165 Shares 51 Views

ဖုန္ဝင္ျပီးညစ္ပတ္တတ္တဲ့ MacBook Pro ကီးဘုတ္ေတြအဆံုးသတ္ေတာ့မလား?

Mar 12, 2018
165 51

[Zawgyi]

macbook-pro-touch-bar-everything-3

လပ္ေတာ့ပ္ကီးဘုတ္ေတြကလည္း ေတာ္ေတာ္သတိထားရတဲ့ထဲမွာပါပါတယ္။ တစ္ခုခုအဆင္မေျပျဖစ္သြားရင္ စာရုိက္ရတာျမန္ျမန္ဆန္ဆန္ရိုက္ႏုိင္ဖို႔လည္း ခက္ခဲပါလိမ့္မယ္။ 2015 MacBook Pro ေတြမွာအဓိကျပႆနာ၂ခုက dongle ေတြသံုးရတာနဲ႔ ကီးဘုတ္ေတြကဖုန္ဝင္ ပစၥည္းအစအနေတြဝင္ျပီး အဆင္မေျပျဖစ္တာပါ။ ဒါက လပ္ေတာ့ပ္ေတာ္ေတာ္မ်ားမ်ားမွာျဖစ္တတ္တဲ့ ကီးဘုတ္ထဲဖုန္ဝင္တဲ့ျပႆနာပါ။

MacBook ကီးဘုတ္ေတြမွာလည္း ခဏခဏျဖစ္တတ္ျပီး အရင္လေတြတုန္းကလည္း ဒါနဲ႔႔ပတ္သတ္ျပီး ေတာ္ေတာ္အက်ယ္အက်ယ္ျဖစ္ခဲ့ပါေသးတယ္။ ကီးဘုတ္ကီးတစ္ခုခ်င္းစီရဲ႕ေအာက္မွာ ဖုန္ေတြဝင္ျပီး ေနာက္ဆံုးကီးဘုတ္တစ္ခုလံုးလဲထုတ္လိုက္ရတဲ့အထိပါ။ အမ်ားဆံုးဖုန္ဝင္ျပိး ပ်က္တတ္တဲ့ကီးကေတာ့ space bar ပါ။           ဒီျပႆနာအတြက္ Apple က ဖုန္ဒဏ္ေရာ အစအနေတြဝင္တာကိုပါ ကာကြယ္ေပးႏုိင္မယ့္ ကီးဘုတ္အတြက္ မူပိုင္ခြင့္တင္လိုက္ပါျပီ။

MacBook crumb resistant keyboard

မူပိုင္ခြင့္မွာေတာ့ ကီးတစ္ခုခ်င္းစီရဲ႕ေအာက္မွာရိွတဲ့ membrane တစ္ခုခ်င္းစီတိုင္းက ကီးဘုတ္အတြင္းထဲကို အညစ္အေၾကး အစအနေတြဝင္မွာကို ကာကြယ္ေပးမွာပါ။ ေနာက္ေျဖရွင္းနည္းတစ္ခုကေတာ့ keypress က ကီးဘုတ္ထဲကအညစ္အေၾကးကိုမရရေအာင္ထုတ္ေပးႏုိင္ဖို႔ပါ။ ဒုတိယေျဖရွင္းနညး္ကေတာ့ Apple ရဲ႕ Apple Watch ထဲကေန ေရကိုထုတ္ဖို႔အတြက္ digital crown ကို သံုးတဲ့နည္းနဲ႔တူတူပါပဲ။

ျပႆနာေသးေသးေလးပါ ကိစၥမရိွပါဘူးလို႔ ထင္ရေပမယ့္လည္း ေဒၚလာ၂၀၀၀ ေက်ာ္ေတာင္ေပးရတဲ့ MacBook Pro တစ္လံုးအတြက္ေတာ့ ျပႆနာလို႔ေတြးရမွာပါ။ မူပိုင္ခြင့္တင္တာေတြျပီးဆံုးျပီး သံုးခြင့္က်လာျပီဆိုရင္ေတာ့ လာမယ့္ MacBook ေတြမွာဖုန္ဒဏ္ခံႏုိင္တဲ့ ကီးဘုတ္ေတြကိုေတြ႔လာရေတာ့မွာပါ။ ကီးဘုတ္မွာ ဖုန္ဝင္ျပီး ကီးပ်က္သြားတာနဲ႔ပတ္သတ္ျပီး တစ္ေယာက္ေယာက္ကေတာ့ သီခ်င္းေတာင္စပ္ထားပါေသးတယ္။ (ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္) 😉

[Unicode]

macbook-pro-touch-bar-everything-3

လပ်တော့ပ်ကီးဘုတ်တွေကလည်း တော်တော်သတိထားရတဲ့ထဲမှာပါပါတယ်။ တစ်ခုခုအဆင်မပြေဖြစ်သွားရင် စာရိုက်ရတာမြန်မြန်ဆန်ဆန်ရိုက်နိုင်ဖို့လည်း ခက်ခဲပါလိမ့်မယ်။ 2015 MacBook Pro တွေမှာအဓိကပြဿနာ၂ခုက dongle တွေသုံးရတာနဲ့ ကီးဘုတ်တွေကဖုန်ဝင် ပစ္စည်းအစအနတွေဝင်ပြီး အဆင်မပြေဖြစ်တာပါ။ ဒါက လပ်တော့ပ်တော်တော်များများမှာဖြစ်တတ်တဲ့ ကီးဘုတ်ထဲဖုန်ဝင်တဲ့ပြဿနာပါ။

MacBook ကီးဘုတ်တွေမှာလည်း ခဏခဏဖြစ်တတ်ပြီး အရင်လတွေတုန်းကလည်း ဒါနဲ့့ပတ်သတ်ပြီး တော်တော်အကျယ်အကျယ်ဖြစ်ခဲ့ပါသေးတယ်။ ကီးဘုတ်ကီးတစ်ခုချင်းစီရဲ့အောက်မှာ ဖုန်တွေဝင်ပြီး နောက်ဆုံးကီးဘုတ်တစ်ခုလုံးလဲထုတ်လိုက်ရတဲ့အထိပါ။ အများဆုံးဖုန်ဝင်ပြိး ပျက်တတ်တဲ့ကီးကတော့ space bar ပါ။ ဒီပြဿနာအတွက် Apple က ဖုန်ဒဏ်ရော အစအနတွေဝင်တာကိုပါ ကာကွယ်ပေးနိုင်မယ့် ကီးဘုတ်အတွက် မူပိုင်ခွင့်တင်လိုက်ပါပြီ။

MacBook crumb resistant keyboard

မူပိုင်ခွင့်မှာတော့ ကီးတစ်ခုချင်းစီရဲ့အောက်မှာရှိတဲ့ membrane တစ်ခုချင်းစီတိုင်းက ကီးဘုတ်အတွင်းထဲကို အညစ်အကြေး အစအနတွေဝင်မှာကို ကာကွယ်ပေးမှာပါ။ နောက်ဖြေရှင်းနည်းတစ်ခုကတော့ keypress က ကီးဘုတ်ထဲကအညစ်အကြေးကိုမရရအောင်ထုတ်ပေးနိုင်ဖို့ပါ။ ဒုတိယဖြေရှင်းနညး်ကတော့ Apple ရဲ့ Apple Watch ထဲကနေ ရေကိုထုတ်ဖို့အတွက် digital crown ကို သုံးတဲ့နည်းနဲ့တူတူပါပဲ။

ပြဿနာသေးသေးလေးပါ ကိစ္စမရှိပါဘူးလို့ ထင်ရပေမယ့်လည်း ဒေါ်လာ၂၀၀၀ ကျော်တောင်ပေးရတဲ့ MacBook Pro တစ်လုံးအတွက်တော့ ပြဿနာလို့တွေးရမှာပါ။ မူပိုင်ခွင့်တင်တာတွေပြီးဆုံးပြီး သုံးခွင့်ကျလာပြီဆိုရင်တော့ လာမယ့် MacBook တွေမှာဖုန်ဒဏ်ခံနိုင်တဲ့ ကီးဘုတ်တွေကိုတွေ့လာရတော့မှာပါ။ ကီးဘုတ်မှာ ဖုန်ဝင်ပြီး ကီးပျက်သွားတာနဲ့ပတ်သတ်ပြီး တစ်ယောက်ယောက်ကတော့ သီချင်းတောင်စပ်ထားပါသေးတယ်။ (အောက်မှာဖော်ပြပေးလိုက်ပါတယ်) 😉

You may be interested

Xiaomi Redmi Note 5 Pro မွာ 60fps ျဖင့္ Full HD Video မ်ားကို ရိုက္ကူးႏုိင္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Redmi Note 5 Pro မွာ 60fps ျဖင့္ Full HD Video မ်ားကို ရိုက္ကူးႏုိင္လာ

Ko Thuya - Jun 25, 2018

တစ္စကၠန္႔လွ်င္ ၆၀ ဖရိမ္ႏႈန္းျဖင့္ Full HD Video မ်ားကို ရိုက္ကူးႏိုင္တဲ့ စြမ္းရည္ဟာ Xiaomi Redmi Note 5 Pro ရဲ႕ Chinese MIUI 10 Beta မွာ ပါလာပါတယ္။ ဒီသတင္းကို XDA…

IGTV ဆုိတဲ့ App အသစ္ကိုဖန္တီးလုိက္တဲ့ Instagram
NEWS
96 shares32 views

IGTV ဆုိတဲ့ App အသစ္ကိုဖန္တီးလုိက္တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည္ေထာင္တဲ့အခ်ိန္ကေန ဒီေန႔ထိဆိုရင္ Instagram ကိုအသံုးျပဳသူေပါင္း ၁ဘီလီယံရိွသြားျပီျဖစ္ျပီး ဒီေၾကညာခ်က္နဲ႔အတူ စိတ္ဝင္စားစရာ App တစ္ခုပါ ထြက္ရိွလာခဲ့ပါျပီ။ သူကေတာ့ Instragram မွာ ေဒါင္လုိက္ ဗီဒီယိုအရွည္ေတြကို ၾကည့္လို႔ရႏုိင္မယ့္ IGTV ဆုိတဲ့ App အသစ္ေလးျဖစ္ျပီး ဗီဒီယိုဖန္တီးသူေတြအတြက္…

ဖုန္းကေန ကားစက္ႏိႈးျခင္း၊ ကားတံခါးကို Unlock လုပ္ျခင္းမ်ား ျပဳလုပ္နိုင္ေတာ့မည္
Automobiles, Mobiles & Tablets, NEWS
123 shares32 views

ဖုန္းကေန ကားစက္ႏိႈးျခင္း၊ ကားတံခါးကို Unlock လုပ္ျခင္းမ်ား ျပဳလုပ္နိုင္ေတာ့မည္

Ko Thuya - Jun 24, 2018

စမတ္ဖုန္းမ်ားဟာ လူေတြနဲ႔ အနီးဆံုးရွိတဲ့ ကိရိယာမ်ား ျဖစ္လာသလို သူ႔မွာ စြမ္းရည္မ်ား ပိုမိုမ်ားျပားေအာင္လည္း ထည့္သြင္းေပးေနၾကပါတယ္။ အခုလည္း စမတ္ဖုန္းကေန ကားစက္ႏိႈးျခင္း၊ ကားတံခါမ်ား ဖြင့္ျခင္းမ်ားကို ျပဳလုပ္ႏုိင္မယ့္ စံႏႈန္းတစ္ခုကို သတ္မွတ္လိုက္ပါတယ္။ Car Connectivity Consortium (CCC) က Digital…

Leave a Comment

Most from this category