787 Shares 194 Views

Phone For You က႑အတြက္ ေရြးေပးခ်င္တဲ့ Google Pixel 2 XL

Mar 09, 2018
787 194

Pixel 2 XL ဟာ Google ရဲ႕ ဒုတိယမ်ိဳးဆက္ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္းျဖစ္ပါတယ္။ သူ႔မွာ အခု ေခတ္စားေနတဲ့ 18:9 Screen တပ္ဆင္ထားၿပီး ယခင္မ်ိဳးဆက္မ်ားရဲ႕ ဒီဇိုင္းကို ပိုမို ေကာင္းမြန္ေအာင္ ျပင္ဆင္မြမ္းမံထားပါတယ္။ သူ႔ရဲ႕ အေၾကာင္းကို အေသးစိတ္ေလ့လာၾကည့္ရေအာင္။

ဒီဇိုင္းနဲ႔ တည္ေဆာက္မႈ

Google က Pixel 2 XL ရဲ႕ ဒီဇိုင္းကို ယခင္ေမာ္ဒယ္မ်ားနဲ႔ မတူေအာင္ ေျပာင္းလဲထားပါတယ္။ အေနာက္ဘက္ ထိပ္ပိုင္း အနည္းငယ္ကို ဖန္ျဖင့္ ဖံုးအုပ္ထားၿပီး က်န္တဲ့ေနရာကို သတၱဳျဖင့္ ဖံုးအုပ္ထားပါတယ္။ အေရွ႕ဘက္ကေတာ့ ဖန္ အျပည့္ ဒီဇိုင္း ျဖစ္ပါတယ္။ ဖုန္းကို ရႈေထာင့္မ်ိဳးစံုကေန ၾကည့္ရတာ အလြန္ခန္႔ညား လွပပါတယ္။ အျဖဴနဲ႔ အနက္ေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။

IP67 စံႏႈန္း ရွိၿပီး ေရစိုခံတဲ့ ဒီဇိုင္း ျဖစ္ပါတယ္။ အေရွ႕ဘက္မွာ တပ္ဆင္ထားတဲ့ စပီကာမ်ားက အသံအရည္အေသြး ေကာင္းမြန္ပါတယ္။ ဒါေပမယ့္ HTC BoomSound ေလာက္ မေကာင္းပါဘူး။ 3.5mm Headphone Jack ကို ဖယ္ရွားထားၿပီး အသင့္ထည့္ေပးထားတဲ့ Adapter ျဖင့္ USB Type-C အေပါက္ကို နားၾကပ္မ်ားျဖင့္ ခ်ိတ္ဆက္ႏိုင္ပါတယ္။ လက္ေဗြရာ ဆန္ဆာကို အေနာက္ဘက္ လက္သင့္တဲ့ ေနရာမွာ ျမွပ္နွံထားတာက ေကာင္းမြန္ပါတယ္။

မ်က္ႏွာျပင္

သူ႔မွာ ၆ လက္မ OLED 2880x1440p Display တပ္ဆင္ထားၿပီး တစ္လက္မလွ်င္ Pixel သိပ္သည္းဆမွာ ၅၃၈ ျဖစ္ပါတယ္။ Samsung Galaxy S8+, LG V30 , iPhone X တို႔မွာလို OLED Display ကို ေျပာင္းလဲ အသံုးျပဳထားပါတယ္။ OLED ရဲ႕ စြမ္းရည္အတိုင္းပဲ နက္ရိႈင္းတဲ့ အနက္ေရာင္မ်ားကို ဖန္တီးေပးပါတယ္။ ဒါေပမယ့္ စတင္ေရာင္းခ်တဲ့ အခ်ိန္တုန္းက အေရာင္ထုတ္လုပ္မႈ အပိုင္းမွာ သိပ္ၿပီး မေကာင္းတာကို ေတြ႕ခဲ့ၾကရပါတယ္။ ေနာက္ပိုင္းမွာေတာ့ Google က Saturated Option အသစ္ကို ထည့္ေပးလိုက္တဲ့အတြက္ အဲဒီ ျပႆနာမ်ားဟာ ေျပလည္သြားပါတယ္။

စြမ္းေဆာင္ရည္

သူ႔မွာ ၂၀၁၇ ခုႏွစ္ထုတ္ စြမ္းေဆာင္ရည္ျမင့္ Snapdragon 835 နဲ႔ 6GB RAM ထည့္ေပးထားပါတယ္။ သူ႔ရဲ႕ Pure Android Software နဲ႔ ေပါင္းစပ္ထားမႈဟာ ၿပိဳင္ဖက္ ဆမ္ေဆာင္းဖုန္းမ်ားထက္ေတာင္ ပိုမို လွ်င္ျမန္ေနတာကို ေတြ႕ရပါတယ္။ ဂိမ္းမ်ား ကစားရာမွာလည္း အပူလြန္ကဲမႈ မရွိပါဘူး။ ဒါေပမယ့္ ယခုနွစ္မွာ Snapdragon 845 ထည့္ထားတဲ့ ဖုန္းမ်ား ေပၚလာတာက စဥ္းစားစရာ ျဖစ္ပါတယ္။ သူ႔ရဲ႕ အျခား ၿပိဳင္ဖက္မ်ားထက္ အားသာခ်က္တစ္ခုက Pure Android ထည့္သြင္းထားတဲ့အတြက္ Android OS အသစ္မ်ားကို အေစာဆံုး ရရွိမွာ ျဖစ္ပါတယ္။

သူ႔ရဲ႕ ထူးျခားခ်က္တစ္ခုက ဖုန္းကိုယ္ထည္ကို ညွစ္၍ Google Assistant ကို ဆင့္ေခၚႏုိင္တာ ျဖစ္ပါတယ္။ အဲဒီအတြက္ Ok Google လို႔ ေျပာျခင္း သို႔မဟုတ္ Home Button ကို အၾကာႀကီး ဖိထားျခင္းမ်ား ျပဳလုပ္စရာ မလိုေတာ့ပါဘူး။ ကိုယ္ထည္ကို ညွစ္ရင္ အ၀င္ ဖုန္းမ်ားကို Silence လုပ္ေပးမွာပါ။

ကင္မရာ

ကင္မရာကေတာ့ သူ႔ရဲ႕ အေကာင္းဆံုး အစိတ္အပိုင္းလို႔ ေျပာႏိုင္ပါတယ္။ အေနာက္ကင္မရာတစ္လံုးသာ ပါေပမယ့္ Portrait Mode ကို ဖန္တီးေပးႏုိင္ပါတယ္။ Apple Live Photos လို စြမ္းရည္လည္း ပါလာပါတယ္။ 12MP Rear Camera က အရည္အေသြးျမင့္မားတဲ့ ဓါတ္ပံုမ်ားကို ဖမ္းယူေပးႏုိင္ပါတယ္။ အေရွ႕ဘက္ 8MP Camera ကလည္း ေကာင္းမြန္ေပမယ့္ အေနာက္ကင္မရာထက္ အနည္းငယ္ အားနည္းပါတယ္။

ကင္မရာမ်ားက Focus နဲ႔ ဓါတ္ပံု ရိုက္ကူးရာမွာ အလြန္ လွ်င္ျမန္ပါတယ္။ ဓါတ္ပံုေကာင္းမ်ား ရိုက္ကူးဖို႔ ခက္္ခဲတဲ့ ေနရာမ်ားမွာေတာင္ HDR Mode ျဖင့္ ရိုက္ရင္ အလြန္ေကာင္းတဲ့ ဓါတ္ပံုမ်ား ရရွိေစပါတယ္။ HDR Photo မ်ားအတြက္ အေကာင္းဆံုး အရည္အေသြးမ်ား ေပးစြမ္းတဲ့ ဖုန္း ျဖစ္ပါတယ္။

Google က AI Algorithm ျဖင့္ ေနာက္ခံမႈန္၀ါးတဲ့ Portrait Photo မ်ားကို ေကာင္းမြန္ေအာင္ ဖန္တီးေပးထားပါတယ္။ ေနာက္ခံနဲ႔ Subject နဲ႔ဟာ နီးကပ္ေနရင္ေတာင္ သူက အလုပ္လုပ္ပါတယ္။ အေနာက္ သာမက အေရွ႕ ကင္မရာကလည္း Portrait Photo မ်ားကို ေကာင္းစြာ ဖန္တီးေပးႏုိင္ပါတယ္။ သူ႔ရဲ႕ Portrait Mode ဟာ Huawei Mate 10 Pro , iPhone မ်ားထက္ သာလြန္ေနပါတယ္။

ဘက္ထရီ

သူ႔မွာ 3520mAh Battery ထည့္သြင္းထားၿပီး တစ္ေန႔လံုး ေကာင္းေကာင္း အသံုးခံပါတယ္။ ဒါေပမယ့္ Stock Android ရဲ႕ စြမ္းအင္ေခြ်တာတဲ့ လုပ္ေဆာင္ခ်က္မ်ားဟာ အနည္းငယ္ အားနည္းပါတယ္။ USB Type-C ကေနသာ လွ်င္ျမန္စြာ အားသြင္းႏုိင္ၿပီး အျခား ၿပိဳင္ဖက္မ်ားလို လွ်င္ျမန္စြာ အားသြင္းႏိုင္တဲ့ နည္းပညာမ်ား မပါပါဘူး။

အႏွစ္ခ်ဳပ္

Google Pixel 2 XL ဟာ ဒီဇိုင္း ေကာင္းမြန္ၿပီး 18:9 Screen ကို အဆင့္ျမွင့္ထားပါတယ္။ ေရစိုခံလာတာကလည္း ၿပိဳင္ဖက္မ်ားနဲ႔ ရင္ေဘာင္တန္းလို႔ ရလာပါတယ္။ ဒါေပမယ့္ ဒီဇုိင္းဟာ ဆမ္ေဆာင္း ဖုန္းမ်ားေလာက္ စြဲေဆာင္မႈ မရွိပါဘူး။ Software Update ျဖန္႔ခ်ီေပးအၿပီးမွာေတာ့ မ်က္နွာျပင္ရဲ႕ စြမ္းရည္ဟာ ျပႆနာမ်ား မရွိေတာ့ပါဘူး။ ကင္မရာမ်ားဟာ HDR အပိုင္းမွာ စြမ္းရည္ျမင့္မားၾကပါတယ္။ Portrait Mode ဟာ ၿပိဳင္ဖက္မ်ားထက္ သာလြန္ေနပါတယ္။ ျမင္ကြင္းက်ယ္ ကင္မရာ သို႔မဟုတ္ အပို ကင္မရာ မပါတာက အခ်ိဳ႕အပိုင္းမ်ားမွာ အားနည္းတတ္ပါတယ္။ microSD Card Slot မပါတာက အားနည္းခ်က္ပါ။

Ref : pocket-lint

unicode

Phone For You ကဏ္ဍအတွက် ရွေးပေးချင်တဲ့ Google Pixel 2 XL

Pixel 2 XL ဟာ Google ရဲ့ ဒုတိယမျိုးဆက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဖြစ်ပါတယ်။ သူ့မှာ အခု ခေတ်စားနေတဲ့ 18:9 Screen တပ်ဆင်ထားပြီး ယခင်မျိုးဆက်များရဲ့ ဒီဇိုင်းကို ပိုမို ကောင်းမွန်အောင် ပြင်ဆင်မွမ်းမံထားပါတယ်။ သူ့ရဲ့ အကြောင်းကို အသေးစိတ်လေ့လာကြည့်ရအောင်။

ဒီဇိုင်းနဲ့ တည်ဆောက်မှု

Google က Pixel 2 XL ရဲ့ ဒီဇိုင်းကို ယခင်မော်ဒယ်များနဲ့ မတူအောင် ပြောင်းလဲထားပါတယ်။ အနောက်ဘက် ထိပ်ပိုင်း အနည်းငယ်ကို ဖန်ဖြင့် ဖုံးအုပ်ထားပြီး ကျန်တဲ့နေရာကို သတ္တုဖြင့် ဖုံးအုပ်ထားပါတယ်။ အရှေ့ဘက်ကတော့ ဖန် အပြည့် ဒီဇိုင်း ဖြစ်ပါတယ်။ ဖုန်းကို ရှုထောင့်မျိုးစုံကနေ ကြည့်ရတာ အလွန်ခန့်ညား လှပပါတယ်။ အဖြူနဲ့ အနက်ရောင်များ ထုတ်လုပ်ပေးထားပါတယ်။

IP67 စံနှုန်း ရှိပြီး ရေစိုခံတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အရှေ့ဘက်မှာ တပ်ဆင်ထားတဲ့ စပီကာများက အသံအရည်အသွေး ကောင်းမွန်ပါတယ်။ ဒါပေမယ့် HTC BoomSound လောက် မကောင်းပါဘူး။ 3.5mm Headphone Jack ကို ဖယ်ရှားထားပြီး အသင့်ထည့်ပေးထားတဲ့ Adapter ဖြင့် USB Type-C အပေါက်ကို နားကြပ်များဖြင့် ချိတ်ဆက်နိုင်ပါတယ်။ လက်ဗွေရာ ဆန်ဆာကို အနောက်ဘက် လက်သင့်တဲ့ နေရာမှာ မြှပ်နှံထားတာက ကောင်းမွန်ပါတယ်။

မျက်နှာပြင်

သူ့မှာ ၆ လက်မ OLED 2880x1440p Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၅၃၈ ဖြစ်ပါတယ်။ Samsung Galaxy S8+, LG V30 , iPhone X တို့မှာလို OLED Display ကို ပြောင်းလဲ အသုံးပြုထားပါတယ်။ OLED ရဲ့ စွမ်းရည်အတိုင်းပဲ နက်ရှိုင်းတဲ့ အနက်ရောင်များကို ဖန်တီးပေးပါတယ်။ ဒါပေမယ့် စတင်ရောင်းချတဲ့ အချိန်တုန်းက အရောင်ထုတ်လုပ်မှု အပိုင်းမှာ သိပ်ပြီး မကောင်းတာကို တွေ့ခဲ့ကြရပါတယ်။ နောက်ပိုင်းမှာတော့ Google က Saturated Option အသစ်ကို ထည့်ပေးလိုက်တဲ့အတွက် အဲဒီ ပြဿနာများဟာ ပြေလည်သွားပါတယ်။

စွမ်းဆောင်ရည်

သူ့မှာ ၂၀၁၇ ခုနှစ်ထုတ် စွမ်းဆောင်ရည်မြင့် Snapdragon 835 နဲ့ 6GB RAM ထည့်ပေးထားပါတယ်။ သူ့ရဲ့ Pure Android Software နဲ့ ပေါင်းစပ်ထားမှုဟာ ပြိုင်ဖက် ဆမ်ဆောင်းဖုန်းများထက်တောင် ပိုမို လျှင်မြန်နေတာကို တွေ့ရပါတယ်။ ဂိမ်းများ ကစားရာမှာလည်း အပူလွန်ကဲမှု မရှိပါဘူး။ ဒါပေမယ့် ယခုနှစ်မှာ Snapdragon 845 ထည့်ထားတဲ့ ဖုန်းများ ပေါ်လာတာက စဉ်းစားစရာ ဖြစ်ပါတယ်။ သူ့ရဲ့ အခြား ပြိုင်ဖက်များထက် အားသာချက်တစ်ခုက Pure Android ထည့်သွင်းထားတဲ့အတွက် Android OS အသစ်များကို အစောဆုံး ရရှိမှာ ဖြစ်ပါတယ်။

သူ့ရဲ့ ထူးခြားချက်တစ်ခုက ဖုန်းကိုယ်ထည်ကို ညှစ်၍ Google Assistant ကို ဆင့်ခေါ်နိုင်တာ ဖြစ်ပါတယ်။ အဲဒီအတွက် Ok Google လို့ ပြောခြင်း သို့မဟုတ် Home Button ကို အကြာကြီး ဖိထားခြင်းများ ပြုလုပ်စရာ မလိုတော့ပါဘူး။ ကိုယ်ထည်ကို ညှစ်ရင် အဝင် ဖုန်းများကို Silence လုပ်ပေးမှာပါ။

ကင်မရာ

ကင်မရာကတော့ သူ့ရဲ့ အကောင်းဆုံး အစိတ်အပိုင်းလို့ ပြောနိုင်ပါတယ်။ အနောက်ကင်မရာတစ်လုံးသာ ပါပေမယ့် Portrait Mode ကို ဖန်တီးပေးနိုင်ပါတယ်။ Apple Live Photos လို စွမ်းရည်လည်း ပါလာပါတယ်။ 12MP Rear Camera က အရည်အသွေးမြင့်မားတဲ့ ဓါတ်ပုံများကို ဖမ်းယူပေးနိုင်ပါတယ်။ အရှေ့ဘက် 8MP Camera ကလည်း ကောင်းမွန်ပေမယ့် အနောက်ကင်မရာထက် အနည်းငယ် အားနည်းပါတယ်။

ကင်မရာများက Focus နဲ့ ဓါတ်ပုံ ရိုက်ကူးရာမှာ အလွန် လျှင်မြန်ပါတယ်။ ဓါတ်ပုံကောင်းများ ရိုက်ကူးဖို့ ခက်ခဲတဲ့ နေရာများမှာတောင် HDR Mode ဖြင့် ရိုက်ရင် အလွန်ကောင်းတဲ့ ဓါတ်ပုံများ ရရှိစေပါတယ်။ HDR Photo များအတွက် အကောင်းဆုံး အရည်အသွေးများ ပေးစွမ်းတဲ့ ဖုန်း ဖြစ်ပါတယ်။

Google က AI Algorithm ဖြင့် နောက်ခံမှုန်ဝါးတဲ့ Portrait Photo များကို ကောင်းမွန်အောင် ဖန်တီးပေးထားပါတယ်။ နောက်ခံနဲ့ Subject နဲ့ဟာ နီးကပ်နေရင်တောင် သူက အလုပ်လုပ်ပါတယ်။ အနောက် သာမက အရှေ့ ကင်မရာကလည်း Portrait Photo များကို ကောင်းစွာ ဖန်တီးပေးနိုင်ပါတယ်။ သူ့ရဲ့ Portrait Mode ဟာ Huawei Mate 10 Pro , iPhone များထက် သာလွန်နေပါတယ်။

ဘက်ထရီ

သူ့မှာ 3520mAh Battery ထည့်သွင်းထားပြီး တစ်နေ့လုံး ကောင်းကောင်း အသုံးခံပါတယ်။ ဒါပေမယ့် Stock Android ရဲ့ စွမ်းအင်ချွေတာတဲ့ လုပ်ဆောင်ချက်များဟာ အနည်းငယ် အားနည်းပါတယ်။ USB Type-C ကနေသာ လျှင်မြန်စွာ အားသွင်းနိုင်ပြီး အခြား ပြိုင်ဖက်များလို လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာများ မပါပါဘူး။

အနှစ်ချုပ်

Google Pixel 2 XL ဟာ ဒီဇိုင်း ကောင်းမွန်ပြီး 18:9 Screen ကို အဆင့်မြှင့်ထားပါတယ်။ ရေစိုခံလာတာကလည်း ပြိုင်ဖက်များနဲ့ ရင်ဘောင်တန်းလို့ ရလာပါတယ်။ ဒါပေမယ့် ဒီဇိုင်းဟာ ဆမ်ဆောင်း ဖုန်းများလောက် စွဲဆောင်မှု မရှိပါဘူး။ Software Update ဖြန့်ချီပေးအပြီးမှာတော့ မျက်နှာပြင်ရဲ့ စွမ်းရည်ဟာ ပြဿနာများ မရှိတော့ပါဘူး။ ကင်မရာများဟာ HDR အပိုင်းမှာ စွမ်းရည်မြင့်မားကြပါတယ်။ Portrait Mode ဟာ ပြိုင်ဖက်များထက် သာလွန်နေပါတယ်။ မြင်ကွင်းကျယ် ကင်မရာ သို့မဟုတ် အပို ကင်မရာ မပါတာက အချို့အပိုင်းများမှာ အားနည်းတတ်ပါတယ်။ microSD Card Slot မပါတာက အားနည်းချက်ပါ။

Ref : pocket-lint

You may be interested

Split Screen ပါတဲ့ Browser ကို iPad အတြက္ ထုတ္လုပ္ေပးလိုက္တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတြက္ Firefox Browser Version တစ္ခုကို ထုတ္လုပ္ေပးလိုက္ပါတယ္။ အုိင္ပတ္မ်ားမွာ အထာက်က်နဲ႔ အင္တာနက္ ၾကည့္ႏုိင္မွာပါ။ အရြယ္ႀကီး အိုင္ပတ္မွာ သံုးလို႔ေကာင္းေအာင္ ဒီဇိုင္းထုတ္ထားတဲ့ ဘေရာက္စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ
NEWS, Security & Safety, Softwares & Application
81 shares36 views

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ

Ko Thuya - Mar 25, 2019

ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ Boeing 737 Max 8 ေလယာဥ္ ၂ စီး ပ်က္က်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၆ လက အဲဒီ ေလယာဥ္အမ်ိဳးအစား တစ္စီးဟာ အင္ဒိုနီးရွား ကမ္းရိုးတန္းမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး…

ႀကိဳးလုံးဝ မပါေတာ့မယ့္ true wireless Beats နားၾကပ္အသစ္ကို ဧၿပီလ မိတ္ဆက္မည္
Apple, Gadgets, NEWS
40 shares24 views

ႀကိဳးလုံးဝ မပါေတာ့မယ့္ true wireless Beats နားၾကပ္အသစ္ကို ဧၿပီလ မိတ္ဆက္မည္

Nigma - Mar 25, 2019

Apple ပိုင္တဲ့ Beats က ႀကိဳးလုံးဝမပါေတာ့မယ့္ Powerbeats earbuds နားၾကပ္အသစ္ကို ဧၿပီလအတြင္း မိတ္ဆက္သြားေတာ့မွာ ျဖစ္ပါတယ္။ အရင္ Powerbeats Wireless ေတြတုန္းကလည္း ႀကိဳးမဲ့နားၾကပ္ဆိုေပမယ့္ နားၾကပ္ႏွစ္ဖက္ကို ခ်ိတ္ဆက္ထားေတာ့ ႀကိဳးေတာ့ ပါရွိပါေသးတယ္။ အသစ္ထြက္မယ့္ Powerbeats က…

Leave a Comment

Most from this category