0 Shares 41 Views

HTC One M10 ဖုန်းဓာတ်ပုံတွေ ဧပြီလ ၁၂ ရက်နေ့ပွဲမတိုင်မီ ပေါက်ကြားလာ

Mar 29, 2016
0 41

HTC One M10 စမတ်ဖုန်းကို ဧပြီလ ၁၂ ရက်နေ့မှာမှ တရားဝင်မိတ်ဆက်ပြသသွားမှာ ဖြစ်ပေမယ့်၊ အခုအခါ One M10 ဖုန်းဓာတ်ပုံတွေ အွန်လိုင်းမှာ စတင်ပေါက်ကြားနေပြီ ဖြစ်ပါတယ်။

ဓာတ်ပုံတွေအရ၊ One M10 ဖုန်းဟာ သတ္တုကိုယ်ထည်နဲ့ဖြစ်ပြီး၊ Home ခလုတ်က မျက်နှာပြင်အပေါ်မှာ ပါဝင်လာပြီး၊ အရှေ့ကို အနည်းငယ်ပြူထွက်နေပုံရတဲ့ ကျောကင်မရာမှာ LED ဖလက်ရှ်မီးနှစ်လုံးတွဲ ပါဝင်တာကိုလည်း တွေ့ရပါတယ်။

သတင်းတွေအရ၊ ဒီဖုန်းမှာ ၅.၂ လက်မအရွယ် QHD မျက်နှာပြင်၊ နောက်ဆုံးပေါ် Qualcomm Snapdragon 820 SoC ချစ်ပ်၊ နဲ့ ဟုမ်းခလုတ်မှာ လက်ဗွေရာစနစ်တို့ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Android နောက်ဆုံး ဗားရှင်း 6.0.1 Marshmallow နဲ့ လာမှာဖြစ်ပြီး၊ HTC ရဲ့ Sense 8.0 UI နဲ့ အုပ်ထားပါတယ်။

ကင်မရာပိုင်းမှာတော့ Sony ရဲ့ IMX377 ဆန်ဆာသုံး 12 MP ကင်မရာပါဝင်မှာဖြစ်ပြီး၊ လေဆာစနစ်အလိုအလျောက်ဆုံချက်ရှာစနစ်၊ phase-detection ဆုံချက်ရှာစနစ် ၊ OIS နည်းပညာတို့ ပါဝင်လာပါတယ်။ ရှေ့ကင်မရာကတော့ UltraPixel 5 megapixel ကင်မရာဖြစ်မယ်လို့ သိရပါတယ်။

ဒီဖုန်းကို ဧပြီလ ၁၅ ရက်မှာ ထိုင်ဝမ်နိုင်ငံအတွင်း စတင်ရောင်းချသွားမှာဖြစ်ပြီး၊ ဖြူနက်ရောင်၊ အဖြူရောင်၊ ရွှေရောင်နဲ့ အနက်ရောင်ဆိုပြီး အရောင်လေးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

photos-htc-10-gris-noir-014 photos-htc-10-gris-noir-02 photos-htc-10-gris-noir-04

Ref: Firstpost

 

You may be interested

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu
Automobiles, NEWS
76 shares8 views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Ko Thuya - Sep 23, 2017

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀…

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်
NEWS, Security & Safety
71 shares6 views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Ko Thuya - Sep 23, 2017

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ…

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်
Mobiles & Tablets, NEWS
309 shares184 views

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်

Ko Thuya - Sep 23, 2017

Huawei က တရုတ်မှာ Maimang 6 အမည်ရ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ကို အခြားနိုင်ငံများမှာ Mate 10 Lite အမည်ဖြင့် ရောင်းချနိုင်ပါတယ်။ Huawei Maimang 6 မှာ ၅.၉ လက်မ Full…

Leave a Comment

Most from this category