291 Shares 102 Views

စမတ္ဖုန္းမ်ားရဲ႕ ႀကိဳးမဲ့ အားသြင္း နည္းပညာ အေၾကာင္း သိေကာင္းစရာမ်ား အပိုင္း (၁)

Mar 09, 2018
291 102

Android Device မ်ားမွာ ႀကိဳးမဲ့အားသြင္း နည္းပညာမ်ားထည့္သြင္းေပးထားတာ ႏွစ္အနည္းငယ္ၾကာေနပါၿပီ။ အခုေတာ့ Apple ကလည္း iPhone X, iPhone 8 နဲ႔ iPhone 8 Plus မ်ားမွာ ဒီနည္းပညာကို ပထမဆံုး ထည့္သြင္းေပးလာပါတယ္။ ႀကိဳးမဲ့အားသြင္း နည္းပညာဆိုတာ ဘာလဲ ဆိုတာ ေလ့လာၾကည့္ရေအာင္

ႀကိဳးမဲ့ အားသြင္း နည္းပညာ ဆိုတာ ဘာလဲ ?

သူ႔ရဲ႕ အမည္အတိုင္းပဲ ရွင္းလင္းပါတယ္။ ႀကိဳးမ်ားျဖင့္ ဆက္သြယ္စရာ မလိုဘဲ စြမ္းအင္ ထုတ္လႊင့္ေပးတဲ့ ကိရိယာကေန အီလက္ထေရာနစ္ ကိရိယာထံသို႔ စြမ္းအင္ကို ပို႔ေဆာင္ေပးျခင္း ျဖစ္ပါတယ္။ ႀကိဳးမဲ့ အားသြင္းစနစ္မွာ Transmitting Pad နဲ႔ Receiver လိုအပ္ပါတယ္။ Receiver ကို ဖုန္းမ်ားထဲမွာ သာမက Phone Case မ်ားထဲမွာလည္း ထည့္သြင္းထားၾကပါတယ္။

ႀကိဳးမဲ့ အားသြင္း စနစ္ရဲ႕ အလုပ္လုပ္ပံု

ႀကိဳးမဲ့ အားသြင္း စနစ္မွာ လွ်ပ္စစ္သံလိုက္လိႈင္းကို ဖန္တီးဖို႔အတြက္ လွ်ပ္စစ္ စီးေၾကာင္းကို နန္းႀကိဳးေခြႏွစ္ခုအား ျဖတ္သန္း စီးဆင္းေစျခင္းျဖင့္ စြမ္းအင္ကို ဖန္တီးရပါတယ္။ ဖုန္းမွ သံလိုက္ျပားက နီးကပ္တဲ့ အကြာအေ၀းအတြင္းမွာ Transmitter နဲ႔ ထိေတြ႕တဲ့ အခါမွာ လွ်ပ္စစ္ စက္ကြင္းမ်ားက ဖုန္းထဲမွာ လွ်ပ္စစ္ စီးေၾကာင္းကို ဖန္တီးေပးပါတယ္။ အဲဒီ လွ်ပ္စစ္စီးေၾကာင္းကို ဘက္ထရီအား အားသြင္းေပးဖို႔အတြက္ Direct Current (DC) အျဖစ္ ေျပာင္းလဲေပးပါတယ္။

ႀကိဳးမဲ့ အားသြင္း စနစ္ရဲ႕ စံႏႈန္းမ်ား

ႀကိဳးမဲ့ အားသြင္း စနစ္ရဲ႕ စံႏႈန္းအနည္းငယ္ရွိပါတယ္။ မ်ားေသာအားျဖင့္ Qi ကို အသံုးမ်ားၾကပါတယ္။ ( ခ်ီ လို႔ အသံထြက္ပါတယ္။ ) သူ႔ကို Wireless Power Consortium(WPC) က ဖန္တီးထားတာ ျဖစ္ၿပီး ၄၀ မီလီမီတာ အကြာအေ၀းအတြင္းမွာ အားသြင္းေပးႏုိင္ပါတယ္။

Qi မွာ Power Specification သံုးခု ရွိပါတယ္။ အနိမ့္ဆံုးပါ၀ါဟာ 5W အထိ ပို႔ေဆာင္ေပးၿပီး အဓိကအားျဖင့္ စမတ္နာရီမ်ားနဲ႔ မိုဘိုင္း ကိရိယာမ်ားအတြက္ သံုးပါတယ္။ အနာဂတ္မွာ 15W အထိ ေထာက္ပံ့မယ္လို႔ WPC က ေျပာပါတယ္။

120W အထိ ေထာက္ပံ့တဲ့ အလယ္အလတ္ ပါ၀ါ Spec ကို ေမာ္နီတာနဲ႔ လက္ေတာ့မ်ားအတြက္ သံုးပါတယ္။ ျမင့္မားတဲ့ ပါ၀ါ Spec ဟာ 1kW အထိ ေထာက္ပံ့ၿပီး မီးဖိုေခ်ာင္သံုး ပစၥည္းမ်ားမွာ သံုးပါတယ္။

Qi စံႏႈန္းကို ဖုန္း ကုမၸဏီႀကီးမ်ား ျဖစ္တဲ့ Samsung, Sony, LG, HTC, Huawei, Nokia, Motorola နဲ႔ Blackberry တို႔က သံုးၾကပါတယ္။

ႀကိဳးမဲ့အားသြင္း စနစ္ပါတဲ့ ဖုန္းမ်ား

ႀကိဳးမဲ့ အားသြင္း စနစ္ပါတဲ့ ဖုန္း အမ်ားစုဟာ Qi ကို သံုးၾကပါတယ္။ ဒါေပမယ့္ Samsung Galaxy S6 , S6 Edge , BlackBerry Priv တို႔ဟာ Qi နဲ႔ PMA ႏွစ္မ်ိဳးစလံုးကို သံုးၾကပါတယ္။ Qi ပါတဲ့ ဖုန္းမ်ားမွာ

• Asus Padfone S
• BlackBerry Z30
• Google Nexus 4
• Google Nexus 5
• Google Nexus 6
• Google Nexus 7
• LG Optimus G Pro
• Samsung Galaxy Note 5
• Samsung Galaxy Note 8
• Samsung Galaxy S7
• Samsung Galaxy S7 Active
• Samsung Galaxy S7 Edge
• Samsung Galaxy S8
• Samsung Galaxy S8 Plus
• Samsung Galaxy S
• Sony Xperia Z3V
• Sony Xperia Z4V
• Microsoft Lumia 950
• Microsoft Lumia 950 XL
• Motorola Droid Maxx
• Motorola Droid Mini
• Motorola Droid Turbo
• Motorola Droid Turbo 2
• Motorola Moto X Force
• Nokia Lumia 735
• Nokia Lumia 830
• Nokia Lumia 920
• Nokia Lumia 928
• Nokia Lumia 929 / Icon
• Nokia Lumia 930
• Nokia Lumia 1520

တို႔ ျဖစ္ပါတယ္။

သင့္ ဖုန္းအတြက္ Wireless Charging Adapter လိုအပ္သလား ?

ေနာက္ပိုင္းထုတ္ ဖုန္းမ်ားမွာ ႀကိဳးမဲ့ အားသြင္း စနစ္ပါေပမယ့္ Adapter or Case လိုအပ္ပါတယ္။ အဲဒီဖုန္းေတြကေတာ့

• HTC 10
• LG G5
• LG G6
• Samsung Galaxy S5 – an internal adapter that is fitted inside the phone, behind the battery cover.
• Samsung Galaxy S4
• Samsung Galaxy S3
• Sony Xperia Z3
• Sony Xperia Z2
• Sony Xperia Z

တို႔ ျဖစ္ပါတယ္။

Apple က ႀကိဳးမဲ့ အားသြင္း စနစ္ကို ေထာက္ပံ့သလား ?

Apple က iPhone X, iPhone 8 , iPhone 8 Plus မ်ားမွာ ႀကိဳးမဲ့အားသြင္း စနစ္ကို တစ္ပါထဲ ထည့္ေပးထားပါတယ္။ သူ႔ကိုယ္ပုိင္ ႀကိဳးမဲ့ အားသြင္း ကိရိယာ ျဖစ္တဲ့ Apple AirPower ကိုလည္း ဒီႏွစ္ထဲမွာ ေရာင္းခ်မွာ ျဖစ္ၿပီး ေနာက္ဆံုးထုတ္ အိုင္ဖုန္းမ်ားနဲ႔သာမက Watch, AirPods မ်ားနဲ႔ပါ တြဲဖက္ သံုးႏုိင္ပါတယ္။ အိုင္ဖုန္း ေမာ္ဒယ္အေဟာင္းမ်ားမွာလည္း Qi Charging Adapter ကို သံုးရင္ ႀကိဳးမဲ့ အားသြင္းစနစ္ကို သံုးႏုိင္ပါတယ္။ အဲဒါေတြကေတာ့

• Apple iPhone 5s
• Apple iPhone 6
• Apple iPhone 6 Plus
• Apple iPhone 6s
• Apple iPhone 6s Plus
• Apple iPhone 7
• Apple iPhone 7 Plus

တို႔ ျဖစ္ပါတယ္။

Ref : pocket-lint

unicode

စမတ်ဖုန်းများရဲ့ ကြိုးမဲ့ အားသွင်း နည်းပညာ အကြောင်း သိကောင်းစရာများ အပိုင်း (၁)

Android Device များမှာ ကြိုးမဲ့အားသွင်း နည်းပညာများထည့်သွင်းပေးထားတာ နှစ်အနည်းငယ်ကြာနေပါပြီ။ အခုတော့ Apple ကလည်း iPhone X, iPhone 8 နဲ့ iPhone 8 Plus များမှာ ဒီနည်းပညာကို ပထမဆုံး ထည့်သွင်းပေးလာပါတယ်။ ကြိုးမဲ့အားသွင်း နည်းပညာဆိုတာ ဘာလဲ ဆိုတာ လေ့လာကြည့်ရအောင်

ကြိုးမဲ့ အားသွင်း နည်းပညာ ဆိုတာ ဘာလဲ ?

သူ့ရဲ့ အမည်အတိုင်းပဲ ရှင်းလင်းပါတယ်။ ကြိုးများဖြင့် ဆက်သွယ်စရာ မလိုဘဲ စွမ်းအင် ထုတ်လွှင့်ပေးတဲ့ ကိရိယာကနေ အီလက်ထရောနစ် ကိရိယာထံသို့ စွမ်းအင်ကို ပို့ဆောင်ပေးခြင်း ဖြစ်ပါတယ်။ ကြိုးမဲ့ အားသွင်းစနစ်မှာ Transmitting Pad နဲ့ Receiver လိုအပ်ပါတယ်။ Receiver ကို ဖုန်းများထဲမှာ သာမက Phone Case များထဲမှာလည်း ထည့်သွင်းထားကြပါတယ်။

ကြိုးမဲ့ အားသွင်း စနစ်ရဲ့ အလုပ်လုပ်ပုံ

ကြိုးမဲ့ အားသွင်း စနစ်မှာ လျှပ်စစ်သံလိုက်လှိုင်းကို ဖန်တီးဖို့အတွက် လျှပ်စစ် စီးကြောင်းကို နန်းကြိုးခွေနှစ်ခုအား ဖြတ်သန်း စီးဆင်းစေခြင်းဖြင့် စွမ်းအင်ကို ဖန်တီးရပါတယ်။ ဖုန်းမှ သံလိုက်ပြားက နီးကပ်တဲ့ အကွာအဝေးအတွင်းမှာ Transmitter နဲ့ ထိတွေ့တဲ့ အခါမှာ လျှပ်စစ် စက်ကွင်းများက ဖုန်းထဲမှာ လျှပ်စစ် စီးကြောင်းကို ဖန်တီးပေးပါတယ်။ အဲဒီ လျှပ်စစ်စီးကြောင်းကို ဘက်ထရီအား အားသွင်းပေးဖို့အတွက် Direct Current (DC) အဖြစ် ပြောင်းလဲပေးပါတယ်။

ကြိုးမဲ့ အားသွင်း စနစ်ရဲ့ စံနှုန်းများ

ကြိုးမဲ့ အားသွင်း စနစ်ရဲ့ စံနှုန်းအနည်းငယ်ရှိပါတယ်။ များသောအားဖြင့် Qi ကို အသုံးများကြပါတယ်။ ( ချီ လို့ အသံထွက်ပါတယ်။ ) သူ့ကို Wireless Power Consortium(WPC) က ဖန်တီးထားတာ ဖြစ်ပြီး ၄၀ မီလီမီတာ အကွာအဝေးအတွင်းမှာ အားသွင်းပေးနိုင်ပါတယ်။

Qi မှာ Power Specification သုံးခု ရှိပါတယ်။ အနိမ့်ဆုံးပါဝါဟာ 5W အထိ ပို့ဆောင်ပေးပြီး အဓိကအားဖြင့် စမတ်နာရီများနဲ့ မိုဘိုင်း ကိရိယာများအတွက် သုံးပါတယ်။ အနာဂတ်မှာ 15W အထိ ထောက်ပံ့မယ်လို့ WPC က ပြောပါတယ်။

120W အထိ ထောက်ပံ့တဲ့ အလယ်အလတ် ပါဝါ Spec ကို မော်နီတာနဲ့ လက်တော့များအတွက် သုံးပါတယ်။ မြင့်မားတဲ့ ပါဝါ Spec ဟာ 1kW အထိ ထောက်ပံ့ပြီး မီးဖိုချောင်သုံး ပစ္စည်းများမှာ သုံးပါတယ်။

Qi စံနှုန်းကို ဖုန်း ကုမ္ပဏီကြီးများ ဖြစ်တဲ့ Samsung, Sony, LG, HTC, Huawei, Nokia, Motorola နဲ့ Blackberry တို့က သုံးကြပါတယ်။

ကြိုးမဲ့အားသွင်း စနစ်ပါတဲ့ ဖုန်းများ

ကြိုးမဲ့ အားသွင်း စနစ်ပါတဲ့ ဖုန်း အများစုဟာ Qi ကို သုံးကြပါတယ်။ ဒါပေမယ့် Samsung Galaxy S6 , S6 Edge , BlackBerry Priv တို့ဟာ Qi နဲ့ PMA နှစ်မျိုးစလုံးကို သုံးကြပါတယ်။ Qi ပါတဲ့ ဖုန်းများမှာ

• Asus Padfone S
• BlackBerry Z30
• Google Nexus 4
• Google Nexus 5
• Google Nexus 6
• Google Nexus 7
• LG Optimus G Pro
• Samsung Galaxy Note 5
• Samsung Galaxy Note 8
• Samsung Galaxy S7
• Samsung Galaxy S7 Active
• Samsung Galaxy S7 Edge
• Samsung Galaxy S8
• Samsung Galaxy S8 Plus
• Samsung Galaxy S
• Sony Xperia Z3V
• Sony Xperia Z4V
• Microsoft Lumia 950
• Microsoft Lumia 950 XL
• Motorola Droid Maxx
• Motorola Droid Mini
• Motorola Droid Turbo
• Motorola Droid Turbo 2
• Motorola Moto X Force
• Nokia Lumia 735
• Nokia Lumia 830
• Nokia Lumia 920
• Nokia Lumia 928
• Nokia Lumia 929 / Icon
• Nokia Lumia 930
• Nokia Lumia 1520

တို့ ဖြစ်ပါတယ်။

သင့် ဖုန်းအတွက် Wireless Charging Adapter လိုအပ်သလား ?

နောက်ပိုင်းထုတ် ဖုန်းများမှာ ကြိုးမဲ့ အားသွင်း စနစ်ပါပေမယ့် Adapter or Case လိုအပ်ပါတယ်။ အဲဒီဖုန်းတွေကတော့

• HTC 10
• LG G5
• LG G6
• Samsung Galaxy S5 – an internal adapter that is fitted inside the phone, behind the battery cover.
• Samsung Galaxy S4
• Samsung Galaxy S3
• Sony Xperia Z3
• Sony Xperia Z2
• Sony Xperia Z

တို့ ဖြစ်ပါတယ်။

Apple က ကြိုးမဲ့ အားသွင်း စနစ်ကို ထောက်ပံ့သလား ?

Apple က iPhone X, iPhone 8 , iPhone 8 Plus များမှာ ကြိုးမဲ့အားသွင်း စနစ်ကို တစ်ပါထဲ ထည့်ပေးထားပါတယ်။ သူ့ကိုယ်ပိုင် ကြိုးမဲ့ အားသွင်း ကိရိယာ ဖြစ်တဲ့ Apple AirPower ကိုလည်း ဒီနှစ်ထဲမှာ ရောင်းချမှာ ဖြစ်ပြီး နောက်ဆုံးထုတ် အိုင်ဖုန်းများနဲ့သာမက Watch, AirPods များနဲ့ပါ တွဲဖက် သုံးနိုင်ပါတယ်။ အိုင်ဖုန်း မော်ဒယ်အဟောင်းများမှာလည်း Qi Charging Adapter ကို သုံးရင် ကြိုးမဲ့ အားသွင်းစနစ်ကို သုံးနိုင်ပါတယ်။ အဲဒါတွေကတော့

• Apple iPhone 5s
• Apple iPhone 6
• Apple iPhone 6 Plus
• Apple iPhone 6s
• Apple iPhone 6s Plus
• Apple iPhone 7
• Apple iPhone 7 Plus

တို့ ဖြစ်ပါတယ်။

Ref : pocket-lint

You may be interested

လူတစ္ေယာက္ရဲ႕အသိဉာဏ္နဲ႔ယွဥ္လာႏုိင္ေတာ့မယ့္ AI နည္းပညာဆုိတာ?
FEATURES
93 shares21 views

လူတစ္ေယာက္ရဲ႕အသိဉာဏ္နဲ႔ယွဥ္လာႏုိင္ေတာ့မယ့္ AI နည္းပညာဆုိတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန္တီးရတာေတာ္ေတာ္လည္းရႈပ္ေထြးတဲ့အလုပ္တစ္ခုျဖစ္သလို ကိုယ့္အေနနဲ႔ အေသးစိတ္ၾကီးနားလည္ေနဖုိ႔လည္းမလိုပါဘူး။ အခုရိွျပီးသား သိဉာဏ္တုနည္းပညာအမ်ားစုကေတာ့ လူေတြရဲ႕ဦးေႏွာက္လိုပဲ ေကာင္းေကာင္းခန္႔မွန္းတြက္ခ်က္ႏုိင္ပါတယ္။ ဒီလိုတြက္ခ်က္ဖို႔အတြက္ ေဒတာေတြေျမာက္မ်ားစြာထည့္သြင္းရျပီး လူေတြသိတဲ့အရာေတြကေန Model တစ္ခုတည္ေဆာက္ခိုင္း၊ လူေတြမသိတဲ့အရာေတြကို ခန္႔မွန္းခိုင္းလို႔ရႏုိင္ပါတယ္။ ဒီ AI န႔ဲ တျခားကြန္ပ်ဴတာပရိုဂရမ္ေတြနဲ႔ လံုးဝမတူတ့ဲတစ္ခ်က္ကေတာ့…

မိုဘိုင္းဖုန္းမ်ားအတြက္ 8GB LPDDR5 DRAM ေတြကို ထုတ္လုပ္ေတာ့မယ့္ Samsung
Samsung
119 shares18 views

မိုဘိုင္းဖုန္းမ်ားအတြက္ 8GB LPDDR5 DRAM ေတြကို ထုတ္လုပ္ေတာ့မယ့္ Samsung

Tha Ra - Jul 18, 2018

[Zawgyi] Samsung အေနနဲ႔ 8GB LPDDR5 DRAM Chip အေၾကာင္းေတြကို မေန႔ ညေနတုန္းက ေၾကျငာခဲ့တာ ျဖစ္ပါတယ္။ 8GB LPDDR5 ေတြဟာ ကုမၸဏီရဲ႕ ပထမဦးဆုံး 10nm အမ်ိဴးအစား Chip မ်ား ျဖစ္သလို 5G…

Xiaomi က ဇူလိုင္လ ၂၄ ရက္ေန႔မွာ Mi A2 Lite ကို မိတ္ဆက္မယ္လို႔ အတည္ျပဳ
Android, HUBS, Mobiles & Tablets
107 shares117 views

Xiaomi က ဇူလိုင္လ ၂၄ ရက္ေန႔မွာ Mi A2 Lite ကို မိတ္ဆက္မယ္လို႔ အတည္ျပဳ

Ko Thuya - Jul 18, 2018

ေရွာင္မီက တြစ္တာအေကာင့္ကေန Mi A2 ရဲ႕ သတင္းအခ်က္အလက္မ်ားကို အရိပ္အျမြက္ ျပသေနပါတယ္။ အခုေတာ့ Mi A2 နဲ႔အတူ Mi A2 Lite ကိုပါ မိတ္ဆက္မယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ပထမ Tweet မွာ “ 2…

Leave a Comment

Most from this category