Qi Wireless Charging Case ကို ထုတ္လုပ္ေပးထားပါတယ္။

Lexus NX Series မ်ားမွာလည္း Wireless Charger ကို သံုးႏုိင္ပါတယ္။ Qi Case ကိုလည္း ကုမၸဏီက ထုတ္လုပ္ေပးထားပါတယ္။ တိုယိုတာကလည္း သူ႔ရဲ႕ ေမာ္ဒယ္ အခ်ိဳ႕မွာ Qi Wireless Charging ထည့္ေပးထားပါတယ္။

ႀကိဳးမဲ့အားသြင္းစနစ္ကို ပံ့ပိုးေပးထားတဲ့ စားေသာက္ဆုိင္မ်ား

သင့္ဖုန္းကို သင့္အိမ္နဲ႔ ကားထဲမွာပဲ ႀကိဳးမဲ့အားသြင္းလို႔ရတာ မဟုတ္ပါဘူး။ McDonalds နဲ႔ Starbucks တို႔က သူတို႔ရဲ႕ အေရာင္းဆိုင္မ်ားမွာ ႀကိဳးမဲ့အားသြင္းစနစ္ကို ထည့္သြင္းေပးထားပါတယ္။ Starbucks က Powermat Wireless Charging ကို ပံ့ပိုးေပးထားပါတယ္။ McDonalds က Qi Wireless Charging ကို ပံ့ပိုးေပးထားပါတယ္။ ဆြီဒင္ ပရိေဘာဂ ထုတ္လုပ္သူ Ikea ကလည္း Qi Wireless Charging ပါတဲ့ ပရိေဘာဂမ်ားကို ထုတ္လုပ္ေရာင္းခ်ေနပါတယ္။ စားပြဲခံုမ်ား၊ မီးအိမ္မ်ားမွာ ဒီနည္းပညာ ထည့္သြင္းထားတာ ျဖစ္ပါတယ္။

ႀကိဳးမဲ့အားသြင္းစနစ္ရဲ႕ ေကာင္းက်ိဳးနဲ႔ ဆိုးက်ိဳးမ်ား

ေကာင္းက်ိဳးမ်ား

• လံုျခံဳစိတ္ခ်စြာ အားသြင္းႏုိင္ျခင္း။
• ဖုန္းကို Charging Pad အေပၚကို တင္လိုက္တာနဲ႔ လြယ္ကူစြာ အားသြင္းႏုိင္ျခင္း။
• အားသြင္းႀကိဳးမ်ားနဲ႔ အလုပ္ရႈပ္စရာ မလိုျခင္း။
• ေနအိမ္အျပင္ဘက္နဲ႔ အားသြင္း ပလက္ေပါက္မ်ား မရွိတဲ့ ေနရာမ်ားမွာလည္း ႀကိဳးမဲ့ အားသြင္းႏုိင္ျခင္း။

ဆိုးက်ိဳးမ်ား

• 5 Watts ကိုသာ ေထာက္ပံ့တဲ့အတြက္ ႀကိဳးမဲ့ အားသြင္းရင္ ေႏွးေကြးျခင္း။
• ဖုန္းမ်ားမွာပါတဲ့ Quick Charge နည္းပညာဟာ အက်ိဳးမသက္ေရာက္ျခင္း။
• ဖုန္းကို အားသြင္း Pad အေပၚကို တင္ထားရတဲ့အတြက္ အားသြင္းေနစဥ္မွာ အသံုးျပဳလို႔ မရျခင္း။
• ႀကိဳးမဲ့အားသြင္း Adapters နဲ႔ Cases မ်ားဟာ ေစ်းႏႈန္းႀကီးမားျခင္း။
• Apple CarPlay နဲ႔ Android Auto တို႔နဲ႔ တြဲဖက္ မသံုးႏုိင္ျခင္း။

Ref : pocket-lint

unicode

စမတ်ဖုန်းများရဲ့ ကြိုးမဲ့ အားသွင်း နည်းပညာ အကြောင်း သိကောင်းစရာများ အပိုင်း (၂)

Android Device များမှာ ကြိုးမဲ့အားသွင်း နည်းပညာများထည့်သွင်းပေးထားတာ နှစ်အနည်းငယ်ကြာနေပါပြီ။ အခုတော့ Apple ကလည်း iPhone X, iPhone 8 နဲ့ iPhone 8 Plus များမှာ ဒီနည်းပညာကို ပထမဆုံး ထည့်သွင်းပေးလာပါတယ်။ ကြိုးမဲ့အားသွင်း နည်းပညာဆိုတာ ဘာလဲ ဆိုတာ လေ့လာကြည့်ရအောင်။
(စမတ်ဖုန်းများရဲ့ ကြိုးမဲ့ အားသွင်း နည်းပညာ အကြောင်း သိကောင်းစရာများ အပိုင်း (၁)ကို ဒီလင့်မှာ ဖတ်ပါ။ )

ကားထဲမှာ ကြိုးမဲ့ အားသွင်းစနစ်ကို သုံးနိုင်သလား ?

ကားထုတ်လုပ်သူများဟာ ကားများမှာ ကြိုးမဲ့ အားသွင်း စနစ်များကို ထည့်သွင်းပေးလာကြပါပြီ။ သင့် စမတ်ဖုန်းကို ကားထဲမှာ ကြိုးမဲ့အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ကြိုးမဲ့အားသွင်းရင်တော့ Apple CarPlay , Android Auto တို့ကို အသုံးပြုလို့ မရပါဘူး။ Apple CarPlay , Android Auto တို့ဟာ ကြိုးနဲ့ချိတ်ဆက်မှသာ အလုပ်လုပ်ပါတယ်။ BMW က မကြာခင်က 5 Series များမှာ Wireless CarPlay ကို ထည့်သွင်းပေးခဲ့တဲ့အတွက် အနာဂတ်မှာ ဒီနည်းပညာများကို ပိုမို တွင်ကျယ်စွာ သုံးနိုင်တော့မှာ ဖြစ်ပါတယ်။

Audi က သူ့ရဲ့ Phone Box System မှာ Qi Wireless Charger ကို ထည့်ပေးထားပါတယ်။ သင့်ဖုန်းဟာ Qi အားသွင်းစနစ်ကို ထောက်ပံ့ရင် Phone Box မှ Pad ပေါ်တင်ပေးလိုက်ရုံပါပဲ။ ဒါပေမယ့် အခြား ဖုန်းများအတွက်တော့ Qi ကို ထောက်ပံ့တဲ့ Case လိုအပ်လာပါတယ်။ Audi က Qi Wireless Charging Pad နဲ့ တွဲဖက် သုံးနိုင်အောင် iPhone အဟောင်းများအတွက် Qi Case ကို ထုတ်လုပ်ပေးထားပါတယ်။

BMW ကလည်း သူ့ရဲ့ ကားများမှာ အလားတူ စနစ်ကို ထည့်သွင်းပေးထားပါတယ်။ 7 Series များမှာ Wireless Charging ပါတဲ့ မော်ဒယ်များကို ရွေးချယ်နိုင်ပါတယ်။ BMW ရဲ့ အခြား မော်ဒယ်အားလုံးမှာလည်း အသင့်သုံးနိုင်တဲ့ Wireless Charging Adapter ကို ထည့်သွင်း၍လည်း သုံးနိုင်ပါတယ်။ Audi လိုပဲ BMW ဟာ Qi Charging Pad နဲ့ တွဲဖက် သုံးနိုင်တဲ့ Qi Wireless Charging Case ကို ထုတ်လုပ်ပေးထားပါတယ်။

Lexus NX Series များမှာလည်း Wireless Charger ကို သုံးနိုင်ပါတယ်။ Qi Case ကိုလည်း ကုမ္ပဏီက ထုတ်လုပ်ပေးထားပါတယ်။ တိုယိုတာကလည်း သူ့ရဲ့ မော်ဒယ် အချို့မှာ Qi Wireless Charging ထည့်ပေးထားပါတယ်။

ကြိုးမဲ့အားသွင်းစနစ်ကို ပံ့ပိုးပေးထားတဲ့ စားသောက်ဆိုင်များ

သင့်ဖုန်းကို သင့်အိမ်နဲ့ ကားထဲမှာပဲ ကြိုးမဲ့အားသွင်းလို့ရတာ မဟုတ်ပါဘူး။ McDonalds နဲ့ Starbucks တို့က သူတို့ရဲ့ အရောင်းဆိုင်များမှာ ကြိုးမဲ့အားသွင်းစနစ်ကို ထည့်သွင်းပေးထားပါတယ်။ Starbucks က Powermat Wireless Charging ကို ပံ့ပိုးပေးထားပါတယ်။ McDonalds က Qi Wireless Charging ကို ပံ့ပိုးပေးထားပါတယ်။ ဆွီဒင် ပရိဘောဂ ထုတ်လုပ်သူ Ikea ကလည်း Qi Wireless Charging ပါတဲ့ ပရိဘောဂများကို ထုတ်လုပ်ရောင်းချနေပါတယ်။ စားပွဲခုံများ၊ မီးအိမ်များမှာ ဒီနည်းပညာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ကြိုးမဲ့အားသွင်းစနစ်ရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ

ကောင်းကျိုးများ

• လုံခြုံစိတ်ချစွာ အားသွင်းနိုင်ခြင်း။
• ဖုန်းကို Charging Pad အပေါ်ကို တင်လိုက်တာနဲ့ လွယ်ကူစွာ အားသွင်းနိုင်ခြင်း။
• အားသွင်းကြိုးများနဲ့ အလုပ်ရှုပ်စရာ မလိုခြင်း။
• နေအိမ်အပြင်ဘက်နဲ့ အားသွင်း ပလက်ပေါက်များ မရှိတဲ့ နေရာများမှာလည်း ကြိုးမဲ့ အားသွင်းနိုင်ခြင်း။

ဆိုးကျိုးများ

• 5 Watts ကိုသာ ထောက်ပံ့တဲ့အတွက် ကြိုးမဲ့ အားသွင်းရင် နှေးကွေးခြင်း။
• ဖုန်းများမှာပါတဲ့ Quick Charge နည်းပညာဟာ အကျိုးမသက်ရောက်ခြင်း။
• ဖုန်းကို အားသွင်း Pad အပေါ်ကို တင်ထားရတဲ့အတွက် အားသွင်းနေစဉ်မှာ အသုံးပြုလို့ မရခြင်း။
• ကြိုးမဲ့အားသွင်း Adapters နဲ့ Cases များဟာ ဈေးနှုန်းကြီးမားခြင်း။
• Apple CarPlay နဲ့ Android Auto တို့နဲ့ တွဲဖက် မသုံးနိုင်ခြင်း။

Ref : pocket-lint

You may be interested

အသစ္ ထြက္ရွိလာတဲ့ 10.5-inch iPad Air နဲ႔ 7.9-inch iPad mini
Apple, Mobiles & Tablets, NEWS
0 shares0 views

အသစ္ ထြက္ရွိလာတဲ့ 10.5-inch iPad Air နဲ႔ 7.9-inch iPad mini

Nigma - Mar 19, 2019

Apple က iPad ေမာ္ဒယ္သစ္ႏွစ္မ်ိဳးကို တိတ္တဆိတ္ မိတ္ဆက္လိုက္ပါတယ္။ တတိယမ်ိဳးဆက္ 10.5-inch iPad Air နဲ႔ ပၪၥမမ်ိဳးဆက္ 7.9-inch iPad mini ပါ။ iPad Air အသစ္မွာ 10.5-inch Retina Display အသစ္…

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
243 shares160 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
102 shares157 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Leave a Comment

Most from this category