99 Shares 28 Views

Google က ေမာင္းသူမဲ့ ကုန္တင္ကားမ်ားကို စမ္းသပ္မည္

Mar 11, 2018
99 28

Google ရဲ႕ ကုမၸဏီခြဲ ျဖစ္တဲ့ Waymo ဟာ ေမာင္းသူမဲ့ ကားမ်ားကို တီထြင္ေနပါတယ္။ အခုေတာ့ ကုမၸဏီက ေမာင္းသူမဲ့ ထရပ္ကားမ်ားကို ေဂ်ာ္ဂ်ီယာျပည္နယ္ အတၱလန္တာကေန ကယ္လီဖိုးနီးယားမွာ ရွိတဲ့ ဂူဂယ္လ္ရဲ႕ ေဒတာ စင္တာမ်ားအထိ ေမာင္းနွင္ စမ္းသပ္မယ္လို႔ ေၾကညာလိုက္ပါတယ္။

စြမ္းရည္ျပည့္ ေမာင္းသူမဲ့ ကုန္တင္ကားမ်ားမွာ အထူး ဖန္တီးထားတဲ့ ေဆာ့ဖ္၀ဲကို အသံုးျပဳမွာ မဟုတ္ပါဘူး။ အဲဒီအစား ကုမၸဏီရဲ႕ ေမာင္းသူမဲ့ Chrysler Pacifica ကားမ်ားရဲ႕ ေဆာ့ဖ္၀ဲကိုသာ အရြယ္ႀကီး ကားမ်ားအတြက္ အဆင္ေျပေအာင္ မြမ္းမံထားတဲ့ ဗားရွင္းကို အသံုးျပဳထားပါတယ္။ ကုန္တင္ကားမ်ားဟာ လူရဲ႕ အကူအညီ လံုး၀ မလိုအပ္ဘဲ ေမာင္းႏွင္ႏုိင္ၾကပါတယ္။ ဒါေပမယ့္ အမွားအယြင္း ျဖစ္ပြားလွ်င္ ထိန္းေၾကာင္းဖို႔အတြက္ ေလ့က်င့္ေပးထားတဲ့ ယာဥ္ေမာင္းမ်ား လိုက္ပါ ၾကမွာ ျဖစ္ပါတယ္။

Waymo က ၁၈ ဘီးပါ ကုန္တင္ကားမ်ားကို Simulation အေနအထားျဖင့္သာ စမ္းသပ္ဖူးေသးၿပီး ယခုစမ္းသပ္မႈဟာ အမ်ားသံုးလမ္းမမ်ားမွာ ပထမဆံုး အႀကိမ္ စမ္းသပ္ျခင္း ျဖစ္ပါတယ္။ Waymo ရဲ႕ ေဆာ့ဖ္၀ဲဟာ Simulation အေနအထားမွာ အလုပ္ေကာင္းစြာ လုပ္ေပမယ့္ အမ်ားသုးလမ္းမမ်ားမွာ တကယ့္ ကုန္တင္ကားျဖင့္ စမ္းသပ္ရာမွာ အဆင္ေျပမလားဆိုတာ ပညာရွင္မ်ားက ေစာင့္ၾကည့္ေလ့လာၾကမွာ ျဖစ္ပါတယ္။

Waymo ရဲ႕ ၀န္ထမ္းေဟာင္း Anthony Levandowski ဟာ လုပ္ေဖာ္ကိုင္ဖက္ အခ်ိဳ႕ကို ေခၚေဆာင္ကာ ကုမၸဏီကေန ႏႈတ္ထြက္ခဲ့ပါတယ္။ အဲဒီေနာက္မွာ ေမာင္းသူမဲ့ ကုန္တင္ကား ဖန္တီးတဲ့ Otto Company ကို တည္ေထာင္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ Otto ကို Uber က ၀ယ္ယူခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ Waymo က သူတို႔ရဲ႕ နည္းပညာမ်ားကို Uber က ခိုးယူထားတယ္လို႔ တရားစြဲဆုိခဲ့ပါတယ္။

Ref : androidheadlines

unicode

Google က မောင်းသူမဲ့ ကုန်တင်ကားများကို စမ်းသပ်မည်

Google ရဲ့ ကုမ္ပဏီခွဲ ဖြစ်တဲ့ Waymo ဟာ မောင်းသူမဲ့ ကားများကို တီထွင်နေပါတယ်။ အခုတော့ ကုမ္ပဏီက မောင်းသူမဲ့ ထရပ်ကားများကို ဂျော်ဂျီယာပြည်နယ် အတ္တလန်တာကနေ ကယ်လီဖိုးနီးယားမှာ ရှိတဲ့ ဂူဂယ်လ်ရဲ့ ဒေတာ စင်တာများအထိ မောင်းနှင် စမ်းသပ်မယ်လို့ ကြေညာလိုက်ပါတယ်။

စွမ်းရည်ပြည့် မောင်းသူမဲ့ ကုန်တင်ကားများမှာ အထူး ဖန်တီးထားတဲ့ ဆော့ဖ်ဝဲကို အသုံးပြုမှာ မဟုတ်ပါဘူး။ အဲဒီအစား ကုမ္ပဏီရဲ့ မောင်းသူမဲ့ Chrysler Pacifica ကားများရဲ့ ဆော့ဖ်ဝဲကိုသာ အရွယ်ကြီး ကားများအတွက် အဆင်ပြေအောင် မွမ်းမံထားတဲ့ ဗားရှင်းကို အသုံးပြုထားပါတယ်။ ကုန်တင်ကားများဟာ လူရဲ့ အကူအညီ လုံး၀ မလိုအပ်ဘဲ မောင်းနှင်နိုင်ကြပါတယ်။ ဒါပေမယ့် အမှားအယွင်း ဖြစ်ပွားလျှင် ထိန်းကြောင်းဖို့အတွက် လေ့ကျင့်ပေးထားတဲ့ ယာဉ်မောင်းများ လိုက်ပါ ကြမှာ ဖြစ်ပါတယ်။

Waymo က ၁၈ ဘီးပါ ကုန်တင်ကားများကို Simulation အနေအထားဖြင့်သာ စမ်းသပ်ဖူးသေးပြီး ယခုစမ်းသပ်မှုဟာ အများသုံးလမ်းမများမှာ ပထမဆုံး အကြိမ် စမ်းသပ်ခြင်း ဖြစ်ပါတယ်။ Waymo ရဲ့ ဆော့ဖ်ဝဲဟာ Simulation အနေအထားမှာ အလုပ်ကောင်းစွာ လုပ်ပေမယ့် အများသုးလမ်းမများမှာ တကယ့် ကုန်တင်ကားဖြင့် စမ်းသပ်ရာမှာ အဆင်ပြေမလားဆိုတာ ပညာရှင်များက စောင့်ကြည့်လေ့လာကြမှာ ဖြစ်ပါတယ်။

Waymo ရဲ့ ဝန်ထမ်းဟောင်း Anthony Levandowski ဟာ လုပ်ဖော်ကိုင်ဖက် အချို့ကို ခေါ်ဆောင်ကာ ကုမ္ပဏီကနေ နှုတ်ထွက်ခဲ့ပါတယ်။ အဲဒီနောက်မှာ မောင်းသူမဲ့ ကုန်တင်ကား ဖန်တီးတဲ့ Otto Company ကို တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Otto ကို Uber က ဝယ်ယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Waymo က သူတို့ရဲ့ နည်းပညာများကို Uber က ခိုးယူထားတယ်လို့ တရားစွဲဆိုခဲ့ပါတယ်။

Ref : androidheadlines

You may be interested

IP67 , IP68 ေရစိုခံ စံႏႈန္း ဆိုတာဘာလဲ?
FEATURES, Mobile & Tablets
0 shares0 views

IP67 , IP68 ေရစိုခံ စံႏႈန္း ဆိုတာဘာလဲ?

Ko Thuya - Jul 18, 2018

ဒီေန႔ေခတ္ စမတ္ဖုန္းမ်ားဟာ ေရစိုခံတယ္လို႔ ထုတ္လုပ္ေရာင္းခ်တဲ့ ကုမၸဏီမ်ားက ေၾကာ္ညာေနၾကပါတယ္။ ဒါေပမယ့္ ေရစိုခံစံႏႈန္းမ်ားစြာ ရွိတဲ့အတြက္ သင့္ စမတ္ဖုန္းဟာ ဘယ္ေလာက္အထိေရစိုခံသလဲဆိုတာ ေလ့လာထားဖုိ႔ လိုအပ္ပါတယ္။ IP ရဲ႕ အဓိပၸါယ္ IP ရဲ႕ အရွည္ဟာ Ingress Protection ျဖစ္ၿပီး…

OnePlus 5 နဲ႔ 5T တုိ႔ရဲ႕ ေနာက္ဆံုးထုတ္ OxygenOS Open Beta မွာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
102 shares15 views

OnePlus 5 နဲ႔ 5T တုိ႔ရဲ႕ ေနာက္ဆံုးထုတ္ OxygenOS Open Beta မွာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ႔ 5T တုိ႔ရဲ႕ ယခင္ထြက္ခဲ့တဲ့ OxygenOS Open Beta မွာ Project Treble ပါလာခဲ့ပါတယ္။ ယခုေနာက္ဆံုးထုတ္ ဗားရွင္းမွာလည္း လုပ္ေဆာင္ခ်က္ အသစ္မ်ား ပါလာပါတယ္။ OnePlus 5 ရဲ႕ OxygenOS Open…

လူတစ္ေယာက္ရဲ႕အသိဉာဏ္နဲ႔ယွဥ္လာႏုိင္ေတာ့မယ့္ AI နည္းပညာဆုိတာ?
FEATURES
192 shares39 views

လူတစ္ေယာက္ရဲ႕အသိဉာဏ္နဲ႔ယွဥ္လာႏုိင္ေတာ့မယ့္ AI နည္းပညာဆုိတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန္တီးရတာေတာ္ေတာ္လည္းရႈပ္ေထြးတဲ့အလုပ္တစ္ခုျဖစ္သလို ကိုယ့္အေနနဲ႔ အေသးစိတ္ၾကီးနားလည္ေနဖုိ႔လည္းမလိုပါဘူး။ အခုရိွျပီးသား သိဉာဏ္တုနည္းပညာအမ်ားစုကေတာ့ လူေတြရဲ႕ဦးေႏွာက္လိုပဲ ေကာင္းေကာင္းခန္႔မွန္းတြက္ခ်က္ႏုိင္ပါတယ္။ ဒီလိုတြက္ခ်က္ဖို႔အတြက္ ေဒတာေတြေျမာက္မ်ားစြာထည့္သြင္းရျပီး လူေတြသိတဲ့အရာေတြကေန Model တစ္ခုတည္ေဆာက္ခိုင္း၊ လူေတြမသိတဲ့အရာေတြကို ခန္႔မွန္းခိုင္းလို႔ရႏုိင္ပါတယ္။ ဒီ AI န႔ဲ တျခားကြန္ပ်ဴတာပရိုဂရမ္ေတြနဲ႔ လံုးဝမတူတ့ဲတစ္ခ်က္ကေတာ့…

Leave a Comment

Most from this category