206 Shares 556 Views

ကိုယ့္ဖုန္းကို အတြင္းအျပင္ ဘယ္လိုသန္႔ရွင္းေရးလုပ္ေပးၾကမလဲ?

Mar 10, 2018
206 556

[Zawgyi]

စမတ္ဖုန္းေတြဝယ္တယ္ဆိုတာလည္း ရင္းႏွီးျမွဳပ္ႏွံမႈတစ္မ်ိဳးပါပဲ။ ထိပ္တန္းဖုန္းေတြဆိုရင္ desktop ကြန္ပ်ဴတာေတြေလာက္ကိုေစ်းၾကီးတဲ့အတြက္ စည္းကမ္းရွိရိွနဲ႔ၾကာၾကာသံုးတတ္ဖို႔လုိတယ္လုိ႔ေတာ့ ထင္ပါတယ္။ ဒါေပမယ့္ ေျပာရရင္ ကိုယ့္ရဲ႕အခ်ိန္ေတာ္ေတာ္မ်ားမ်ားကိုစမတ္ဖုန္းနဲ႔ကုန္ေလ့ရိွၾကတဲ့အတြက္ အျမဲတမ္းသံုးေနရင္း app ေတြ media ေတြမလိုအပ္ပဲမ်ားမ်ားလာပါတယ္။ တတ္ႏုိင္သေလာက္အခ်ိန္ၾကာၾကာသံုးခ်င္တယ္ အခ်ိန္အၾကာၾကီးသံုးလည္း အသစ္အတိုင္းေလးလိုပဲျဖစ္ခ်င္တယ္ဆိုရင္ အတြင္းပိုင္းေရာ အျပင္ပိုင္းကိုပါ သန္႔ရွင္းေပးဖို႔လိုပါလိမ့္မယ္။ ဒါဆို ကိုယ့္ဖုန္းကုိဘယ္လိုသန္႔ရွင္းၾကမလဲ?

D41_9797-Edit

အျပင္ပိုင္းသန္႔ရွင္းေရး

ဖုန္းကိုေသေသခ်ာခ်ာေလးသန္႔ရွင္းေရးလုပ္ေပးရင္ အခ်ိန္ေတြအမ်ားၾကီးသံုးျပီးတဲ့တိုင္ေအာင္ ကုိယ့္ဖုန္းက အသစ္ကေလးလိုျဖစ္ေနမွာပါ။ လွ်ပ္စစ္ပစၥည္းေတြအတြက္ပဲ သီးသန္႔ပိုးသတ္သန္႔ရွင္းေပးတဲ့ သန္႔ရွင္းေရးပစၥည္းေတြ၊ ဒါမွမဟုတ္ ေရက်က္ေအး ဒါမွမဟုတ္ အရက္နဲ႔ ဖုန္းကို အဝတ္စႏူးႏူးညံ့ညံ့ေလးသံုးျပီးပြတ္ေပးပါ။ အေရးၾကီးတဲ့တစ္ခ်က္သတိထားရမွာက ၾကမ္းတမ္းတဲ့အဝတ္စၾကီးေတြနဲ႔မတိုက္ပါနဲ႔၊ ခုနကသန္႔ရွင္းေဆးရည္ေတြ အရက္ျပန္ေတြကို ဖုန္းေပၚတုိက္ရိုက္ေလာင္းမခ်ပါနဲ႔။ အဝတ္စကိုစြတ္ျပီးမွ သန္႔စင္ေပးပါ။

Image result for clean your phone

ေသးငယ္တဲ့ကင္မရာမွန္ဘီလူးေတြအတြက္ေတာ့ နားၾကပ္တံေလးနဲ႔ သန္႔စင္တဲ့ေရက်က္ေအးေလးနဲ႔ မွန္ဘီလူးမွာကပ္ေနတဲ့အညစ္အေၾကးမွန္သမွ်ကို ညင္ညင္သာသာေလးသန္႔ရွင္းေပးပါ။ နားၾကပ္တံနဲ႔ စပီကာေတြ၊ ရိွသမွ်အေပါက္ေတြကို သန္႔ရွင္းေပးလို႔ရပါတယ္။

Image result for clean your phone

ဒီထက္ပိုသန္႔ရွင္းခ်င္ရင္ေတာ့ PhoneSoap ကေန $60 နဲ႔ေရာင္းေပးေနတဲ့ UV phone sanitizer ဆိုတာေလးနဲ႔သန္႔ရွင္းေပးလို႔ရပါတယ္။

အတြင္းပိုင္းသန္႔ရွင္းေရး

အခ်ိန္ၾကာလာတာနဲ႔အမွ် ဖုနး္ထဲက application ေတြက ေႏွးလာတာ၊ ဘက္ထရီအားကုန္တာျမန္လာတာ၊ စြမ္းေဆာင္ရည္ေတြက်လာတာ ဒါေတြကပံုမွန္ျဖစ္မွာပါပဲ။ ဒါေပမယ့္ ဒါမ်ိဳးသက္သာေအာင္လုပ္လို႔ရတဲ့နည္းလမ္းေလးေတြရိွပါတယ္။

Image result for update phone software latest version

ပထမဆံုး ဖုန္းရဲ႕ software version ကို ေနာက္ဆံုးဗားရွင္းကိုျမွင့္ထားပါ။ update အသစ္ေတြက Operation System ေတြရဲ႕စြမ္းေဆာင္ရည္ေတြကို ပိုေခ်ာေမြ႔ေအာင္ဖန္တီးထားတာပါ။ update ေတြမလုပ္ခ်င္လို႔ လ်စ္လ်ဴရႈထားရင္ေတာ့ အဓိကျမွင့္ေပးထားတဲ့စြမ္းေဆာင္ရည္ေတြကို လက္လြတ္သြားပါလိမ့္မယ္။

ဖုန္းရဲ႕စနစ္ကိုသန္႔ရွင္းျပီး ပိုျမန္ဖို႔ေနာက္တစ္နည္းကေတာ့ ကိုယ္အသံုးနည္းတဲ့ ဒါမွမဟုတ္ လံုးဝမသံုးတဲ့ app ေတြကိုဖ်က္ပစ္ပါ။ တခ်ိဳ႕ဖုန္းေတြဆို carrier ေတြက ဖုန္းရဲ႕ system ထဲကို app ေတြ build-in ထည့္သြင္းထားတဲ့အတြက္ ၂ခုထပ္ေနတဲ့ “bloatware” ေတြရိွေနပါတယ္။ ဒီ app ေတြက မသံုးရင္ေတာင္ လံုးဝဖ်က္ပစ္လိုက္လို႔လည္းမရတဲ့အတြက္ disable ပဲလုပ္လို႔ရမွာပါ။

Image result for delete unused apps

ေနာက္တစ္ခုက ကိုယ့္ပံုေတြ ဗီဒီယုိေတြကို SD ကဒ္ထဲမွာသိမ္းထားတာေသခ်ာလားဆိုတာသြားစစ္ပါ။ SD ကဒ္ထည့္မထားဘူးဆိုရင္ေတာ့ ထည့္ဖို႔အၾကံေပးခ်င္ပါတယ္။ ပံုေတြ ဗီဒီယိုေတြကို SD ကဒ္ထဲကိုေရႊ႕ျပီး မလိုအပ္တဲ့ပံုေတြကိုဖ်က္ပစ္လိုက္ပါ။

ေနာက္ဆံုးဖုန္းက ေတာ္ေတာ္ေလးဟန္းလာျပီဆုိရင္ factory reset ခ်လိုက္ပါ။ reset မခ်ခင္မွာေတာ့ ေဒတာေတြအကုန္လံုးကို BackUp လုပ္ထားပါ။

ကိုယ့္ဖုန္းကို အသစ္လဲလဲ မလဲလဲ ပံုမွန္ထိန္းသိမ္းျပီးသန္႔ရွင္းေရးလုပ္ေပးရပါမယ္။ ဒါဆိုရင္ေတာ့ ၾကာၾကာလည္းခံ အျမင္လည္းလွ ေကာင္းေကာင္းလည္းစြမ္းေဆာင္ႏုိင္မွာျဖစ္ပါတယ္။ သင္ေရာ သင့္ဖုန္းကို ပံုမွန္သန္႔ရွင္းေရးလုပ္ေပးျဖစ္ရဲ႕လား? မလုပ္ရေသးရင္ အခုပဲ အတြင္းေရာအျပင္ပါ သန္႔ရွင္းေပးလိုက္ပါ… 😉

[Unicode]

စမတ်ဖုန်းတွေဝယ်တယ်ဆိုတာလည်း ရင်းနှီးမြှုပ်နှံမှုတစ်မျိုးပါပဲ။ ထိပ်တန်းဖုန်းတွေဆိုရင် desktop ကွန်ပျူတာတွေလောက်ကိုဈေးကြီးတဲ့အတွက် စည်းကမ်းရှိရှိနဲ့ကြာကြာသုံးတတ်ဖို့လိုတယ်လို့တော့ ထင်ပါတယ်။ ဒါပေမယ့် ပြောရရင် ကိုယ့်ရဲ့အချိန်တော်တော်များများကိုစမတ်ဖုန်းနဲ့ကုန်လေ့ရှိကြတဲ့အတွက် အမြဲတမ်းသုံးနေရင်း app တွေ media တွေမလိုအပ်ပဲများများလာပါတယ်။ တတ်နိုင်သလောက်အချိန်ကြာကြာသုံးချင်တယ် အချိန်အကြာကြီးသုံးလည်း အသစ်အတိုင်းလေးလိုပဲဖြစ်ချင်တယ်ဆိုရင် အတွင်းပိုင်းရော အပြင်ပိုင်းကိုပါ သန့်ရှင်းပေးဖို့လိုပါလိမ့်မယ်။ ဒါဆို ကိုယ့်ဖုန်းကိုဘယ်လိုသန့်ရှင်းကြမလဲ?

D41_9797-Edit

အပြင်ပိုင်းသန့်ရှင်းရေး

ဖုန်းကိုသေသေချာချာလေးသန့်ရှင်းရေးလုပ်ပေးရင် အချိန်တွေအများကြီးသုံးပြီးတဲ့တိုင်အောင် ကိုယ့်ဖုန်းက အသစ်ကလေးလိုဖြစ်နေမှာပါ။ လျှပ်စစ်ပစ္စည်းတွေအတွက်ပဲ သီးသန့်ပိုးသတ်သန့်ရှင်းပေးတဲ့ သန့်ရှင်းရေးပစ္စည်းတွေ၊ ဒါမှမဟုတ် ရေကျက်အေး ဒါမှမဟုတ် အရက်နဲ့ ဖုန်းကို အဝတ်စနူးနူးညံ့ညံ့လေးသုံးပြီးပွတ်ပေးပါ။ အရေးကြီးတဲ့တစ်ချက်သတိထားရမှာက ကြမ်းတမ်းတဲ့အဝတ်စကြီးတွေနဲ့မတိုက်ပါနဲ့၊ ခုနကသန့်ရှင်းဆေးရည်တွေ အရက်ပြန်တွေကို ဖုန်းပေါ်တိုက်ရိုက်လောင်းမချပါနဲ့။ အဝတ်စကိုစွတ်ပြီးမှ သန့်စင်ပေးပါ။

Image result for clean your phone

သေးငယ်တဲ့ကင်မရာမှန်ဘီလူးတွေအတွက်တော့ နားကြပ်တံလေးနဲ့ သန့်စင်တဲ့ရေကျက်အေးလေးနဲ့ မှန်ဘီလူးမှာကပ်နေတဲ့အညစ်အကြေးမှန်သမျှကို ညင်ညင်သာသာလေးသန့်ရှင်းပေးပါ။ နားကြပ်တံနဲ့ စပီကာတွေ၊ ရှိသမျှအပေါက်တွေကို သန့်ရှင်းပေးလို့ရပါတယ်။

Image result for clean your phone

ဒီထက်ပိုသန့်ရှင်းချင်ရင်တော့ PhoneSoap ကနေ $60 နဲ့ရောင်းပေးနေတဲ့ UV phone sanitizer ဆိုတာလေးနဲ့သန့်ရှင်းပေးလို့ရပါတယ်။

အတွင်းပိုင်းသန့်ရှင်းရေး

အချိန်ကြာလာတာနဲ့အမျှ ဖုနး်ထဲက application တွေက နှေးလာတာ၊ ဘက်ထရီအားကုန်တာမြန်လာတာ၊ စွမ်းဆောင်ရည်တွေကျလာတာ ဒါတွေကပုံမှန်ဖြစ်မှာပါပဲ။ ဒါပေမယ့် ဒါမျိုးသက်သာအောင်လုပ်လို့ရတဲ့နည်းလမ်းလေးတွေရှိပါတယ်။

Image result for update phone software latest version

ပထမဆုံး ဖုန်းရဲ့ software version ကို နောက်ဆုံးဗားရှင်းကိုမြှင့်ထားပါ။ update အသစ်တွေက Operation System တွေရဲ့စွမ်းဆောင်ရည်တွေကို ပိုချောမွေ့အောင်ဖန်တီးထားတာပါ။ update တွေမလုပ်ချင်လို့ လျစ်လျူရှုထားရင်တော့ အဓိကမြှင့်ပေးထားတဲ့စွမ်းဆောင်ရည်တွေကို လက်လွတ်သွားပါလိမ့်မယ်။

ဖုန်းရဲ့စနစ်ကိုသန့်ရှင်းပြီး ပိုမြန်ဖို့နောက်တစ်နည်းကတော့ ကိုယ်အသုံးနည်းတဲ့ ဒါမှမဟုတ် လုံးဝမသုံးတဲ့ app တွေကိုဖျက်ပစ်ပါ။ တချို့ဖုန်းတွေဆို carrier တွေက ဖုန်းရဲ့ system ထဲကို app တွေ build-in ထည့်သွင်းထားတဲ့အတွက် ၂ခုထပ်နေတဲ့ “bloatware” တွေရှိနေပါတယ်။ ဒီ app တွေက မသုံးရင်တောင် လုံးဝဖျက်ပစ်လိုက်လို့လည်းမရတဲ့အတွက် disable ပဲလုပ်လို့ရမှာပါ။

Image result for delete unused apps

နောက်တစ်ခုက ကိုယ့်ပုံတွေ ဗီဒီယိုတွေကို SD ကဒ်ထဲမှာသိမ်းထားတာသေချာလားဆိုတာသွားစစ်ပါ။ SD ကဒ်ထည့်မထားဘူးဆိုရင်တော့ ထည့်ဖို့အကြံပေးချင်ပါတယ်။ ပုံတွေ ဗီဒီယိုတွေကို SD ကဒ်ထဲကိုရွှေ့ပြီး မလိုအပ်တဲ့ပုံတွေကိုဖျက်ပစ်လိုက်ပါ။

နောက်ဆုံးဖုန်းက တော်တော်လေးဟန်းလာပြီဆိုရင် factory reset ချလိုက်ပါ။ reset မချခင်မှာတော့ ဒေတာတွေအကုန်လုံးကို BackUp လုပ်ထားပါ။

ကိုယ့်ဖုန်းကို အသစ်လဲလဲ မလဲလဲ ပုံမှန်ထိန်းသိမ်းပြီးသန့်ရှင်းရေးလုပ်ပေးရပါမယ်။ ဒါဆိုရင်တော့ ကြာကြာလည်းခံ အမြင်လည်းလှ ကောင်းကောင်းလည်းစွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ သင်ရော သင့်ဖုန်းကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖြစ်ရဲ့လား? မလုပ်ရသေးရင် အခုပဲ အတွင်းရောအပြင်ပါ သန့်ရှင်းပေးလိုက်ပါ… 😉

You may be interested

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ iPhone XS နဲ႔ iPhone XS Max တို႔ကို ေရာင္းခ်ေပးလိုက္ပါတယ္။ Apple အေရး ကြ်မ္းက်င္တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက္…

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ
HUBS, Microsoft
63 shares12 views

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ

Creepy Tyler - Sep 25, 2018

Microsoft ကေတာ့ Surface Hub 2 ကို ျပသခဲ့ၿပီး ၊ ေနာက္ဆံုးထြက္ျဖစ္လာမယ့္ ဒီ device မွာ ပါလာမယ့္  Rotating Display အမည္ရ device ပံုစံအတုိင္း လိုက္ေလ်ာညီေထြ ေျပာင္းလဲျပသေပးမယ့္ နည္းပညာကိုလည္း တစ္ခါတည္း ျပသခဲ့ပါတယ္။…

Google Chrome ကို ႏွံ႔ႏွံ႔စပ္စပ္အသံုးျပဳႏုိင္မယ့္ နည္းလမ္းမ်ား
FEATURES, HOW TO, Softwares & Application
305 shares94 views

Google Chrome ကို ႏွံ႔ႏွံ႔စပ္စပ္အသံုးျပဳႏုိင္မယ့္ နည္းလမ္းမ်ား

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမာၻမွာ လူသံုးအမ်ားဆံုး ၀က္ဘေရာက္စာ တစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ Google Chrome မွာ လူသိနည္းတဲ့ လွိ်ဳ႕၀ွက္ စြမ္းေဆာင္ခ်က္မ်ား ပါရွိပါတယ္။ အဲဒီအထဲမွာ Chrome ကို Text Editor လို အသံုးျပဳျခင္း၊…

Leave a Comment

Most from this category