1094 Shares 447 Views

HTC က စမတ္ဖုန္းေတြရဲ႕ေခါက္ရိုးက်ိဳးေနတဲ့ဒီဇုိင္းေတြကိုေျပာင္းလဲေလမလား?

Mar 12, 2018
1094 447

[Zawgyi]

မိုဘိုင္းလ္ဖုန္းေတြက တျဖည္းျဖည္းအသြင္ပံုစံေတြေျပာင္းလာခဲ့ေပမယ့္ တစ္ခုတည္းမတူကြဲထြက္ေနတဲ့ ဒီဇုိင္းမ်ိဳးဆိုတာမ်ိဳးက ရွားပါတယ္။ ဥပမာ Runcible ဆိုတဲ့အဝိုင္းျပားပံုစံစမတ္နာရီေလးက သူမ်ားနဲ႔မတူ တစ္မ်ိဳးေလးကြဲထြက္ေနသလိုမ်ိဳးေပါ့။

(Runcible SmartWatch) To Watch video —-> Runcible smartWatch

HTC ရဲ႕ ဥကၠဌ Cher Wang ကေတာ့ အဲ့လိုတစ္မ်ိဳးၾကီးခြ်န္ထြက္ေနတာမ်ိဳးထုတ္လုပ္ခ်င္မွ ထုတ္လုပ္ပါလိမ့္မယ္။ ဒါေပမယ့္ ဒီဇုိင္းပိုင္းကို တစ္ခုခု အေျပာင္းအလဲလုပ္လိုက္ဖို႔ေတာ့ ဆံုးျဖတ္ထားပံုရပါတယ္။ မိုဘိုင္းနည္းပညာသတင္းစာရွင္းလင္းပြဲတုန္းက သူ႔ရဲ႕ ဝယ္လိုအားက်ေနတဲ့စမတ္ဖုန္းေတြထက္ ေတာ္ေတာ္ေလးကိုေအာင္ျမင္ေနတဲ့ Vive VR ပိုင္းေတြအေၾကာင္းကိုပဲ ဦးစားေပးေဖာ္ျပသြားခဲ့ပါတယ္။ 5G, artificial intelligence (AI) နဲ႔ Neural processing ေတြက လက္ရိွေခတ္မွာသံုးေနတဲ့ပံုစံေတြကို ေျပာင္းလဲပစ္ႏုိင္လိမ့္မယ္လို႔ သူမကေဖာ္ျပခဲ့ပါတယ္။

ဆိုရွယ္မီဒီယာမွာ ေဖာ္ျပခဲ့တဲ့ စာတစ္ပိုင္းတစ္စကေတာ့..

“ စမတ္ဖုန္းေတြက ေဂဟစနစ္မွာ မရိွမျဖစ္အေရးပါတဲ့က႑ကေန ပါဝင္လာေတာ့မွာျဖစ္ျပီး အားလံုးအတြက္ 5G ဆီသို႔ပထမဆံုးေျခလွမ္းကလည္း ဒီစမတ္ဖုန္းေတြပါပဲ။

ဒီေန႔ေခတ္မွာသိၾကတဲ့ လူတုိင္းၾကိဳက္ၾကတဲ့ စမတ္ဖုန္းေတြဆိုတာ ေလးေထာင့္ပံုစံေတာက္ေတာက္ေျပာင္ေျပာင္ေတြမဟုတ္ဘဲ တျခားဒီဇုိင္းတစ္မ်ိဳးအေနနဲ႔လည္း ရိွလာႏုိင္ပါတယ္။

အနာဂတ္မွာေတာ့ စမတ္ဖုန္းေတြမွာ screen ရဲ႕ size ကိုတစ္ဝက္ေလာက္ထိေလွ်ာ့ခ်ႏုိင္ျပီး AR/VR ပစၥည္းေတြမွာထည့္သံုးလို႔ရလာတဲ့အျပင္ စမတ္ဖုန္းေတြဆိုတာ မ်က္လံုးထဲကိုပါတိုက္ရိုက္ထည့္လို႔ရႏုိင္လာတာမ်ိဳးလည္းျဖစ္လာႏုိင္ပါတယ္။” (သိပၸံကားေတြမွာေတြ႔ဖူးသလို မ်က္လံုးထဲကို AI နည္းပညာေတြနဲ႔ အထူးျပဳထားတဲ့မ်က္ကပ္မွန္ထည့္လိုက္တာနဲ႔ စမတ္ဖုန္းထက္ေတာင္ပိုအသံုးဝင္တဲ့နည္းပညာမ်ိဳးေတြ ေနာင္မွာျဖစ္မလာဘူးလို႔ မေျပာႏုိင္ပါဘူး)

လုပ္ငန္းေတြရဲ႕သေဘာတရားကေတာ့ ပစၥည္းတစ္ခုအတြက္ ေရရွည္ျမဲဖို႔ခက္ခဲလာျပီဆိုရင္ ေနာက္ပစၥည္းတစ္ခုနဲ႔ ျပန္ျပန္အႏုိင္ယူျဖည့္တင္းၾကတာ ထံုးစံပါပဲ။ chip ေတြကတျဖည္းျဖည္းေသးလာတဲ့အတြက္ ဖုန္းေတြကလည္း တျဖည္းျဖည္းပါးလာပါတယ္။ အခုေတာ့ ပုံစံလံုးဝကြဲထြက္မယ္ဆိုတဲ့ စမတ္ဖုန္းကုမၸဏီေတြထဲမွာ HTC ပါမွာေတာ့ က်ိန္းေသးပါျပီ။

လတ္တေလာမွာလည္း HTC ရဲ႕လစဥ္ဝင္ေငြအနည္းဆံုးျဖစ္ေနျပီး အေျခအေနယိမ္းယိုင္လုျဖစ္ေနတဲ့အတြက္ ဒီလိုဒီဇုိငး္ေျပာင္းလုိက္မယ္ဆိုရင္ ကုမၸဏီကိုကယ္တင္ႏုိင္မွာလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာပါ။

[Unicode]

မိုဘိုင်းလ်ဖုန်းတွေက တဖြည်းဖြည်းအသွင်ပုံစံတွေပြောင်းလာခဲ့ပေမယ့် တစ်ခုတည်းမတူကွဲထွက်နေတဲ့ ဒီဇိုင်းမျိုးဆိုတာမျိုးက ရှားပါတယ်။ ဥပမာ Runcible ဆိုတဲ့အဝိုင်းပြားပုံစံစမတ်နာရီလေးက သူများနဲ့မတူ တစ်မျိုးလေးကွဲထွက်နေသလိုမျိုးပေါ့။

(Runcible SmartWatch) To Watch video —-> Runcible smartWatch

HTC ရဲ့ ဥက္ကဌ Cher Wang ကတော့ အဲ့လိုတစ်မျိုးကြီးချွန်ထွက်နေတာမျိုးထုတ်လုပ်ချင်မှ ထုတ်လုပ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီဇိုင်းပိုင်းကို တစ်ခုခု အပြောင်းအလဲလုပ်လိုက်ဖို့တော့ ဆုံးဖြတ်ထားပုံရပါတယ်။ မိုဘိုင်းနည်းပညာသတင်းစာရှင်းလင်းပွဲတုန်းက သူ့ရဲ့ ဝယ်လိုအားကျနေတဲ့စမတ်ဖုန်းတွေထက် တော်တော်လေးကိုအောင်မြင်နေတဲ့ Vive VR ပိုင်းတွေအကြောင်းကိုပဲ ဦးစားပေးဖော်ပြသွားခဲ့ပါတယ်။ 5G, artificial intelligence (AI) နဲ့ Neural processing တွေက လက်ရှိခေတ်မှာသုံးနေတဲ့ပုံစံတွေကို ပြောင်းလဲပစ်နိုင်လိမ့်မယ်လို့ သူမကဖော်ပြခဲ့ပါတယ်။

ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့တဲ့ စာတစ်ပိုင်းတစ်စကတော့..

“ စမတ်ဖုန်းတွေက ဂေဟစနစ်မှာ မရှိမဖြစ်အရေးပါတဲ့ကဏ္႑ကနေ ပါဝင်လာတော့မှာဖြစ်ပြီး အားလုံးအတွက် 5G ဆီသို့ပထမဆုံးခြေလှမ်းကလည်း ဒီစမတ်ဖုန်းတွေပါပဲ။

ဒီနေ့ခေတ်မှာသိကြတဲ့ လူတိုင်းကြိုက်ကြတဲ့ စမတ်ဖုန်းတွေဆိုတာ လေးထောင့်ပုံစံတောက်တောက်ပြောင်ပြောင်တွေမဟုတ်ဘဲ တခြားဒီဇိုင်းတစ်မျိုးအနေနဲ့လည်း ရှိလာနိုင်ပါတယ်။

အနာဂတ်မှာတော့ စမတ်ဖုန်းတွေမှာ screen ရဲ့ size ကိုတစ်ဝက်လောက်ထိလျှော့ချနိုင်ပြီး AR/VR ပစ္စည်းတွေမှာထည့်သုံးလို့ရလာတဲ့အပြင် စမတ်ဖုန်းတွေဆိုတာ မျက်လုံးထဲကိုပါတိုက်ရိုက်ထည့်လို့ရနိုင်လာတာမျိုးလည်းဖြစ်လာနိုင်ပါတယ်။” (သိပ္ပံကားတွေမှာတွေ့ဖူးသလို မျက်လုံးထဲကို AI နည်းပညာတွေနဲ့ အထူးပြုထားတဲ့မျက်ကပ်မှန်ထည့်လိုက်တာနဲ့ စမတ်ဖုန်းထက်တောင်ပိုအသုံးဝင်တဲ့နည်းပညာမျိုးတွေ နောင်မှာဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး)

လုပ်ငန်းတွေရဲ့သဘောတရားကတော့ ပစ္စည်းတစ်ခုအတွက် ရေရှည်မြဲဖို့ခက်ခဲလာပြီဆိုရင် နောက်ပစ္စည်းတစ်ခုနဲ့ ပြန်ပြန်အနိုင်ယူဖြည့်တင်းကြတာ ထုံးစံပါပဲ။ chip တွေကတဖြည်းဖြည်းသေးလာတဲ့အတွက် ဖုန်းတွေကလည်း တဖြည်းဖြည်းပါးလာပါတယ်။ အခုတော့ ပုံစံလုံးဝကွဲထွက်မယ်ဆိုတဲ့ စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ HTC ပါမှာတော့ ကျိန်းသေးပါပြီ။

လတ်တလောမှာလည်း HTC ရဲ့လစဉ်ဝင်ငွေအနည်းဆုံးဖြစ်နေပြီး အခြေအနေယိမ်းယိုင်လုဖြစ်နေတဲ့အတွက် ဒီလိုဒီဇိုငး်ပြောင်းလိုက်မယ်ဆိုရင် ကုမ္ပဏီကိုကယ်တင်နိုင်မှာလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

Ref: PocketNow

You may be interested

Xiaomi Redmi Note 5 Pro မွာ 60fps ျဖင့္ Full HD Video မ်ားကို ရိုက္ကူးႏုိင္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Redmi Note 5 Pro မွာ 60fps ျဖင့္ Full HD Video မ်ားကို ရိုက္ကူးႏုိင္လာ

Ko Thuya - Jun 25, 2018

တစ္စကၠန္႔လွ်င္ ၆၀ ဖရိမ္ႏႈန္းျဖင့္ Full HD Video မ်ားကို ရိုက္ကူးႏိုင္တဲ့ စြမ္းရည္ဟာ Xiaomi Redmi Note 5 Pro ရဲ႕ Chinese MIUI 10 Beta မွာ ပါလာပါတယ္။ ဒီသတင္းကို XDA…

IGTV ဆုိတဲ့ App အသစ္ကိုဖန္တီးလုိက္တဲ့ Instagram
NEWS
96 shares32 views

IGTV ဆုိတဲ့ App အသစ္ကိုဖန္တီးလုိက္တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည္ေထာင္တဲ့အခ်ိန္ကေန ဒီေန႔ထိဆိုရင္ Instagram ကိုအသံုးျပဳသူေပါင္း ၁ဘီလီယံရိွသြားျပီျဖစ္ျပီး ဒီေၾကညာခ်က္နဲ႔အတူ စိတ္ဝင္စားစရာ App တစ္ခုပါ ထြက္ရိွလာခဲ့ပါျပီ။ သူကေတာ့ Instragram မွာ ေဒါင္လုိက္ ဗီဒီယိုအရွည္ေတြကို ၾကည့္လို႔ရႏုိင္မယ့္ IGTV ဆုိတဲ့ App အသစ္ေလးျဖစ္ျပီး ဗီဒီယိုဖန္တီးသူေတြအတြက္…

ဖုန္းကေန ကားစက္ႏိႈးျခင္း၊ ကားတံခါးကို Unlock လုပ္ျခင္းမ်ား ျပဳလုပ္နိုင္ေတာ့မည္
Automobiles, Mobiles & Tablets, NEWS
123 shares32 views

ဖုန္းကေန ကားစက္ႏိႈးျခင္း၊ ကားတံခါးကို Unlock လုပ္ျခင္းမ်ား ျပဳလုပ္နိုင္ေတာ့မည္

Ko Thuya - Jun 24, 2018

စမတ္ဖုန္းမ်ားဟာ လူေတြနဲ႔ အနီးဆံုးရွိတဲ့ ကိရိယာမ်ား ျဖစ္လာသလို သူ႔မွာ စြမ္းရည္မ်ား ပိုမိုမ်ားျပားေအာင္လည္း ထည့္သြင္းေပးေနၾကပါတယ္။ အခုလည္း စမတ္ဖုန္းကေန ကားစက္ႏိႈးျခင္း၊ ကားတံခါမ်ား ဖြင့္ျခင္းမ်ားကို ျပဳလုပ္ႏုိင္မယ့္ စံႏႈန္းတစ္ခုကို သတ္မွတ္လိုက္ပါတယ္။ Car Connectivity Consortium (CCC) က Digital…

Leave a Comment

Most from this category