250 Shares 90 Views

ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ား

Mar 11, 2018
250 90

လူေတြရဲ႕ ေန႔စဥ္ လူေနမႈဘ၀ကို အေထာက္အကူ ျပဳေပးတဲ့ Gadgets မ်ားစြာ ဒီေန႔ေခတ္မွာ ေပၚထြက္လာၾကပါၿပီ။ Gadgets for this week က႑မွာ ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

Renault’s EZ-Go


Renault က လက္ရွိက်င္းပေနတဲ့ ဂ်နီဗာ ကားျပပြဲမ်ာ EZ-Go Concept Car အသစ္တစ္စီးကို မိတ္ဆက္လိုက္ပါတယ္။ သူ႔ရဲ႕ Concept မ်ားဟာ အရင္ ထြက္ေပၚခဲ့ဖူးတဲ့ Concept မ်ားနဲ႔ မတူဘဲ ကြဲျပားေနပါတယ္။ ရုတ္တရက္ ၾကည့္လုိက္ရင္ အဲဒီကားဟာ ေရြ႕လ်ားေနတဲ့ ဖန္ ေနအိမ္နဲ႔ တူညီပါတယ္။ သူ႔ မွာ ျမင္ကြင္းက်ယ္ ဖန္ ကိုယ္ထည္၊ ခရီးသည္ ေျခာက္ဦး စီးနင္းနုိင္တဲ့ U ပံုသ႑ာန္ ထိုင္ခံုတန္းမ်ား ပါပါတယ္။ အေရွ႕ဘက္မွာ ၀င္ေပါက္တစ္ခုနဲ႔ အေနာက္ဘက္မွာ Wheelchairs အသံုးျပဳသူမ်ား အဆင္ေျပစြာ အတက္၊ အဆင္းျပဳလုပ္ႏုိင္ေအာင္ ဆင္ေျခေလွ်ာ ပံုသ႑ာန္ ျပဳလုပ္ေပးထားပါတယ္။

သူဟာ ေမာင္းသူမဲ့ နည္းပညာ အပိုင္းမွာ အဆင့္ ၄ အထိ ရွိပါတယ္။ လူသားမ်ား ေမာင္းနွင္လို႔ မရေအာင္ ဒီဇိုင္းထုတ္ထားပ ါတယ္။ ခရီးသည္မ်ားဟာ ကားမွတ္တိုင္လို ေနရာမ်ိဳးသာမက ေနရာတုိင္းကေန ကားကို Smartphone App ကေနတစ္ဆင့္ ေခၚဆိုႏုိင္ပါတယ္။ ဦးတည္ရာ တူညီတဲ့ ခရီးသည္မ်ားဟာ ကားကို အတူတကြ မွ်ေ၀ စီးနင္းႏုိင္ေအာင္ ျပဳလုပ္ေပးထားတဲ့ အငွားယာဥ္ ျဖစ္လာႏုိင္ပါတယ္။ ခရီးေ၀းသြားဖို႔အတြက္လည္း ကားကို ျပင္ဆင္ႏုိင္ပါတယ္။ ၿမိဳ႕ထဲမွာ သြားလာဖို႔အတြက္ေတာ့ တစ္နာရီလွ်င္ မိုင္ ၃၀ သာ အမ်ားဆံုး ခ်ိန္ညွိေပးထားပါတယ္။

အဲဒီ ကားမ်ားကို ေရာင္းခ်မွာ မဟုတ္ဘဲ Renault က ရံုးသြား၊ ရံုးျပန္မ်ားအတြက္ အမ်ားသံုး သယ္ယူပို႔ေဆာင္ေရး ကား အျဖစ္ အသံုးျပဳမွာ ျဖစ္ပါတယ္။ အဲဒီအတြက္ Renault ဟာ ကားထုတ္လုပ္သူ၊ ေရာင္းခ်သူ အျဖစ္ ကေန ၀န္ေဆာင္မႈ ေပးသူပါ ျဖစ္လာမွာ ျဖစ္ပါတယ္။ Renault က ယာဥ္စီးခဟာ ဘတ္စ္ကား ခ ထက္ အနည္းငယ္ ျမင့္မားမွာ ျဖစ္ေပမယ့္ Uber ထက္ သက္သာမယ္လို႔ ေျပာပါတယ္။

Swing Table

Eve Collection က ဖန္တီးထားတဲ့ Swing Table ဟာ အစားအစာ စားတဲ့ စားပြဲခံုလို သာမက ပန္းကန္ ၊ ခြက္မ်ား တင္ထားႏုိင္တဲ့ စင္ အျဖစ္ပါ အသံုးျပဳႏုိင္ပါတယ္။ အဲဒီအတြက္ မီးဖိုေခ်ာင္မွာ ေနရာ သိပ္မယူေတာ့ပါဘူး။ စစ္တမ္းမ်ားအရ ထမင္း စားပြဲမ်ားကို ေနအိမ္မ်ားမွာ တစ္ေန႔လွ်င္ ၃ နာရီေလာက္သာ အသံုးျပဳၾကပါတယ္။ Swing Table ကို ထမင္းစားခ်ိန္မွာ ျဖန္႔ၿပီး အသံုးျပဳႏုိင္ၿပီး က်န္တဲ့ အခ်ိန္မ်ားမွာ ပန္းကန္၊ ခြက္နဲ႔ အျခား အရာ၀တၳဳမ်ားကို တင္ထားႏုိင္ပါတယ္။ သူ႔ကို ေခါက္ခ်ိဳးလိုက္ရင္ အကန္႔ငါးခုပါတဲ့ စင္ ျဖစ္သြားပါတယ္။ ေခါက္ခ်ိဳး၊ ဆန္႔ထုတ္ရတာလည္း လြယ္ကူ ပါတယ္။ သူ႔ကို စတုိင္နဲ႔ အေရာင္ မတူညီတဲ့ ေမာ္ဒယ္ ေျခာက္မ်ိဳး ထုတ္လုပ္ေပးထားပါတယ္။ German Smart Living ကေန သူ႔ကို ေရာင္းခ်ေပးေနၿပီး တစ္ခုလွ်င္ ယူရို ၅၉၉ တန္ေၾကးရွိပါတယ္။

Kid-O-Bunk

သင့္ ကေလးငယ္နဲ႔ ခရီးသြားတဲ့ အခါ၊ ေပ်ာ္ပြဲစားထြက္တဲ့ အခါမ်ားမွာ Portable Bunk Beds မ်ားက အသံုး၀င္လာပါတယ္။ Disc-O-Bed က ဖန္တီးထားတဲ့ Kid-O-Bunk ဟာ ကေလးငယ္မ်ားန ဲ႔ ေပ်ာ္ပြဲစားထြက္ျခင္း၊ ခရီးသြားျခင္းမ်ားအတြက္ အထူး သင့္ေတာ္ပါတယ္။ သူ႔ကို ေခါက္ခ်ိဳး ႏုိင္ၿပီး လြယ္ကူစြာ သယ္သြားႏုိ္င္ေအာင္ အိတ္ငယ္မ်ားကိုပါ ထုတ္လုပ္ေပးထားပါတယ္။ အရပ္ ငါးေပနဲ႔ ေပါင္ ၂၀၀ အထိ အေလးခ်ိန္ရွိတဲ့ ကေလးငယ္မ်ားအတြက္ သင့္ေတာ္ပါတယ္။ အိပ္ယာ အျဖစ္ မသံုးတဲ့ အခါမ်ားမွာလည္း ခံုတန္း၊ ဆိုဖာအျဖစ္ သူ႔ကို အသံုးျပဳႏုိင္ပါတယ္။

Ref : gigadgets

unicode

ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များ

လူတွေရဲ့ နေ့စဉ် လူနေမှုဘဝကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။

Renault’s EZ-Go

Renault က လက်ရှိကျင်းပနေတဲ့ ဂျနီဗာ ကားပြပွဲမျာ EZ-Go Concept Car အသစ်တစ်စီးကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ Concept များဟာ အရင် ထွက်ပေါ်ခဲ့ဖူးတဲ့ Concept များနဲ့ မတူဘဲ ကွဲပြားနေပါတယ်။ ရုတ်တရက် ကြည့်လိုက်ရင် အဲဒီကားဟာ ရွေ့လျားနေတဲ့ ဖန် နေအိမ်နဲ့ တူညီပါတယ်။ သူ့ မှာ မြင်ကွင်းကျယ် ဖန် ကိုယ်ထည်၊ ခရီးသည် ခြောက်ဦး စီးနင်းနိုင်တဲ့ U ပုံသဏ္ဍာန် ထိုင်ခုံတန်းများ ပါပါတယ်။ အရှေ့ဘက်မှာ ဝင်ပေါက်တစ်ခုနဲ့ အနောက်ဘက်မှာ Wheelchairs အသုံးပြုသူများ အဆင်ပြေစွာ အတက်၊ အဆင်းပြုလုပ်နိုင်အောင် ဆင်ခြေလျှော ပုံသဏ္ဍာန် ပြုလုပ်ပေးထားပါတယ်။

သူဟာ မောင်းသူမဲ့ နည်းပညာ အပိုင်းမှာ အဆင့် ၄ အထိ ရှိပါတယ်။ လူသားများ မောင်းနှင်လို့ မရအောင် ဒီဇိုင်းထုတ်ထားပ ါတယ်။ ခရီးသည်များဟာ ကားမှတ်တိုင်လို နေရာမျိုးသာမက နေရာတိုင်းကနေ ကားကို Smartphone App ကနေတစ်ဆင့် ခေါ်ဆိုနိုင်ပါတယ်။ ဦးတည်ရာ တူညီတဲ့ ခရီးသည်များဟာ ကားကို အတူတကွ မျှေ၀ စီးနင်းနိုင်အောင် ပြုလုပ်ပေးထားတဲ့ အငှားယာဉ် ဖြစ်လာနိုင်ပါတယ်။ ခရီးဝေးသွားဖို့အတွက်လည်း ကားကို ပြင်ဆင်နိုင်ပါတယ်။ မြို့ထဲမှာ သွားလာဖို့အတွက်တော့ တစ်နာရီလျှင် မိုင် ၃၀ သာ အများဆုံး ချိန်ညှိပေးထားပါတယ်။

အဲဒီ ကားများကို ရောင်းချမှာ မဟုတ်ဘဲ Renault က ရုံးသွား၊ ရုံးပြန်များအတွက် အများသုံး သယ်ယူပို့ဆောင်ရေး ကား အဖြစ် အသုံးပြုမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Renault ဟာ ကားထုတ်လုပ်သူ၊ ရောင်းချသူ အဖြစ် ကနေ ဝန်ဆောင်မှု ပေးသူပါ ဖြစ်လာမှာ ဖြစ်ပါတယ်။ Renault က ယာဉ်စီးခဟာ ဘတ်စ်ကား ခ ထက် အနည်းငယ် မြင့်မားမှာ ဖြစ်ပေမယ့် Uber ထက် သက်သာမယ်လို့ ပြောပါတယ်။

Swing Table

Eve Collection က ဖန်တီးထားတဲ့ Swing Table ဟာ အစားအစာ စားတဲ့ စားပွဲခုံလို သာမက ပန်းကန် ၊ ခွက်များ တင်ထားနိုင်တဲ့ စင် အဖြစ်ပါ အသုံးပြုနိုင်ပါတယ်။ အဲဒီအတွက် မီးဖိုချောင်မှာ နေရာ သိပ်မယူတော့ပါဘူး။ စစ်တမ်းများအရ ထမင်း စားပွဲများကို နေအိမ်များမှာ တစ်နေ့လျှင် ၃ နာရီလောက်သာ အသုံးပြုကြပါတယ်။ Swing Table ကို ထမင်းစားချိန်မှာ ဖြန့်ပြီး အသုံးပြုနိုင်ပြီး ကျန်တဲ့ အချိန်များမှာ ပန်းကန်၊ ခွက်နဲ့ အခြား အရာဝတ္ထုများကို တင်ထားနိုင်ပါတယ်။ သူ့ကို ခေါက်ချိုးလိုက်ရင် အကန့်ငါးခုပါတဲ့ စင် ဖြစ်သွားပါတယ်။ ခေါက်ချိုး၊ ဆန့်ထုတ်ရတာလည်း လွယ်ကူ ပါတယ်။ သူ့ကို စတိုင်နဲ့ အရောင် မတူညီတဲ့ မော်ဒယ် ခြောက်မျိုး ထုတ်လုပ်ပေးထားပါတယ်။ German Smart Living ကနေ သူ့ကို ရောင်းချပေးနေပြီး တစ်ခုလျှင် ယူရို ၅၉၉ တန်ကြေးရှိပါတယ်။

Kid-O-Bunk

သင့် ကလေးငယ်နဲ့ ခရီးသွားတဲ့ အခါ၊ ပျော်ပွဲစားထွက်တဲ့ အခါများမှာ Portable Bunk Beds များက အသုံးဝင်လာပါတယ်။ Disc-O-Bed က ဖန်တီးထားတဲ့ Kid-O-Bunk ဟာ ကလေးငယ်များန ဲ့ ပျော်ပွဲစားထွက်ခြင်း၊ ခရီးသွားခြင်းများအတွက် အထူး သင့်တော်ပါတယ်။ သူ့ကို ခေါက်ချိုး နိုင်ပြီး လွယ်ကူစွာ သယ်သွားနိုင်အောင် အိတ်ငယ်များကိုပါ ထုတ်လုပ်ပေးထားပါတယ်။ အရပ် ငါးပေနဲ့ ပေါင် ၂၀၀ အထိ အလေးချိန်ရှိတဲ့ ကလေးငယ်များအတွက် သင့်တော်ပါတယ်။ အိပ်ယာ အဖြစ် မသုံးတဲ့ အခါများမှာလည်း ခုံတန်း၊ ဆိုဖာအဖြစ် သူ့ကို အသုံးပြုနိုင်ပါတယ်။

Ref : gigadgets

You may be interested

IP67 , IP68 ေရစိုခံ စံႏႈန္း ဆိုတာဘာလဲ?
FEATURES, Mobile & Tablets
0 shares0 views

IP67 , IP68 ေရစိုခံ စံႏႈန္း ဆိုတာဘာလဲ?

Ko Thuya - Jul 18, 2018

ဒီေန႔ေခတ္ စမတ္ဖုန္းမ်ားဟာ ေရစိုခံတယ္လို႔ ထုတ္လုပ္ေရာင္းခ်တဲ့ ကုမၸဏီမ်ားက ေၾကာ္ညာေနၾကပါတယ္။ ဒါေပမယ့္ ေရစိုခံစံႏႈန္းမ်ားစြာ ရွိတဲ့အတြက္ သင့္ စမတ္ဖုန္းဟာ ဘယ္ေလာက္အထိေရစိုခံသလဲဆိုတာ ေလ့လာထားဖုိ႔ လိုအပ္ပါတယ္။ IP ရဲ႕ အဓိပၸါယ္ IP ရဲ႕ အရွည္ဟာ Ingress Protection ျဖစ္ၿပီး…

OnePlus 5 နဲ႔ 5T တုိ႔ရဲ႕ ေနာက္ဆံုးထုတ္ OxygenOS Open Beta မွာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
102 shares15 views

OnePlus 5 နဲ႔ 5T တုိ႔ရဲ႕ ေနာက္ဆံုးထုတ္ OxygenOS Open Beta မွာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ႔ 5T တုိ႔ရဲ႕ ယခင္ထြက္ခဲ့တဲ့ OxygenOS Open Beta မွာ Project Treble ပါလာခဲ့ပါတယ္။ ယခုေနာက္ဆံုးထုတ္ ဗားရွင္းမွာလည္း လုပ္ေဆာင္ခ်က္ အသစ္မ်ား ပါလာပါတယ္။ OnePlus 5 ရဲ႕ OxygenOS Open…

လူတစ္ေယာက္ရဲ႕အသိဉာဏ္နဲ႔ယွဥ္လာႏုိင္ေတာ့မယ့္ AI နည္းပညာဆုိတာ?
FEATURES
157 shares36 views

လူတစ္ေယာက္ရဲ႕အသိဉာဏ္နဲ႔ယွဥ္လာႏုိင္ေတာ့မယ့္ AI နည္းပညာဆုိတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန္တီးရတာေတာ္ေတာ္လည္းရႈပ္ေထြးတဲ့အလုပ္တစ္ခုျဖစ္သလို ကိုယ့္အေနနဲ႔ အေသးစိတ္ၾကီးနားလည္ေနဖုိ႔လည္းမလိုပါဘူး။ အခုရိွျပီးသား သိဉာဏ္တုနည္းပညာအမ်ားစုကေတာ့ လူေတြရဲ႕ဦးေႏွာက္လိုပဲ ေကာင္းေကာင္းခန္႔မွန္းတြက္ခ်က္ႏုိင္ပါတယ္။ ဒီလိုတြက္ခ်က္ဖို႔အတြက္ ေဒတာေတြေျမာက္မ်ားစြာထည့္သြင္းရျပီး လူေတြသိတဲ့အရာေတြကေန Model တစ္ခုတည္ေဆာက္ခိုင္း၊ လူေတြမသိတဲ့အရာေတြကို ခန္႔မွန္းခိုင္းလို႔ရႏုိင္ပါတယ္။ ဒီ AI န႔ဲ တျခားကြန္ပ်ဴတာပရိုဂရမ္ေတြနဲ႔ လံုးဝမတူတ့ဲတစ္ခ်က္ကေတာ့…

Leave a Comment

Most from this category