135 Shares 63 Views

သုေတသန ပညာရွင္မ်ားက ေသြးေပါင္ခ်ိန္ တိုင္းေပးတဲ့ Phone Case ကို တီထြင္

Mar 09, 2018
135 63

သုေတသန ပညာရွင္မ်ားက Smartphone Case ကေန ေသြးေပါင္ခ်ိန္ကို တိုင္းတာေပးႏုိင္တဲ့ နည္းလမ္းကို ရွာေဖြေတြ႕ရွိခဲ့တယ္လို႔ ေၾကညာလိုက္ပါတယ္။ ဒီလို တိုင္းတာႏုိင္ဖို႔အတြက္ လက္ေခ်ာင္းကို Phone Case မွာ ဖိႏွိပ္ေပးရမွာ ျဖစ္ပါတယ္။ ယခုေလ့လာေတြ႕ရွိခ်က္ကို မတ္လ ၇ ရက္ေန႔မွာ Science Translational Medicine ဂ်ာနယ္မွာ ေဖာ္ျပခဲ့ၾကပါတယ္။ သုေတသနကို တကၠသိုလ္ ၃ ခုမွ သုေတသနပညာရွင္ ၆ ဦးတို႔က ျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။

သူတို႔ရဲ႕ နည္းလမ္းထဲမွာ ဖိအားကို တိုင္းတာေပး ဆန္ဆာကို ဖုန္းထဲမွာ ထည့္သြင္းျခင္း ပါ၀င္ပါတယ္။ User က သင့္ေတာ္တဲ့ လက္ဖိအားကို သက္ေရာက္ေစဖို႔အတြက္ Smartphone Application ရဲ႕ ညႊန္ၾကားခ်က္အတိုင္း လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။ သုေတသနပညာရွင္မ်ားက သူတို႔ရဲ႕ ေလ့လာေတြ႕ရွိမႈဟာ အနာဂတ္မွာ ေသြးေပါင္ခ်ိန္ တိုးတာတဲ့အခါမွာ အလြန္လြယ္ကူေစမွာ ျဖစ္ပါတယ္လို႔ ေျပာပါတယ္။ လူသားသန္းေပါင္းမ်ားစြာကို အက်ိဳးျပဳမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ပညာရွင္မ်ားဟာ ဒီနည္းပညာကို ေအာင္ျမင္စြာ တီထြင္ႏုိင္ဖို႔ ဆက္လက္ ဖန္တီးဖို႔ လိုအပ္ေနပါေသးတယ္။

သမားရိုးက်အားျဖင့္ လက္ေမာင္းပတ္ ကိရိယာကို အသံုးျပဳ၍ ေသြးေပါင္ခ်ိန္ကို တိုင္းတာေနၾကပါတယ္။ ဒီလို ကိရိယာမ်ား မလိုအပ္ဘဲ စမတ္ဖုန္းကေန ေသြးေပါင္ခ်ိန္ တိုင္းတာႏုိင္မယ္ဆိုရင္ေတာ့ အလြန္ လြယ္ကူ အဆင္ေျပေစမွာ ျဖစ္ပါတယ္။ ေသြးေပါင္ခ်ိန္ဟာ ႏွလံုး အေျခအေနကို တြက္ခ်က္ဖို႔အတြက္ ဆရာ၀န္မ်ားရဲ႕ အဓိက သတင္းအခ်က္အလက္ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေသြးေပါင္ခ်ိန္ကို တိုင္းတာရာမွာ အၿမဲတမ္း မမွန္ကန္တတ္ပါဘူး။ သုေတသနစစ္တမ္းမ်ားအရ ေသြးေပါင္ခ်ိန္ကို တိုင္းတာရာမွာ မွားယြင္းေနတယ္လို႔ သိရပါတယ္။ အဲဒီအတြက္ ေသြးေပါင္ခ်ိန္ကို တိက်စြာ တိုင္းတာႏုိင္တဲ့ နည္းလမ္းမ်ား၊ ကိရိယာမ်ားကို တီထြင္ရဦးမွာ ျဖစ္ပါတယ္။

Ref : androidheadlines

unicode

သုတေသန ပညာရှင်များက သွေးပေါင်ချိန် တိုင်းပေးတဲ့ Phone Case ကို တီထွင်

သုတေသန ပညာရှင်များက Smartphone Case ကနေ သွေးပေါင်ချိန်ကို တိုင်းတာပေးနိုင်တဲ့ နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ ဒီလို တိုင်းတာနိုင်ဖို့အတွက် လက်ချောင်းကို Phone Case မှာ ဖိနှိပ်ပေးရမှာ ဖြစ်ပါတယ်။ ယခုလေ့လာတွေ့ရှိချက်ကို မတ်လ ၇ ရက်နေ့မှာ Science Translational Medicine ဂျာနယ်မှာ ဖော်ပြခဲ့ကြပါတယ်။ သုတေသနကို တက္ကသိုလ် ၃ ခုမှ သုတေသနပညာရှင် ၆ ဦးတို့က ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ရဲ့ နည်းလမ်းထဲမှာ ဖိအားကို တိုင်းတာပေး ဆန်ဆာကို ဖုန်းထဲမှာ ထည့်သွင်းခြင်း ပါဝင်ပါတယ်။ User က သင့်တော်တဲ့ လက်ဖိအားကို သက်ရောက်စေဖို့အတွက် Smartphone Application ရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ သုတေသနပညာရှင်များက သူတို့ရဲ့ လေ့လာတွေ့ရှိမှုဟာ အနာဂတ်မှာ သွေးပေါင်ချိန် တိုးတာတဲ့အခါမှာ အလွန်လွယ်ကူစေမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။ လူသားသန်းပေါင်းများစွာကို အကျိုးပြုမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပညာရှင်များဟာ ဒီနည်းပညာကို အောင်မြင်စွာ တီထွင်နိုင်ဖို့ ဆက်လက် ဖန်တီးဖို့ လိုအပ်နေပါသေးတယ်။

သမားရိုးကျအားဖြင့် လက်မောင်းပတ် ကိရိယာကို အသုံးပြု၍ သွေးပေါင်ချိန်ကို တိုင်းတာနေကြပါတယ်။ ဒီလို ကိရိယာများ မလိုအပ်ဘဲ စမတ်ဖုန်းကနေ သွေးပေါင်ချိန် တိုင်းတာနိုင်မယ်ဆိုရင်တော့ အလွန် လွယ်ကူ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ သွေးပေါင်ချိန်ဟာ နှလုံး အခြေအနေကို တွက်ချက်ဖို့အတွက် ဆရာဝန်များရဲ့ အဓိက သတင်းအချက်အလက် ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သွေးပေါင်ချိန်ကို တိုင်းတာရာမှာ အမြဲတမ်း မမှန်ကန်တတ်ပါဘူး။ သုတေသနစစ်တမ်းများအရ သွေးပေါင်ချိန်ကို တိုင်းတာရာမှာ မှားယွင်းနေတယ်လို့ သိရပါတယ်။ အဲဒီအတွက် သွေးပေါင်ချိန်ကို တိကျစွာ တိုင်းတာနိုင်တဲ့ နည်းလမ်းများ၊ ကိရိယာများကို တီထွင်ရဦးမှာ ဖြစ်ပါတယ်။

Ref : androidheadlines

You may be interested

IP67 , IP68 ေရစိုခံ စံႏႈန္း ဆိုတာဘာလဲ?
FEATURES, Mobile & Tablets
0 shares0 views

IP67 , IP68 ေရစိုခံ စံႏႈန္း ဆိုတာဘာလဲ?

Ko Thuya - Jul 18, 2018

ဒီေန႔ေခတ္ စမတ္ဖုန္းမ်ားဟာ ေရစိုခံတယ္လို႔ ထုတ္လုပ္ေရာင္းခ်တဲ့ ကုမၸဏီမ်ားက ေၾကာ္ညာေနၾကပါတယ္။ ဒါေပမယ့္ ေရစိုခံစံႏႈန္းမ်ားစြာ ရွိတဲ့အတြက္ သင့္ စမတ္ဖုန္းဟာ ဘယ္ေလာက္အထိေရစိုခံသလဲဆိုတာ ေလ့လာထားဖုိ႔ လိုအပ္ပါတယ္။ IP ရဲ႕ အဓိပၸါယ္ IP ရဲ႕ အရွည္ဟာ Ingress Protection ျဖစ္ၿပီး…

OnePlus 5 နဲ႔ 5T တုိ႔ရဲ႕ ေနာက္ဆံုးထုတ္ OxygenOS Open Beta မွာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
102 shares15 views

OnePlus 5 နဲ႔ 5T တုိ႔ရဲ႕ ေနာက္ဆံုးထုတ္ OxygenOS Open Beta မွာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ႔ 5T တုိ႔ရဲ႕ ယခင္ထြက္ခဲ့တဲ့ OxygenOS Open Beta မွာ Project Treble ပါလာခဲ့ပါတယ္။ ယခုေနာက္ဆံုးထုတ္ ဗားရွင္းမွာလည္း လုပ္ေဆာင္ခ်က္ အသစ္မ်ား ပါလာပါတယ္။ OnePlus 5 ရဲ႕ OxygenOS Open…

လူတစ္ေယာက္ရဲ႕အသိဉာဏ္နဲ႔ယွဥ္လာႏုိင္ေတာ့မယ့္ AI နည္းပညာဆုိတာ?
FEATURES
157 shares36 views

လူတစ္ေယာက္ရဲ႕အသိဉာဏ္နဲ႔ယွဥ္လာႏုိင္ေတာ့မယ့္ AI နည္းပညာဆုိတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန္တီးရတာေတာ္ေတာ္လည္းရႈပ္ေထြးတဲ့အလုပ္တစ္ခုျဖစ္သလို ကိုယ့္အေနနဲ႔ အေသးစိတ္ၾကီးနားလည္ေနဖုိ႔လည္းမလိုပါဘူး။ အခုရိွျပီးသား သိဉာဏ္တုနည္းပညာအမ်ားစုကေတာ့ လူေတြရဲ႕ဦးေႏွာက္လိုပဲ ေကာင္းေကာင္းခန္႔မွန္းတြက္ခ်က္ႏုိင္ပါတယ္။ ဒီလိုတြက္ခ်က္ဖို႔အတြက္ ေဒတာေတြေျမာက္မ်ားစြာထည့္သြင္းရျပီး လူေတြသိတဲ့အရာေတြကေန Model တစ္ခုတည္ေဆာက္ခိုင္း၊ လူေတြမသိတဲ့အရာေတြကို ခန္႔မွန္းခိုင္းလို႔ရႏုိင္ပါတယ္။ ဒီ AI န႔ဲ တျခားကြန္ပ်ဴတာပရိုဂရမ္ေတြနဲ႔ လံုးဝမတူတ့ဲတစ္ခ်က္ကေတာ့…

Leave a Comment

Most from this category