676 Shares 107 Views
Mar 11, 2018
676 107
Ref : gsmarena
unicode
25MP Selfie Camera ပါလာမယ့် Oppo F7 Selfie Expert
ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်းမှာ Oppo R15 နဲ့ R15s ရဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ အခုတော့ Oppo က F7 ရဲ့ သတင်းအချက်အလက် အချို့ကို အရိပ်အမြွက်ကြေညာလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ပိုစတာမှာ F7 ဟာ ဒီဇိုင်း အပိုင်းမှာ R15 နဲ့ အလွန်ဆင်တူပါတယ်။
အဲဒီ ပိုစတာ ဓါတ်ပုံကို Oppo India က Twitter မှာ လွှင့်တင်ထားခြင်း ဖြစ်ပါတယ်။ ဓါတ်ပုံမှာ F7 ရဲ့ ဒီဇိုင်းကို့ပြသထားပြီး Brand Ambassador အသစ်ဟာ ခရစ်ကဒ် အားကစားသမားတစ်ယောက်ဖြစ်တယ်လို့ ကြေညာထားပါ တယ်။ အိန္ဒိယ ခရစ်ကဒ် အားကစား သမား ဖြစ်သူ Hardik Pandya ဟာ Brand Ambassador အသစ်ဖြစ်လာနိုင်ပါတယ်။ ကွန်းမန့်များမှာတော့ မတ်လ ၂၆ ရက်နေ့မှာ အဲဒီ စမတ်ဖုန်းကို အိန္ဒိယမှာ မိတ်ဆက်မယ်လို့ ရေးသားနေကြပါတယ်။
ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ Oppo F7 မှာ ၆.၂ လက်မ FullHD+, 19:9 Display တပ်ဆင်ထားပြီး Screen to Body Ratio မှာ ၈၉.၀၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။ သူ့မှာ 25MP Selfie Camera ပါမယ်လို့တောင် သတင်းထွက်နေပါတယ်။ သူဟာ Selfie Expert Phone ဖြစ်ပြီး Oppo F5 မှာလို ဉာဏ်ရည်တု နည်းပညာများ ပါလာနိုင်ပါတယ်။ ပိုမို တိုးတက်လာတဲ့ Beauty Mode , AR Stickers နဲ့ Real-time HDR များ ပါလာမှာ ဖြစ်ပါတယ်။
Oppo F7 ရဲ့ အခြား Specs များကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဒီဇိုင်းအပိုင်းမှာ R15 နဲ့ တူညီတဲ့အတွက် နောက်ထွက်မယ့် Snapdragon 670 Chipset ထည့်သွင်းထားနိုင်ပါတယ်။ ဒါမှမဟုတ် MediaTek Helio P6 ပါလာနိုင်ပါတယ်။ Android Oreo အခြေပြု Color OS 4.0 ထည့်ထားနိုင်ပါတယ်။
Ref : gsmarena
You may be interested
IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?
FEATURES, Mobile & Tablets
0 shares0 views
IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?
Ko Thuya - Jul 18, 2018
ဒီနေ့ခေတ် စမတ်ဖုန်းများဟာ ရေစိုခံတယ်လို့ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများက ကြော်ညာနေကြပါတယ်။ ဒါပေမယ့် ရေစိုခံစံနှုန်းများစွာ ရှိတဲ့အတွက် သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိရေစိုခံသလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။ IP ရဲ့ အဓိပ္ပါယ် IP ရဲ့ အရှည်ဟာ Ingress Protection ဖြစ်ပြီး…
OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
102 shares15 views
OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Ko Thuya - Jul 18, 2018
OnePlus 5 နဲ့ 5T တို့ရဲ့ ယခင်ထွက်ခဲ့တဲ့ OxygenOS Open Beta မှာ Project Treble ပါလာခဲ့ပါတယ်။ ယခုနောက်ဆုံးထုတ် ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ OnePlus 5 ရဲ့ OxygenOS Open…
လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
157 shares36 views
လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
Nwe Oo - Jul 18, 2018
[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…
Leave a Comment
Most from this category