2376 Shares 902 Views

ကင္မရာ ၄လံုး ဘက္ထရီမ်ားမ်ား 18:9 ratio နဲ႔ထြက္ရိွလာခဲ့ျပီျဖစ္တဲ့ Huawei Y9 (2018) 

Mar 11, 2018
2376 902

[Zawgyi]

18:9 display ေတြလည္းေခတ္စားလာေတာ့ Huawei လည္းဒီလမ္းေၾကာင္းအတိုင္းပဲျဖစ္ေနျပီးေတာ့ အခု mid-range ဖုန္းသစ္ကဆိုရင္လည္း display တင္ၾကီးသြားတာမဟုတ္ဘဲ ဘက္ထရီပမာဏလည္း မနည္းတာပါ။ ဒီႏွစ္အတြက္ ဖုန္းေတြကလည္း 18:9 display ေတြပဲျဖစ္ေတာ့မယ့္ကိန္းဆိုေတာ့ ေနာင္လာမယ့္ႏွစ္ေတြမွာ ဘယ္လိုပံုစံျဖစ္မလဲဆိုတာကေတာ့ စိတ္ဝင္စားဖို႔ေကာင္းလြန္းပါတယ္။

Huawei Y9 (2018) officially unveiled with 18:9 display, four cameras, massive battery

အခုလည္း အသစ္ထပ္မံမိတ္ဆက္လိုက္တဲ့ Huawei Y9 (2018) မွာ 5.93-inch display ကိုသံုးထားျပီး ရုပ္ထြက္ကေတာ့ FHD+ (2160×1080 pixels) 18:9 aspect ratio နဲ႔လာပါတယ္။ Huawei ကိုယ္ပိုင္ Kirin 659 processor ကိုသံုးထားျပီး RAM 3GB, storage 32GB ရိွပါတယ္။ ဘက္ထရီကေတာ့ 4,000 mAh ဘက္ထရီကုိသံုးထားျပီး အထူကေတာ့ 7.9mm ေလာက္ေတာင္မရိွပါဘူး။။ ေက်ာဘက္မွာ 13MP+2MP dual camera တပ္ဆင္ထားျပီး ေရွ႕ဘက္ကေတာ့ 16MP+2MP ကင္မရာ ေတြကိုတပ္ဆင္ထားပါတယ္။

Huawei Y9 (2018) officially unveiled with 18:9 display, four cameras, massive battery

သူနဲ႔ပတ္သတ္ျပီးေကာင္းတာတစ္ခုကေတာ့ Android 8.0 Oreo နဲ႔လာတာပါပဲ။ ေက်ာဘက္မွာလက္ေဗြဖတ္စနစ္ရိွျပီး သတၱဳကုိယ္ထည္ကိုပဲ ဆက္သံုးထားပါတယ္။ အနက္၊ အျပာ၊ ေရႊေရာင္ဆုိျပီး အေရာင္ ၃ေရာင္နဲ႔လာျပီ ေစ်းႏႈန္းကေတာ့ထပ္စံုစမ္းရဦးမွာေပမယ့္ ခုခ်ိန္ထိထြက္ထားတဲ့သတင္းက ေစ်းႏႈန္းကေတာ့ ယူရို၂၀၀ ေလာက္ရိွတယ္လို႔ေတာ့ သိထားပါတယ္။ ခုခ်ိန္မွာ ထိုင္းႏုိင္ငံမွာပဲမိဆက္ဆက္ရေသးတာျဖစ္ေပမယ့္ တျခားႏုိင္ငံေတြကိုလည္း မၾကာခင္ေရာက္လာေတာ့မယ္လို႔ ခန္႔မွန္းရပါတယ္။

[Unicode]

18:9 display တွေလည်းခေတ်စားလာတော့ Huawei လည်းဒီလမ်းကြောင်းအတိုင်းပဲဖြစ်နေပြီးတော့ အခု mid-range ဖုန်းသစ်ကဆိုရင်လည်း display တင်ကြီးသွားတာမဟုတ်ဘဲ ဘက်ထရီပမာဏလည်း မနည်းတာပါ။ ဒီနှစ်အတွက် ဖုန်းတွေကလည်း 18:9 display တွေပဲဖြစ်တော့မယ့်ကိန်းဆိုတော့ နောင်လာမယ့်နှစ်တွေမှာ ဘယ်လိုပုံစံဖြစ်မလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းလွန်းပါတယ်။

Huawei Y9 (2018) officially unveiled with 18:9 display, four cameras, massive battery

အခုလည်း အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ Huawei Y9 (2018) မှာ 5.93-inch display ကိုသုံးထားပြီး ရုပ်ထွက်ကတော့ FHD+ (2160×1080 pixels) 18:9 aspect ratio နဲ့လာပါတယ်။ Huawei ကိုယ်ပိုင် Kirin 659 processor ကိုသုံးထားပြီး RAM 3GB, storage 32GB ရှိပါတယ်။ ဘက်ထရီကတော့ 4,000 mAh ဘက်ထရီကိုသုံးထားပြီး အထူကတော့ 7.9mm လောက်တောင်မရှိပါဘူး။။ ကျောဘက်မှာ 13MP+2MP dual camera တပ်ဆင်ထားပြီး ရှေ့ဘက်ကတော့ 16MP+2MP ကင်မရာ တွေကိုတပ်ဆင်ထားပါတယ်။

Huawei Y9 (2018) officially unveiled with 18:9 display, four cameras, massive battery

သူနဲ့ပတ်သတ်ပြီးကောင်းတာတစ်ခုကတော့ Android 8.0 Oreo နဲ့လာတာပါပဲ။ ကျောဘက်မှာလက်ဗွေဖတ်စနစ်ရှိပြီး သတ္တုကိုယ်ထည်ကိုပဲ ဆက်သုံးထားပါတယ်။ အနက်၊ အပြာ၊ ရွှေရောင်ဆိုပြီး အရောင် ၃ရောင်နဲ့လာပြီ ဈေးနှုန်းကတော့ထပ်စုံစမ်းရဦးမှာပေမယ့် ခုချိန်ထိထွက်ထားတဲ့သတင်းက ဈေးနှုန်းကတော့ ယူရို၂၀၀ လောက်ရှိတယ်လို့တော့ သိထားပါတယ်။ ခုချိန်မှာ ထိုင်းနိုင်ငံမှာပဲမိဆက်ဆက်ရသေးတာဖြစ်ပေမယ့် တခြားနိုင်ငံတွေကိုလည်း မကြာခင်ရောက်လာတော့မယ်လို့ ခန့်မှန်းရပါတယ်။

You may be interested

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ iPhone XS နဲ႔ iPhone XS Max တို႔ကို ေရာင္းခ်ေပးလိုက္ပါတယ္။ Apple အေရး ကြ်မ္းက်င္တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက္…

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ
HUBS, Microsoft
39 shares12 views

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ

Creepy Tyler - Sep 25, 2018

Microsoft ကေတာ့ Surface Hub 2 ကို ျပသခဲ့ၿပီး ၊ ေနာက္ဆံုးထြက္ျဖစ္လာမယ့္ ဒီ device မွာ ပါလာမယ့္  Rotating Display အမည္ရ device ပံုစံအတုိင္း လိုက္ေလ်ာညီေထြ ေျပာင္းလဲျပသေပးမယ့္ နည္းပညာကိုလည္း တစ္ခါတည္း ျပသခဲ့ပါတယ္။…

Google Chrome ကို ႏွံ႔ႏွံ႔စပ္စပ္အသံုးျပဳႏုိင္မယ့္ နည္းလမ္းမ်ား
FEATURES, HOW TO, Softwares & Application
179 shares67 views

Google Chrome ကို ႏွံ႔ႏွံ႔စပ္စပ္အသံုးျပဳႏုိင္မယ့္ နည္းလမ္းမ်ား

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမာၻမွာ လူသံုးအမ်ားဆံုး ၀က္ဘေရာက္စာ တစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ Google Chrome မွာ လူသိနည္းတဲ့ လွိ်ဳ႕၀ွက္ စြမ္းေဆာင္ခ်က္မ်ား ပါရွိပါတယ္။ အဲဒီအထဲမွာ Chrome ကို Text Editor လို အသံုးျပဳျခင္း၊…

Leave a Comment

Most from this category