51 Shares 35 Views


Mar 12, 2018
51 35





Ref : theverge

unicode

Biometric Identification Gates များကို လေဆိပ်များမှာ သုံးလာတဲ့ British Airways

လက်ဗွေရာ၊ မျက်နှာ ခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာကို ယနေ့ခေတ်မှာ တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။ အဲဒါတွေကို Biometric Authentication လို့ ခေါ်ဆိုကြပါတယ်။ အခုလည်း British Airways လေကြောင်းလိုင်းက New York (JFK), Miami (MIA) နဲ့ Orlando (MCO) လေဆိပ်များမှာ Biometric Identification Gates များကို တည်ဆောက်ပေးလိုက်ပါတယ်။

လေကြောင်းလိုင်းက ယခင်နှစ် နိုဝင်ဘာလကတည်းက Biometric e-Gates များကို Los Angeles နိုင်ငံတကာ လေဆိပ်(LAX) မှာ စတင် စမ်းသပ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီနည်းပညာက ခရီးသည်ရဲ့ မျက်နှာကို သူ့ရဲ့ Passport , Visa , Immigration Photos များနဲ့ တိုက်ဆိုင်စစ်ဆေးခြင်း ဖြစ်ပါတယ်။ Facial Recognition နည်းပညာကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။

အဲဒီအတွက် လေယာဉ်ပေါ် မတက်ခင်မှာ Boarding Pass or Identification များ ပြစရာ မလိုတော့ပါဘူး။ British Airways က ခရီးသည်များဟာ အဲဒီ စာရွက်စာတမ်းများကို လေဆိပ်လုံခြုံရေးမှာ ပြသရသေးပေမယ့် Biometric e-Gates များက စောင့်ဆိုင်းချိန်ကို သက်သာစေတယ်လို့ ပြောပါတယ်။

Biometric e-Gates များဟာ ၂၂ မိနစ်အတွင်းမှာ ခရီးသည် ၄၀၀ ကျော်ကို စစ်ဆေးပေးနိုင်ပါတယ်။ အဲဒီ အချိန်ပမာဏဟာ သမားရိုးကျနည်းလမ်းထက် ထက်ဝက်လောက် အချိန်ကုန် သက်သာသွားတယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။ ဒီနည်းပညာကို အော်လန်ဒိုလေဆိပ်မှာလည်း စမ်းသပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ British Airways က ပြောပါတယ်။

Ref : theverge

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
770 shares256 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
151 shares57 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Leave a Comment

Most from this category