112 Shares 94 Views

အင္တာနက္မွ သတင္း၊ ေဆာင္းပါးမ်ားကို ေနာက္မွ ဖတ္ဖို႔ သိမ္းထားႏုိင္တဲ့ Pocket (Android App)

Mar 08, 2018
112 94

အင္တာနက္မွ ေဆာင္းပါး၊ သတင္း တစ္ပုဒ္ကို ဖတ္ေနတုန္း အလုပ္ကိစၥေပၚလာလို႔ မဖတ္လိုက္ရတဲ့ အေျခအေနမ်ိဳးေတြ ၾကံဳၾကဖူးမွာပါ။ ဒီလို အေျခအေနမ်ိဳးမွာ အဲဒီ ေဆာင္းပါး၊ သတင္းကို သိမ္းဆည္းထားၿပီး ေနာက္မွ ျပန္ဖတ္ႏုိင္ရင္ အဆင္ေျပမွာ ျဖစ္ပါတယ္။ ဒီလို လုပ္ေပးႏုိင္တဲ့ Read Later Apps မ်ားစြာ ရွိေပမယ့္ နာမည္ႀကီးၿပီး ေကာင္းမြန္တာက Pocket ျဖစ္ပါတယ္။ Pocket ကို ပီစီနဲ႔ မိုဘုိင္း ကိရိယာမ်ားအတြက္ ျပဳလုပ္ေပးထားၿပီး သိမ္းထားတဲ့ သတင္း၊ ေဆာင္းပါးမ်ားကို Sync ျပဳလုပ္ႏုိင္တာက ေကာင္းမြန္ပါတယ္။ သတင္း၊ ေဆာင္းပါးမ်ား သာမက ဓါတ္ပံု၊ ဗီဒီယိုမ်ားကိုလည္း Pocket မွာ သိမ္းဆည္းႏုိင္ပါတယ္။ သိမ္းဆည္းထားတာေတြကို Offline ျဖစ္ရင္ေတာင္ ဖတ္ရႈႏုိင္တာက အသံုး၀င္ပါတယ္။ Pocket မွာ Storage ကို အကန္႔အသတ္မရွိေပးထားတာက ထူးျခားပါတယ္။ Pocket မွာသိမ္းထားတာေတြကို လူမႈကြန္ရက္မ်ားမွာ အလြယ္တကူ မွ်ေ၀ႏုိင္ပါတယ္။

Pocket ကို ဖြင့္ၿပီးရင္ Google Plus အေကာင့္နဲ႔ Signin ၀င္ႏုိင္သလို သင့္ရဲ႕ အီးေမးနဲ႔ အေကာင့္တစ္ခု ျပဳလုပ္ႏိုင္ပါတယ္။ ေနာက္အဆင့္မွာ အသံုးျပဳနည္းကို ျပသေပးထားပါတယ္္။ ဘေရာက္စာမ်ား သာမက Apps မ်ားမွ Share Button ကို ႏွိပ္ၿပီး Pocket မွာ သိမ္းဆည္းႏုိင္တယ္ဆိုတာကို သင္ၾကားေပးထားပါတယ္။ စမ္းသပ္ အသံုးျပဳၾကည့္ဖို႔ Facebook နဲ႔ Feedly ကို ျပသေပးထားပါတယ္။ Skip ကို ႏွိပ္ႏုိင္ပါတယ္။

Pocket ရဲ႕ Home Screen ကို ေရာက္ရင္ သိမ္းဆည္းထားတာေတြ မရွိေသးတဲ့အတြက္ List ဟာ Empty ျဖစ္ေနမွာပါ။ သတင္း၊ ေဆာင္းပါး တစ္ခုကို Pocket မွာ သိမ္းဆည္းနည္းကို ျပသေပးပါမယ္။ သင္ႏွစ္သက္ရာ ၀က္ဘေရာက္စာတစ္ခုကေန ၀က္ဆိုက္တစ္ခုမွ သတင္း၊ ေဆာင္းပါး တစ္ခုကို ဖြင့္ပါ။

Share Button ကို ႏွိပ္ပါ။ ( Share Button ရဲ႕ တည္ေနရာကေတာ့ ဖုန္းတစ္လံုးနဲ႔ တစ္လံုး၊ ဘေရာက္စာ တစ္ခုနဲ႔ တစ္ခု မတူညီၾကပါဘူး။ )

Share Menu ေပၚလာရင္ Add to Pocket ကို ႏွိပ္ပါ။ ဒါဆိုရင္ အဲဒီ သတင္း၊ ေဆာင္းပါးကို Pocket မွာ သိမ္းေပးမွာျဖစ္ပါတယ္။

Pocket ကို ျပန္ဖြင့္ၾကည့္ရင္ Home Screen မွာ သိမ္းထားတဲ့ ေဆာင္းပါးကို ေတြ႔ရမွာ ျဖစ္ပါတယ္။ တစ္ခ်က္ႏွိပ္ၿပီး အျပည့္အစံု ဖတ္ရႈႏုိင္ပါတယ္။

ညာဘက္အေပၚေထာင့္မွ Menu ကို ႏွိပ္ရင္ Tags မ်ားထည့္သြင္းဖို႔၊ အသံထြက္္ဖတ္ျပဖို႔နဲ႔ ဖ်က္ပစ္ဖို႔တို႔ကို ျပဳလုပ္ႏုိင္ပါတယ္။ Display Settings ကိုလည္း ႏွစ္သက္သလို ခ်ိန္ညွိႏုိင္ပါတယ္။

သတင္း၊ ေဆာင္းပါးမ်ားသာမကဘဲ Pocket မွာ ဓါတ္ပံု၊ ဗီဒီယိုမ်ားကိုလည္း ဒီနည္း အတိုင္းပဲ သိမ္းဆည္းႏုိင္ပါတယ္။ သိမ္းဆည္းထားတဲ့ အရာမ်ားကို Offline ၾကည့္ရႈႏုိင္တာက အသံုး၀င္ပါတယ္။

Home Screen မွာ သိမ္းထားတဲ့ ေဆာင္းပါးကို ဖိထားရင္ Tags ထည့္သြင္းဖို႔၊ Archived ထဲထည့္ဖို႔၊ Favorite အျဖစ္ သတ္မွတ္ဖို႔၊ ဖ်က္ပစ္ဖို႔နဲ႔ မွ်ေ၀ဖုိ႔တို႔ကို ျပဳလုပ္ႏုိင္ပါတယ္။

Home Screen ရဲ႕ ဘယ္ဘက္အေပၚေထာင့္မွ Menu ကို ႏွိပ္ရင္ Articles, Videos, Images စတဲ့ က႑အလို္က္ သိမ္းထားတဲ့အရာေတြကို ၾကည့္ရႈႏုိင္မွာ ျဖစ္ပါတယ္။ Tags အလိုက္ ၾကည့္ရႈခ်င္ရင္ Tags ထဲသြားပါ။ Favorites ထဲမွာ သင္အႏွစ္သက္ဆံုး အရာမ်ားကို သိမ္းဆည္းေပးထားမွာျဖစ္ပါတယ္။ Archive ထဲမွာ ဖတ္ၿပီးတဲ့ သတင္း၊ေဆာင္းပါးမ်ားကို သိမ္းထားႏုိင္ပါတယ္။

Home Screen ရဲ႕ ညာဘက္အေပၚေထာင့္မွ Menu ကေန Settings ထဲ၀င္ႏုိင္ပါတယ္။ Settings ထဲမွာေတာ့ မိုဘုိင္းေဒတာကို သက္သာေစဖို႔အတြက္ Download only on WiFi မွာ အမွန္ျခစ္ေပးထားသင့္ပါတယ္။ ဒီလိုျပဳလုပ္ထားရင္ေတာ့ မိုဘုိင္းေဒတာနဲ႔ အသံုးျပဳေနရင္ သတင္း၊ ေဆာင္းပါးမ်ားကို Offline ဖတ္ရႈလို႔ မရပါဘူး။ သင့္ဖုန္းရဲ႕ Storage ကို သက္သာေစဖို႔ Set offline storage limits မွာ ကန္႔သတ္ႏုိင္ပါတယ္။

သူ႔ရဲ႕ အရြယ္အစားကေတာ့ 11MB ရွိၿပီး ေအာက္ပါ လင့္မွာ ရယူႏုိင္ပါတယ္။

Download

Ref : androidpit

unicode

အင်တာနက်မှ သတင်း၊ ဆောင်းပါးများကို နောက်မှ ဖတ်ဖို့ သိမ်းထားနိုင်တဲ့ Pocket (Android App)

အင်တာနက်မှ ဆောင်းပါး၊ သတင်း တစ်ပုဒ်ကို ဖတ်နေတုန်း အလုပ်ကိစ္စပေါ်လာလို့ မဖတ်လိုက်ရတဲ့ အခြေအနေမျိုးတွေ ကြုံကြဖူးမှာပါ။ ဒီလို အခြေအနေမျိုးမှာ အဲဒီ ဆောင်းပါး၊ သတင်းကို သိမ်းဆည်းထားပြီး နောက်မှ ပြန်ဖတ်နိုင်ရင် အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒီလို လုပ်ပေးနိုင်တဲ့ Read Later Apps များစွာ ရှိပေမယ့် နာမည်ကြီးပြီး ကောင်းမွန်တာက Pocket ဖြစ်ပါတယ်။ Pocket ကို ပီစီနဲ့ မိုဘိုင်း ကိရိယာများအတွက် ပြုလုပ်ပေးထားပြီး သိမ်းထားတဲ့ သတင်း၊ ဆောင်းပါးများကို Sync ပြုလုပ်နိုင်တာက ကောင်းမွန်ပါတယ်။ သတင်း၊ ဆောင်းပါးများ သာမက ဓါတ်ပုံ၊ ဗီဒီယိုများကိုလည်း Pocket မှာ သိမ်းဆည်းနိုင်ပါတယ်။ သိမ်းဆည်းထားတာတွေကို Offline ဖြစ်ရင်တောင် ဖတ်ရှုနိုင်တာက အသုံးဝင်ပါတယ်။ Pocket မှာ Storage ကို အကန့်အသတ်မရှိပေးထားတာက ထူးခြားပါတယ်။ Pocket မှာသိမ်းထားတာတွေကို လူမှုကွန်ရက်များမှာ အလွယ်တကူ မျှဝေနိုင်ပါတယ်။

Pocket ကို ဖွင့်ပြီးရင် Google Plus အကောင့်နဲ့ Signin ဝင်နိုင်သလို သင့်ရဲ့ အီးမေးနဲ့ အကောင့်တစ်ခု ပြုလုပ်နိုင်ပါတယ်။ နောက်အဆင့်မှာ အသုံးပြုနည်းကို ပြသပေးထားပါတယ်။ ဘရောက်စာများ သာမက Apps များမှ Share Button ကို နှိပ်ပြီး Pocket မှာ သိမ်းဆည်းနိုင်တယ်ဆိုတာကို သင်ကြားပေးထားပါတယ်။ စမ်းသပ် အသုံးပြုကြည့်ဖို့ Facebook နဲ့ Feedly ကို ပြသပေးထားပါတယ်။ Skip ကို နှိပ်နိုင်ပါတယ်။

Pocket ရဲ့ Home Screen ကို ရောက်ရင် သိမ်းဆည်းထားတာတွေ မရှိသေးတဲ့အတွက် List ဟာ Empty ဖြစ်နေမှာပါ။ သတင်း၊ ဆောင်းပါး တစ်ခုကို Pocket မှာ သိမ်းဆည်းနည်းကို ပြသပေးပါမယ်။ သင်နှစ်သက်ရာ ဝက်ဘရောက်စာတစ်ခုကနေ ဝက်ဆိုက်တစ်ခုမှ သတင်း၊ ဆောင်းပါး တစ်ခုကို ဖွင့်ပါ။

Share Button ကို နှိပ်ပါ။ ( Share Button ရဲ့ တည်နေရာကတော့ ဖုန်းတစ်လုံးနဲ့ တစ်လုံး၊ ဘရောက်စာ တစ်ခုနဲ့ တစ်ခု မတူညီကြပါဘူး။ )

Share Menu ပေါ်လာရင် Add to Pocket ကို နှိပ်ပါ။ ဒါဆိုရင် အဲဒီ သတင်း၊ ဆောင်းပါးကို Pocket မှာ သိမ်းပေးမှာဖြစ်ပါတယ်။

Pocket ကို ပြန်ဖွင့်ကြည့်ရင် Home Screen မှာ သိမ်းထားတဲ့ ဆောင်းပါးကို တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ချက်နှိပ်ပြီး အပြည့်အစုံ ဖတ်ရှုနိုင်ပါတယ်။

ညာဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ရင် Tags များထည့်သွင်းဖို့၊ အသံထွက်ဖတ်ပြဖို့နဲ့ ဖျက်ပစ်ဖို့တို့ကို ပြုလုပ်နိုင်ပါတယ်။ Display Settings ကိုလည်း နှစ်သက်သလို ချိန်ညှိနိုင်ပါတယ်။

သတင်း၊ ဆောင်းပါးများသာမကဘဲ Pocket မှာ ဓါတ်ပုံ၊ ဗီဒီယိုများကိုလည်း ဒီနည်း အတိုင်းပဲ သိမ်းဆည်းနိုင်ပါတယ်။ သိမ်းဆည်းထားတဲ့ အရာများကို Offline ကြည့်ရှုနိုင်တာက အသုံးဝင်ပါတယ်။

Home Screen မှာ သိမ်းထားတဲ့ ဆောင်းပါးကို ဖိထားရင် Tags ထည့်သွင်းဖို့၊ Archived ထဲထည့်ဖို့၊ Favorite အဖြစ် သတ်မှတ်ဖို့၊ ဖျက်ပစ်ဖို့နဲ့ မျှဝေဖို့တို့ကို ပြုလုပ်နိုင်ပါတယ်။

Home Screen ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ရင် Articles, Videos, Images စတဲ့ ကဏ္ဍအလိုက် သိမ်းထားတဲ့အရာတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Tags အလိုက် ကြည့်ရှုချင်ရင် Tags ထဲသွားပါ။ Favorites ထဲမှာ သင်အနှစ်သက်ဆုံး အရာများကို သိမ်းဆည်းပေးထားမှာဖြစ်ပါတယ်။ Archive ထဲမှာ ဖတ်ပြီးတဲ့ သတင်း၊ဆောင်းပါးများကို သိမ်းထားနိုင်ပါတယ်။

Home Screen ရဲ့ ညာဘက်အပေါ်ထောင့်မှ Menu ကနေ Settings ထဲဝင်နိုင်ပါတယ်။ Settings ထဲမှာတော့ မိုဘိုင်းဒေတာကို သက်သာစေဖို့အတွက် Download only on WiFi မှာ အမှန်ခြစ်ပေးထားသင့်ပါတယ်။ ဒီလိုပြုလုပ်ထားရင်တော့ မိုဘိုင်းဒေတာနဲ့ အသုံးပြုနေရင် သတင်း၊ ဆောင်းပါးများကို Offline ဖတ်ရှုလို့ မရပါဘူး။ သင့်ဖုန်းရဲ့ Storage ကို သက်သာစေဖို့ Set offline storage limits မှာ ကန့်သတ်နိုင်ပါတယ်။

သူ့ရဲ့ အရွယ်အစားကတော့ 11MB ရှိပြီး အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။

Download

Ref : androidpit

You may be interested

Split Screen ပါတဲ့ Browser ကို iPad အတြက္ ထုတ္လုပ္ေပးလိုက္တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတြက္ Firefox Browser Version တစ္ခုကို ထုတ္လုပ္ေပးလိုက္ပါတယ္။ အုိင္ပတ္မ်ားမွာ အထာက်က်နဲ႔ အင္တာနက္ ၾကည့္ႏုိင္မွာပါ။ အရြယ္ႀကီး အိုင္ပတ္မွာ သံုးလို႔ေကာင္းေအာင္ ဒီဇိုင္းထုတ္ထားတဲ့ ဘေရာက္စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ
NEWS, Security & Safety, Softwares & Application
81 shares36 views

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ

Ko Thuya - Mar 25, 2019

ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ Boeing 737 Max 8 ေလယာဥ္ ၂ စီး ပ်က္က်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၆ လက အဲဒီ ေလယာဥ္အမ်ိဳးအစား တစ္စီးဟာ အင္ဒိုနီးရွား ကမ္းရိုးတန္းမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး…

ႀကိဳးလုံးဝ မပါေတာ့မယ့္ true wireless Beats နားၾကပ္အသစ္ကို ဧၿပီလ မိတ္ဆက္မည္
Apple, Gadgets, NEWS
40 shares24 views

ႀကိဳးလုံးဝ မပါေတာ့မယ့္ true wireless Beats နားၾကပ္အသစ္ကို ဧၿပီလ မိတ္ဆက္မည္

Nigma - Mar 25, 2019

Apple ပိုင္တဲ့ Beats က ႀကိဳးလုံးဝမပါေတာ့မယ့္ Powerbeats earbuds နားၾကပ္အသစ္ကို ဧၿပီလအတြင္း မိတ္ဆက္သြားေတာ့မွာ ျဖစ္ပါတယ္။ အရင္ Powerbeats Wireless ေတြတုန္းကလည္း ႀကိဳးမဲ့နားၾကပ္ဆိုေပမယ့္ နားၾကပ္ႏွစ္ဖက္ကို ခ်ိတ္ဆက္ထားေတာ့ ႀကိဳးေတာ့ ပါရွိပါေသးတယ္။ အသစ္ထြက္မယ့္ Powerbeats က…

Leave a Comment

Most from this category