Marshmallow အခြေခံ MIUI 7.2.8 China stable ROM Mi 3 နဲ့ 4 ဖုန်းတွေအတွက် ထွက်ရှိ

Android 6.0 Marshmallow စနစ် အခြေခံထားတဲ့ MIUI (me you I ) ဆော့ဖ်ဝဲကို လွန်ခဲ့တဲ့တပတ်က Mi 3 နဲ့ Mi 4 ဖုန်းတွေအတွက် ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံအတွင်းက Xiaomi Mi 3 နဲ့ Mi 4 စမတ်ဖုန်းတွေမှာပဲ ရရှိသေးပြီး၊ မကြာခင်မှာ တခြားစမတ်ဖုန်းမော်ဒယ်တွေမှာလည်း ရရှိမှာဖြစ်ပါတယ်။

လက်ရှိ China ROM မှာတော့ Google Service တွေ တရားဝင်မပါရှိတာကြောင့်၊ Google Now တို့ Gmail တို့ Play Store တို့လို Google ရဲ့ အဓိကမိုဘိုင်းဝန်ဆောင်မှုတွေ သုံးရမှာမဟုတ်ပါဘူး။ ဒါပေမယ့် မကြာခင် ထွက်ရှိမယ့် global ROM မှာတော့ Google Mobile Services တွေ တပါတည်းပါဝင်လာမှာဖြစ်ပြီး၊ Google ရဲ့ ဝန်ဆောင်မှုတွေကို အဆင်သင့်သုံးစွဲနိုင်မှာဖြစ်ပါတယ်။

MIUI 7.2.8.0 မှာ ဆော့ဖ်ဝဲပိုင်းဆိုင်ရာပြင်ဆင်မှုတွေ အများအပြားလုပ်ထားပြီး၊ ဥပမာအားဖြင့်၊ ဖုန်းထဲမှာ Cortana ကို သွင်းပြီး၊ ပြန်ဖြုတ်လိုက်ရင်၊ နောက်တစ်ခါ ပြန်သွင်းလို့မရတော့တဲ့ error မျိုး၊ user စိတ်ကြိုက် ပြင်ဆင်ထားတဲ့ ဖုန်း theme တွေနဲ့ ပတ်သတ်တဲ့ error မျိုးတွေကို ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

တခြားဆော့ဖ်ဝဲပိုင်းပြင်ဆင်မှုတွေကတော့ App permission ( အက်ပ်တစ်ခုချင်းစီကို Permission ထိန်းချုပ်နိုင်တာ)၊ ဘက်ထရီစနစ်ပိုကောင်းလာပြီး၊ အပူထွက်ရှိမှုနည်းသွားတာ၊ ကင်မရာပိုင်းမှာ ကောင်းမွန်မှုရှိလာတာ စတာတွေဖြစ်ပါတယ်။

Xiaomi ဟာ လွန်ခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း MIUI 7.1 golbal ဗားရှင်း stable ROM ကို Mi ဖုန်းတော်တော်များများမှာ ထုတ်ပေးခဲ့ပါသေးတယ်။

Ref: Gadgets 360

 

 

 

 

%d bloggers like this: