0 Shares 24 Views

အဆောက်အဦးတွေကိုဖောက်ထွင်းမြင်နိုင်တဲ့ X-ray ဦးထုပ်နဲ့ Segway အဖြစ်ပါစီးနင်းနိုင်မယ့် အခိုင်းအစေစက်ရုပ်ကို CES ပွဲမှာ Intel ပြသ

2FDB87B700000578-0-image-a-83_1452124543973

နည်းပညာကုမ္ပဏီ Intel ဟာ Consumer Electronics Show (သုံးစွဲသူအီလက်ထရောနစ်ပစ္စည်းပြပွဲ) CES မှာ ခေါင်းဆောင်းဦးထုပ်မှာတပ်ဆင်ပြီး ၀တ်ဆင်ထားသူအနေနဲ့ အဆောက်အဦး၊ပစ္စည်းတွေကို ဖောက်ထွင်းကြည့်နိုင်မယ့် စမတ်မျက်မှန်တစ်မျိုးကို စတင်ပြသခဲ့ပါတယ်။
အဆိုပါ x-ray မျက်မှန်နဲ့ ဦးထုပ်ကို virtuality reality ကုမ္ပဏီ DAQRI နဲ့ ပေါင်းစပ်ထုတ်လုပ်တာဖြစ်ပြီး Intel ရဲ့ ဆဌမမြောက်မျိုးဆက် Core m7 ပရိုဆက်ဆာကို ထည့်သွင်းအသုံးပြုထားပါတယ်။ ဒါဟာ ဈေးကွက်ထဲပထမဆုံးဝင်ရောက်လာတဲ့စမတ်မျက်မှန်မဟုတ်ပေမယ့်၊ စက်မှုလုပ်သားတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ပထမဆုံး စမတ်မျက်မှန်ဖြစ်ပါတယ်။
DAQRI စမတ်ဦးထုပ်ဟာ ၀တ်ဆင်ထားသူအလုပ်သမားကို လုပ်ငန်းခွင်ရဲ့ညွှန်ကြားချက်တွေ၊ လုံခြုံရေးသတင်းအချက်အလက်တွေ၊ မြေပုံတွေနဲ့  တခြား လုပ်ငန်းခွင်အချက်အလက်တွေကို မျက်မှန်ကနေတဆင့် ဂရပ်ဖစ်နည်းနဲ့ ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီဦးထုပ်ဟာ စက်ရုံလုပ်ငန်းခွင်အခြေအနေအမျိုးမျိုးမှာ လုပ်သား ၀န်ထမ်းတွေရဲ့ လုံခြုံဘေးကင်းမှု၊ လုပ်ငန်းစွမ်းဆောင်ရည်တို့ ကို အမြင့်ဆုံးပေးစွမ်းနိုင်အောင် တီထွင်ဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။
ဝတ်ဆင်ထားသူအနေနဲ့  စက်ပစ္စည်းတွေ၊ပိုက်တွေစတဲ့ အရာဝတ္ထုပစ္စည်းတွေအထဲကိုဖောက်ထွင်းကြည့်ရှုနိုင်ကာ၊၊ ပြင်ဆင်ဖို့ လိုအပ်တဲ့နေရာကို ရှာဖွေသိရှိနိုင်မှာ ဖြစ်ပါတယ်။
” Intel ရဲ့ အဆင့်မြင့်နည်းပညာပစ္စည်းတွေနဲ့ စက်မှုလုပ်ငန်းကို တိုးတက်ပြောင်းလဲသွားအောင်လုပ်ဆောင်နေတာဖြစ်ပါတယ်” လို့  DAQRI တည်ထောင်သူလည်းဖြစ်၊ CEO လည်းဖြစ်တဲ့ Brian Mullins က မိတ်ဆက်ပွဲမှာပြောကြားခဲ့ပါတယ်။
Intel ဟာ  Segway ကုမ္ပဏီ ကို မကြာသေးမီက၀ယ်ယူခဲ့တဲ့ Xiaomi ကျောထောက်နောက်ခံပြု၊ တရုတ်ကုမ္ပဏီ Ninebot နဲ့ ပူးပေါင်းကာ ယခုပွဲမှာ Segway အဖြစ်လည်းစီးနင်းလို့ ရပြီး၊ စက်ရုပ်တစ်ရုပ်အဖြစ်ပါအသုံးဝင်တဲ့ Ninebot စက်ရုပ်ယာဉ်ကိုလည်း မိတ်ဆက်ပြခဲ့ပါတယ်။ Intel CEO ဖြစ်သူ Brian Krzanich ဟာ အဆိုပါ Ninebot စက်ရုပ်ကို စင်ပေါ်အထိစီးနင်းလာခဲ့ပြီး စင်ပေါ်ရောက်တဲ့အခါမှာ လက်တွေ၊ဦးခေါင်းတွေပါဝင်တဲ့ စက်ရုပ်တစ်ရုပ်အဖြစ်ပြောင်းလဲသွားတာကို တွေ့ မြင်ရပါတယ်။ ဒီစက်ရုပ်ဟာ ပတ်ဝန်းကျင်အခြေအနေနဲ့ အရာဝတ္ထုပစ္စည်းတွေ အာရုံခံခွဲခြားသိရှိနိုင်ကာ၊ တခြားလုပ်ငန်းတာဝန်အများအပြားကိုလည်း ဆော့ဖ်ဝဲ၊ဟာ့ဒ်ဝဲထပ်မံတိုးချဲ့ တပ်ဆင်ကာ ခိုင်းစေနိုင်တယ်လို့ သိရပါတယ်။

Ref: DailyMail

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category