4048 Shares 1034 Views

Samsung Galaxy S9+ ထက္ကိုအမွတ္သာေနတဲ့ iPhone X

Mar 09, 2018
4048 1034

[Zawgyi]

အခုဆို reviewer ေတြလက္ထဲကို Galaxy S9 နဲ႔ S9+ ဖုန္းေတြလည္းေရာက္လာျပီဆိုေတာ့ Samsung ရဲ႕ေနာက္ဆံုးထြက္ဖုန္းေတြက Apple flagship ဖုန္းျဖစ္တဲ့ iPhone X နဲ႔ယွဥ္ရင္ ဘယ္လိုေနလဲဆိုတာသိရပါျပီ။ S9 ေတြမွာသံုးထားတဲ့ Qualcomm Snapdragon 845 ေတြက Apple ရဲ႕ A11 chipset ေတြကို မမီတာေတြ႔ရပါတယ္။

iPhone X နဲ႔ မႏွစ္ကထြက္ခဲ့တဲ့ဖုန္းေတြျဖစ္တဲ့ Galaxy Note 8, Huawei Mate 10 Pro နဲ႔ Google Pixel 2 XL တုိ႔ကိုပါယွဥ္ထားပါေသးတယ္။ Geekbench မွာရလာတဲ့ရလဒ္အရ iPhone X က multi-core အမွတ္မွာ 10,357 မွတ္ရေနျပီး S9+ ကေတာ့ 8,295 နဲ႔ဒုတိယေနရာမွာေရာက္ေနပါတယ္။

Apple ရဲ႕ chip ေတြက Qualcomm CPU ေတြကို တကယ္လက္ေတြ႔မွာေရာ အႏုိင္ပိုင္းႏုိင္လားဆိုတာကို စမ္းသပ္ၾကည့္တဲ့အခါမွာေတာ့ iPhone က Adobe Premiere Clip နဲ႔ 4K ဗီဒီယိုဖုိင္တစ္ခုကို 1080p ဖုိင္အျဖစ္ကုဒ္ေျပာင္းတဲ့အခါ ၂မိနစ္ပဲၾကာျပီး S9+ မွာေတာ့ ၂မိနစ္နဲ႔ ၃၂စကၠန္႔ၾကာပါတယ္။ S9+ ကပ Google Pixel 2 XL ထက္ေတာ့ ၂၃စကၠန္႔ပိုျမန္ပါတယ္။

S9+ က Snapdragon 835 သံုးထားတဲ့ မႏွစ္က S8+ နဲ႔ယွဥ္ရင္ တိုးတက္လာတယ္လို႔ေတာ့ ေျပာလို႔ရပါတယ္။ ခုနက 4K ဗီဒီယိုကိုပဲ အရင္ႏွစ္ S8 ဖုန္းေတြနဲ႔ ေျပာင္းၾကည့္တဲ့အခါမွာ ၄မိနစ္ေတာင္ၾကာပါတယ္။

iPhone X ကေတာ့ Injustice 2 ဂိမ္းကိုဖြင့္ဖို႔ ၁၃စကၠန္႔ပဲၾကာျပီး S9+ ကေတာ့ ၂၀စကၠန္႔ၾကာပါတယ္။ Apple ကေတာ့ ေဆာ့ဖ္ဝဲလ္ေရာ hardware ပါေပါင္းလုိက္ရင္ အျမန္ႏႈန္းက သူမ်ားမယွဥ္ႏုိင္ေလာက္ေအာင္ ျမန္ေနတာကို ေတြ႔ရပါလိမ့္မယ္။ Apple iPhone X နဲ႔ယွဥ္လုိက္ရင္ Galaxy S9+ ေတြက ဒုတိယေနရာမွာရိွေနေပမယ့္ Android ဖုန္းအားလံုးထက္ေတာ့ ပိုျမန္ ပိုသာပါတယ္။

Ref: AppleInsider

[Zawgyi]

အခုဆို reviewer တွေလက်ထဲကို Galaxy S9 နဲ့ S9+ ဖုန်းတွေလည်းရောက်လာပြီဆိုတော့ Samsung ရဲ့နောက်ဆုံးထွက်ဖုန်းတွေက Apple flagship ဖုန်းဖြစ်တဲ့ iPhone X နဲ့ယှဉ်ရင် ဘယ်လိုနေလဲဆိုတာသိရပါပြီ။ S9 တွေမှာသုံးထားတဲ့ Qualcomm Snapdragon 845 တွေက Apple ရဲ့ A11 chipset တွေကို မမီတာတွေ့ရပါတယ်။

iPhone X နဲ့ မနှစ်ကထွက်ခဲ့တဲ့ဖုန်းတွေဖြစ်တဲ့ Galaxy Note 8, Huawei Mate 10 Pro နဲ့ Google Pixel 2 XL တို့ကိုပါယှဉ်ထားပါသေးတယ်။ Geekbench မှာရလာတဲ့ရလဒ်အရ iPhone X က multi-core အမှတ်မှာ 10,357 မှတ်ရနေပြီး S9+ ကတော့ 8,295 နဲ့ဒုတိယနေရာမှာရောက်နေပါတယ်။

Apple ရဲ့ chip တွေက Qualcomm CPU တွေကို တကယ်လက်တွေ့မှာရော အနိုင်ပိုင်းနိုင်လားဆိုတာကို စမ်းသပ်ကြည့်တဲ့အခါမှာတော့ iPhone က Adobe Premiere Clip နဲ့ 4K ဗီဒီယိုဖိုင်တစ်ခုကို 1080p ဖိုင်အဖြစ်ကုဒ်ပြောင်းတဲ့အခါ ၂မိနစ်ပဲကြာပြီး S9+ မှာတော့ ၂မိနစ်နဲ့ ၃၂စက္ကန့်ကြာပါတယ်။ S9+ ကပ Google Pixel 2 XL ထက်တော့ ၂၃စက္ကန့်ပိုမြန်ပါတယ်။

S9+ က Snapdragon 835 သုံးထားတဲ့ မနှစ်က S8+ နဲ့ယှဉ်ရင် တိုးတက်လာတယ်လို့တော့ ပြောလို့ရပါတယ်။ ခုနက 4K ဗီဒီယိုကိုပဲ အရင်နှစ် S8 ဖုန်းတွေနဲ့ ပြောင်းကြည့်တဲ့အခါမှာ ၄မိနစ်တောင်ကြာပါတယ်။

iPhone X ကတော့ Injustice 2 ဂိမ်းကိုဖွင့်ဖို့ ၁၃စက္ကန့်ပဲကြာပြီး S9+ ကတော့ ၂၀စက္ကန့်ကြာပါတယ်။ Apple ကတော့ ဆော့ဖ်ဝဲလ်ရော hardware ပါပေါင်းလိုက်ရင် အမြန်နှုန်းက သူများမယှဉ်နိုင်လောက်အောင် မြန်နေတာကို တွေ့ရပါလိမ့်မယ်။ Apple iPhone X နဲ့ယှဉ်လိုက်ရင် Galaxy S9+ တွေက ဒုတိယနေရာမှာရှိနေပေမယ့် Android ဖုန်းအားလုံးထက်တော့ ပိုမြန် ပိုသာပါတယ်။

Ref: AppleInsider

You may be interested

DisplayMate ရဲ႕ အေကာင္းဆံုး မ်က္ႏွာျပင္ အျဖစ္ သတ္မွတ္ခံလိုက္ရတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

DisplayMate ရဲ႕ အေကာင္းဆံုး မ်က္ႏွာျပင္ အျဖစ္ သတ္မွတ္ခံလိုက္ရတဲ့ iPhone XS Max

Ko Thuya - Sep 26, 2018

Samsung Galaxy Note 9 ထြက္ရွိၿပီး သိပ္မၾကာခင္မွာပဲ DisplayMate က သူ႔ကို စမ္းသပ္ခဲ့ၿပီး ထြက္ရွိၿပီး သမွ် စမတ္ဖုန္းမ်ားထဲမွာ သူဟာ အေကာင္းဆံုး မ်က္ႏွာျပင္ကို ပိုင္ဆိုင္ထားတယ္လို႔ သံုးသပ္ခဲ့ပါတယ္။ အခုေတာ့ Note 9 ရဲ႕ သရဖူကို…

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
139 shares48 views

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ iPhone XS နဲ႔ iPhone XS Max တို႔ကို ေရာင္းခ်ေပးလိုက္ပါတယ္။ Apple အေရး ကြ်မ္းက်င္တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက္…

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ
HUBS, Microsoft
68 shares20 views

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ

Creepy Tyler - Sep 25, 2018

Microsoft ကေတာ့ Surface Hub 2 ကို ျပသခဲ့ၿပီး ၊ ေနာက္ဆံုးထြက္ျဖစ္လာမယ့္ ဒီ device မွာ ပါလာမယ့္  Rotating Display အမည္ရ device ပံုစံအတုိင္း လိုက္ေလ်ာညီေထြ ေျပာင္းလဲျပသေပးမယ့္ နည္းပညာကိုလည္း တစ္ခါတည္း ျပသခဲ့ပါတယ္။…

Leave a Comment

Most from this category