76 Shares 80 Views

ငယ္ဘဝကိုျပန္သတိရေစမယ့္ “မိုႏိုပိုလီ ZingPlay” ဂိမ္း

Mar 09, 2018
76 80

ဒီတစ္ပတ္ TGIF အတြက္မိတ္ဆက္ေပးလိုက္တာကေတာ့ “မိုႏုိပိုလီ ZingPlay” ဆိုတဲ့ဂိမ္းေလးပါ။ ေဖ့စ္ဘြတ္ခ္သံုးေနရင္း ေၾကာ္ျငာေတြတက္တက္လာတာေတြ႔ဖူးၾကမွာပါ။ မိုႏိုပိုလီဆိုတာကေတာ့ ကိုယ္ေတြငယ္ဘဝတုန္းက သူငယ္ခ်င္းေတြစုေပါင္းျပီး မိုႏိုပိုလီကဒ္ျပားေပၚမွာ ေဆာ့ကစားခဲ့ဖူးတဲ့ ေပ်ာ္စရာဂိမ္းေလးတစ္ခုပါ။

       

Miracle Dice ဆိုတဲ့ဂိမ္းနဲ႔ေတာ့ တူတူပါပဲ။ မိုႏိုပိုလီ ZingPlay ကေတာ့ ျမန္မာေတြေဆာ့လို႔လြယ္ေအာင္ ျမန္မာဗားရွင္းလို႔ေျပာရမွာပါ။ ဗ်ဴဟာဂိမ္းတစ္ခုျဖစ္ျပီး ေငြရင္းႏွီး ပိုင္ဆိုင္မႈေတြကို ဝယ္ေရာင္း တစ္ကမာၻလံုးကနာမည္ၾကီးအထင္ကရေနရာေတြပတ္သြားရပါတယ္။ မိုႏိုပိုလီဂိမ္းျဖစ္ျပီး အံစားတံုး၂တံုးကိုေခါက္ျပီး ေနရာမ်ားစြာသြား ကိုယ္ကုိယ္တုိင္ အိမ္ဝယ္မလားေျမဝယ္မလား ဆံုးျဖတ္ခ်က္ခ်ျပီး ေဆာ့လို႔ရပါမယ္။

အံစာတံုးေခါက္လိုက္လို႔ရပ္တဲ့ေနရာ ေရာက္သြားတဲ့ေနရာမွာရိွတဲ့ ေနရာကိုဝယ္ ကိုယ္ပိုင္တိုက္တာေတြေဆာက္ အထင္ကရအမွတ္အသားေတြေဆာက္ျပီး ကိုယ့္ေျမကိုေရာက္လာတာနဲ႔ ျမိဳ႕ဝင္ေၾကးရမွာပါ။ ကိုယ္က ကိုယ့္ေျမကိုအဆင့္ျမွင့္ႏုိင္ေလေလ ကိုယ့္ဆီေရာက္လာတဲ့သူေတြ ျမိဳ႕ဝင္ေၾကးေတြမ်ားျပီး ေနာက္ဆံုးေဒဝါလီခံေအာင္ လုပ္ရမွာပါ။

        

နာမည္ၾကီးဆယ္လီေတြရဲ႕ဇာတ္ေကာင္ေတြကိုယူထားျပီး တစ္ေယာက္ခ်င္းစီမွာ ကုိယ္ပို္င္အစြမ္းအစေတြရိွပါတယ္။မိုႏိုပိုလီကစားခံုေပၚမွာ ဘီလ်ံနာတစ္ေယာက္ျဖစ္ေအာင္ထိ ေဆာ့ကစားလုိ႔ရပါတယ္။

အဓိက feature မ်ား

– အြန္လိုင္းေပၚမွာ တျခားေသာကစားသမားေတြနဲ႔အတူ 3F (Fast –Fun-Free) ျမန္ဆန္ ေပ်ာ္ရႊင္ျပီး free ေဆာ့ႏိုင္မွာပါ။

– နာမည္ၾကီးဆယ္လီေတြရဲ႕ 3D ကာတြန္းရုပ္ေတြနဲ႔ ျမန္မာလိုအသံေတြထည့္သြင္းထားတဲ့အတြက္ ေဆာ့ရလြယ္မွာပါ။

– ကမာၻ႔အထင္ကရေနရာမ်ားစြာပါဝင္ျပီး အမ်ိဳးအစားစံုတဲ့အံစာတံုးမ်ားကို ေရြးခ်ယ္လို႔ရႏုိင္ပါတယ္။

ျမန္မာဂိမ္းျဖစ္တဲ့အတြက္ ေဆာ့ရလည္းလြယ္တဲ့အျပင္ Play Storeမွာလည္း rating 5 နီးပါးေလာက္ရထားပါတယ္။ ျမန္မာေငြေၾကးနဲ႔လည္း ေဆာ့ကစားလို႔ရတဲ့အတြက္ အဆင္ေျပပါတယ္။ ကုိယ္တိုင္ကစားၾကည့္လိုက္ရင္ေတာ့ ငယ္ငယ္တုန္းကကစားခဲ့ရတဲ့ဖီလင္ကုိျပန္ရမွာ က်ိန္းေသပါတယ္။ အရင္ကလို ေဆာ့ဖို႔လူမရမကစုစရာလည္းမလို တန္းကစားရံုပဲဆိုေတာ့ အခုပဲ ေအာက္ကလင့္ခ္မွာ ေဒါင္းလုပ္ရယူရင္း ေအးခ်မ္းတဲ့ စေနတနဂၤေႏြေလးကို အနားယူႏုိင္ၾကပါေစ.

[Unicode]

ဒီတစ်ပတ် TGIF အတွက်မိတ်ဆက်ပေးလိုက်တာကတော့ “မိုနိုပိုလီ ZingPlay” ဆိုတဲ့ဂိမ်းလေးပါ။ ဖေ့စ်ဘွတ်ခ်သုံးနေရင်း ကြော်ငြာတွေတက်တက်လာတာတွေ့ဖူးကြမှာပါ။ မိုနိုပိုလီဆိုတာကတော့ ကိုယ်တွေငယ်ဘဝတုန်းက သူငယ်ချင်းတွေစုပေါင်းပြီး မိုနိုပိုလီကဒ်ပြားပေါ်မှာ ဆော့ကစားခဲ့ဖူးတဲ့ ပျော်စရာဂိမ်းလေးတစ်ခုပါ။

Miracle Dice ဆိုတဲ့ဂိမ်းနဲ့တော့ တူတူပါပဲ။ မိုနိုပိုလီ ZingPlay ကတော့ မြန်မာတွေဆော့လို့လွယ်အောင် မြန်မာဗားရှင်းလို့ပြောရမှာပါ။ ဗျူဟာဂိမ်းတစ်ခုဖြစ်ပြီး ငွေရင်းနှီး ပိုင်ဆိုင်မှုတွေကို ဝယ်ရောင်း တစ်ကမ္ဘာလုံးကနာမည်ကြီးအထင်ကရနေရာတွေပတ်သွားရပါတယ်။ မိုနိုပိုလီဂိမ်းဖြစ်ပြီး အံစားတုံး၂တုံးကိုခေါက်ပြီး နေရာများစွာသွား ကိုယ်ကိုယ်တိုင် အိမ်ဝယ်မလားမြေဝယ်မလား ဆုံးဖြတ်ချက်ချပြီး ဆော့လို့ရပါမယ်။

အံစာတုံးခေါက်လိုက်လို့ရပ်တဲ့နေရာ ရောက်သွားတဲ့နေရာမှာရှိတဲ့ နေရာကိုဝယ် ကိုယ်ပိုင်တိုက်တာတွေဆောက် အထင်ကရအမှတ်အသားတွေဆောက်ပြီး ကိုယ့်မြေကိုရောက်လာတာနဲ့ မြို့ဝင်ကြေးရမှာပါ။ ကိုယ်က ကိုယ့်မြေကိုအဆင့်မြှင့်နိုင်လေလေ ကိုယ့်ဆီရောက်လာတဲ့သူတွေ မြို့ဝင်ကြေးတွေများပြီး နောက်ဆုံးဒေဝါလီခံအောင် လုပ်ရမှာပါ။

နာမည်ကြီးဆယ်လီတွေရဲ့ဇာတ်ကောင်တွေကိုယူထားပြီး တစ်ယောက်ချင်းစီမှာ ကိုယ်ပို်င်အစွမ်းအစတွေရှိပါတယ်။မိုနိုပိုလီကစားခုံပေါ်မှာ ဘီလျံနာတစ်ယောက်ဖြစ်အောင်ထိ ဆော့ကစားလို့ရပါတယ်။

အဓိက feature များ

– အွန်လိုင်းပေါ်မှာ တခြားသောကစားသမားတွေနဲ့အတူ 3F (Fast –Fun-Free) မြန်ဆန် ပျော်ရွှင်ပြီး free ဆော့နိုင်မှာပါ။

– နာမည်ကြီးဆယ်လီတွေရဲ့ 3D ကာတွန်းရုပ်တွေနဲ့ မြန်မာလိုအသံတွေထည့်သွင်းထားတဲ့အတွက် ဆော့ရလွယ်မှာပါ။

– ကမ္ဘာ့အထင်ကရနေရာများစွာပါဝင်ပြီး အမျိုးအစားစုံတဲ့အံစာတုံးများကို ရွေးချယ်လို့ရနိုင်ပါတယ်။

မြန်မာဂိမ်းဖြစ်တဲ့အတွက် ဆော့ရလည်းလွယ်တဲ့အပြင် Play Storeမှာလည်း rating 5 နီးပါးလောက်ရထားပါတယ်။ မြန်မာငွေကြေးနဲ့လည်း ဆော့ကစားလို့ရတဲ့အတွက် အဆင်ပြေပါတယ်။ ကိုယ်တိုင်ကစားကြည့်လိုက်ရင်တော့ ငယ်ငယ်တုန်းကကစားခဲ့ရတဲ့ဖီလင်ကိုပြန်ရမှာ ကျိန်းသေပါတယ်။ အရင်ကလို ဆော့ဖို့လူမရမကစုစရာလည်းမလို တန်းကစားရုံပဲဆိုတော့ အခုပဲ အောက်ကလင့်ခ်မှာ ဒေါင်းလုပ်ရယူရင်း အေးချမ်းတဲ့ စနေတနင်္ဂနွေလေးကို အနားယူနိုင်ကြပါစေ.

You may be interested

DisplayMate ရဲ႕ အေကာင္းဆံုး မ်က္ႏွာျပင္ အျဖစ္ သတ္မွတ္ခံလိုက္ရတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

DisplayMate ရဲ႕ အေကာင္းဆံုး မ်က္ႏွာျပင္ အျဖစ္ သတ္မွတ္ခံလိုက္ရတဲ့ iPhone XS Max

Ko Thuya - Sep 26, 2018

Samsung Galaxy Note 9 ထြက္ရွိၿပီး သိပ္မၾကာခင္မွာပဲ DisplayMate က သူ႔ကို စမ္းသပ္ခဲ့ၿပီး ထြက္ရွိၿပီး သမွ် စမတ္ဖုန္းမ်ားထဲမွာ သူဟာ အေကာင္းဆံုး မ်က္ႏွာျပင္ကို ပိုင္ဆိုင္ထားတယ္လို႔ သံုးသပ္ခဲ့ပါတယ္။ အခုေတာ့ Note 9 ရဲ႕ သရဖူကို…

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
139 shares48 views

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ iPhone XS နဲ႔ iPhone XS Max တို႔ကို ေရာင္းခ်ေပးလိုက္ပါတယ္။ Apple အေရး ကြ်မ္းက်င္တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက္…

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ
HUBS, Microsoft
68 shares20 views

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ

Creepy Tyler - Sep 25, 2018

Microsoft ကေတာ့ Surface Hub 2 ကို ျပသခဲ့ၿပီး ၊ ေနာက္ဆံုးထြက္ျဖစ္လာမယ့္ ဒီ device မွာ ပါလာမယ့္  Rotating Display အမည္ရ device ပံုစံအတုိင္း လိုက္ေလ်ာညီေထြ ေျပာင္းလဲျပသေပးမယ့္ နည္းပညာကိုလည္း တစ္ခါတည္း ျပသခဲ့ပါတယ္။…

Leave a Comment

Most from this category