238 Shares 101 Views


Mar 12, 2018
238 101




Ref : digitaltrends

unicode

Mercedes က Digital Light ကို မိတ်ဆက်

အလင်းရောင် နည်းပါးတဲ့ ည အချိန်မှာ ကားမောင်းစဉ်တွင် ကားက သူ့အရှေ့မှ အရာဝတ္ထုများကို သိရှိနေရင် သင်က ကား အရှေ့မီးကို ဖွင့်စရာ မလိုတော့ပါဘူး။ အဲဒီ နည်းပညာကို Mercedes က ဖန်တီးလိုက်ပါတယ်။ အဲဒီ နည်းပညာကို Digital Light လို့ အမည်ပေးထားပြီး ညအချိန်မှာ ကား အရှေ့မီး ဖွင့်စရာ မလိုဘဲ ကား အရှေ့မှ အရာဝတ္ထုများကို Dashboard မှ Display မှာ ပြသပေးမှာ ဖြစ်ပါတယ်။ ယာဉ်မောင်းက Display ကို ကြည့်၍ အတားအဆီးများကို ရှောင်ကွင်း၍ မောင်းနှင်နိုင် မှာ ဖြစ်ပါတယ်။

Mercedes က Digital Light ကို Geneva Motor Show မှာ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီနည်းပညာမှာ ကင်မရာများ ၊ ဆန်ဆာစနစ်များကို အသုံးပြု ထားပါတယ်။ ဒီနည်းပညာက ဘယ်လို အချိန်မျိုးမှာ မဆို ကား မောင်းစဉ်တွင် ယာဉ်မောင်းအား ကူညီပေးနိုင်ပါတယ်။ ကား အရှေ့မီးကို ဖွင့်စရာ မလိုတဲ့အတွက် မျက်နှာချင်းဆိုင်မှ ကားမောင်းသူများကိုလည်း အနှောင့်အယှက် မဖြစ်စေတော့ပါဘူး။

Digital Lights က အန္တရာယ်ရှိတဲ့ ယာဉ်မောင်းနှင်မှုများကို သတိပေးနိုင်ပြီး သင့်တော်တဲ့ သတင်းအချက်အလက်များကို ပံ့ပိုးပေးနိုင်ပါတယ်။ ဥပမာအားဖြင့် ကားဟာ အခြား ယာဉ်လမ်းကြောင်းများထဲ ရောက်သွားရင် အဲဒီစနစ်က သတိပေးမှာ ဖြစ်ပါတယ်။ ယခုနှစ် ပထမနှစ်ဝက်မှာ Digital Lights စနစ်ပါတဲ့ ကားများကို ထုတ်လုပ်ရောင်းချမှာပါ။

Ref : digitaltrends

You may be interested

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares0 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares25 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ
Apple, Mobiles & Tablets, NEWS
916 shares188 views

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ

Nigma - Jan 15, 2019

(Zawgyi) iPhone Xs ၊ Xs Max နဲ့ iPhone Xr တို့မှာ Qualcomm modem တွေ သုံးချင်ခဲ့ပေမယ့်၊ Qualcomm က Chip မရောင်းခဲ့ကြောင်း Apple က ပြောကြားခဲ့ပါတယ်။ Qualcomm ရဲ့…

Leave a Comment

Most from this category