107 Shares 71 Views

အဆန်းသစ်ဆံုးကင်မရာဖုန်းတစ်ချို့ရဲ့သမိုင်းကြောင်း

Mar 11, 2018
107 71

[Zawgyi]




Ref: PhoneArena

[Unicode]

Mobile World Congress 2018 မှာ အဆန်းသစ်ဆုံးဆိုတာတွေကိုပြသသွားပေမယ့် ကျွန်တော်တို့မိုဘိုင်းလ်ဖုန်းတွေရဲ့ကင်မရာတွေမှာဆန်းသစ်မှုတွေရှိနေဆဲပါပဲ။ Samsung Galaxy S9 ကိုလည်း နည်းနည်းပဲမြှင့်ထားတယ်လို့ပြောကြပေမယ့် သူ့ရဲ့ variable aperture ဆိုတာက ကင်မရာရဲ့ sensor တွေဆီအလင်းပိုဝင်ပြီး low-light မှာကောင်းကောင်းကြီးရိုက်နိုင်မယ့် feature တစ်ခုဖြစ်ပြီး အရင်ကဘယ်ဖုန်းမှာမှမမြင်ခဲ့ရဖူးသေးပါဘူး။ Sony Xperia XZ2 ဆိုလည်း ဗီဒီယိုအသားပေးတဲ့ feature အလန်းစားတွေပါလာပြီး 4K HDR ဗီဒီယိုတွေရိုက်နိုင်တာအပြင် 1080p slow-motion ဗီဒီယိုတွေကို 960 FPS နဲ့ရိုက်နိုင်တာက တော်တော်လန်းတယ်လို့ ပြောလို့ရပါတယ်။

ဒါတွေကတော့ ဒီနှစ်ရဲ့ Mobile World Congress မှာတွေ့မြင်ခဲ့ရတဲ့ ကင်မရာနဲ့ပတ်သတ်တဲ့ဆန်းသစ်တီထွင်မှုအနည်းငယ်ပဲရှိပါသေးတယ်။ ဒီကင်မရာစွမ်းဆောင်ရည်တွေဆိုတာ ဖုန်းတစ်လုံးရဲ့အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုအနေနဲ့ အားလုံးမျှော်လင့်မိကြတာပါ။ ကိုယ်တိုင်လည်း ဖုန်းတစ်လုံးကိုဈေးကောင်းပေးပြီးမှ ကင်မရာကမလန်းဘူးဆိုရင် ဘယ်ကြိုက်ပါ့မလဲ? ဒီနေရာမှာ ခုနကပြောခဲ့တဲ့ Samsung နဲ့ Sony တို့ဆိုတာက နောက်ဆုံးအဆန်းသစ်ဆုံး ကင်မရာ feature တွေကို သုံးထားတာဖြစ်ပြီး သူ့အရင်ကအဆန်းသစ်ဆုံးကင်မရာဆိုတဲ့လမ်းကြောင်းပေါ်လျှောက်လှမ်းခဲ့တဲ့ ဖုန်းတွေရဲ့သမိုင်းကြောင်းကိုကြည့်ရအောင်ပါ။

အရင်တုန်းကလည်း ကင်မရာပိုင်းမှာ ပုံမှန်သူများနဲ့မတူဘဲ ထူးကဲခဲ့တဲ့ဖုန်းတွေရှိခဲ့ဖူးပါတယ်။ အောက်မှာတော့ အဲဒီဖုန်းတွေရဲ့ပုံကို ထွက်ခဲ့တဲ့အချိန်အတိုင်းအစဉ်လိုက်ဖော်ပြပေးထားပါတယ်။ အရင်ခေတ်က ဖုန်းဆိုတာ ဖုန်းထက်မပိုဘဲ ဆက်သွယ်ရေးပစ္စည်းတစ်ခုအနေနဲ့ရှိနေခဲ့တဲ့အချိန် ကင်မရာဆိုတာဘာမှန်းမသိခဲ့တဲ့အချိန်မှာ ဒီဖုန်းတွေက သူ့နည်းသူ့ဟန်နဲ့ဆန်းသစ်နေခဲ့ပါတယ်။

Ref: PhoneArena

You may be interested

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?
FEATURES, Mobile & Tablets
0 shares0 views

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?

Ko Thuya - Jul 18, 2018

ဒီနေ့ခေတ် စမတ်ဖုန်းများဟာ ရေစိုခံတယ်လို့ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများက ကြော်ညာနေကြပါတယ်။ ဒါပေမယ့် ရေစိုခံစံနှုန်းများစွာ ရှိတဲ့အတွက် သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိရေစိုခံသလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။ IP ရဲ့ အဓိပ္ပါယ် IP ရဲ့ အရှည်ဟာ Ingress Protection ဖြစ်ပြီး…

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
102 shares15 views

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ့ 5T တို့ရဲ့ ယခင်ထွက်ခဲ့တဲ့ OxygenOS Open Beta မှာ Project Treble ပါလာခဲ့ပါတယ်။ ယခုနောက်ဆုံးထုတ် ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ OnePlus 5 ရဲ့ OxygenOS Open…

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
157 shares36 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

Leave a Comment

Most from this category