452 Shares 173 Views

Google Android P ရဲ႕ တကယ့္အေရးပါဆံုး feature ၆ခု

Mar 08, 2018
452 173

Google just released the first Android P preview. Here are the 6 biggest features so far

[Zawgyi]

ဒီေန႔ပဲ Google ကေန ပထမဆံုး Android P preview ကိုထုတ္လိုက္ပါတယ္။အစံုအေသးစိတ္ကိုေတာ့ ေမလမွာ Google I/O မွာျပသြားမွာပါ။ developer ေတြအတြက္လို႔ဆိုေပမယ့္လည္း ဒီကေန စိတ္ဝင္စားစရာေကာင္းတဲ့ feature ေလးေတြလည္းပါေနပါတယ္။

Notch support

Notch နဲ႔ဖုန္းေတြထြက္ကတည္းက ေနာက္လာမယ့္ Android P မွာ ဒါကို support ေပးႏုိင္လိမ့္မယ္လို႔ထင္ခဲ့ေပမယ့္အခုတကယ္တရားဝင္ထြက္ခဲ့ပါျပီ။ တရားဝင္ေဖာ္ျပခ်က္အရေတာ့ developer ေတြအေနနဲ႔ ထိပ္ဖက္ notch နဲ႔အဆင္ေျပေအာင္ status bar ကိုအလိုအေလ်ာက္ ေျပာင္းခြင့္ရိွမွာျဖစ္ပါတယ္။ တကယ္လို႔ app ေတြ content ေတြက full-screen view မွာပိုေကာင္းေကာင္းလုပ္ႏုိင္တယ္ဆိုရင္ေတာ့ notch ရဲ႕ေဘးေတြကိုမေဖ်ာက္ဘဲ ျပထားလုိ႔ရပါတယ္။ developer ေတြအေနနဲ႔ notch မပါတဲ့ဖုန္းေတြကိုေတာင္ notch ပံုစံတုပထည့္လို႔ရႏုိင္မွာပါ။

အဆင့္ျမွင့္ေျပာင္းလဲထားတဲ့ဒီဇိုင္း

Android P မွာ notification ရဲ႕ေနာက္ခံ shade ေလးေတြက Android O နဲ႔ယွဥ္ရင္ဘယ္လိုေနလဲဆိုတာကို ေအာက္ကပံုမွာၾကည့္ၾကည့္လိုက္ပါဦး

Android O:

Android P:

အခုဆို အခ်ိန္ကိုလည္း screen ရဲ႕ဘယ္ဘက္မွာျပထားျပီး notch ရိွသြားလုိ႔ေဘးကိုကပ္လိုက္တာျဖစ္ႏုိင္ပါတယ္။ Setting menu ကလည္း အေရာင္အေသြးစံုစံုနဲ႔စြဲေဆာင္မႈရိွေနသလိုပါပဲ။

Better Notifications

ခုနကပဲ notification shade အေၾကာင္းေျပာခဲ့သလို ဒီ notification area မွာပဲ နည္းနည္းထပ္ျမွင့္လုိက္တာရိွပါေသးတယ္။ မက္ေဆ့ခ်္ app က alert ေတြကို Android P က ပိုျပီးေထာက္ပံ့ေပးႏုိင္လာပါျပီ။

ပံုမွာျပထားခဲ့တဲ့အတိုင္း conversation ရဲ႕ context မွာတင္ မက္ေဆ့ခ်္ေတြကိုျမင္ရမွာျဖစ္ျပီး AI နဲ႔ျမွင့္ထားတဲ့ smart reply ေတြလည္းျပန္လို႔ရသလို တြဲပုိ႔လာတဲ့ပံုေတြကိုလည္းျမင္ရမွာပါ။ Android သံုးတဲ့အခါမွာ notification ေတြက အသက္လိုျဖစ္ေနတဲ့တြက္ OS ရဲ႕ဒီအပိုင္းကို Google က ေသခ်ာဂရုစိုက္ေပးထားတာပါ။

Multi-camera API

ကင္မရာအမ်ားၾကီးနဲ႔ဖုန္းေတြေပၚေပၚလာေပမယ့္လည္း ဒါေတြကိုေကာင္းေကာင္းအသံုးခ်ဖို႔အတြက္ ၾကိဳသြင္းထားတဲ့ camera app ေတာ့ လိုမွာပါပဲ။ Android P မွာ ကင္မရာအမ်ားၾကီးကိုေထာက္ပံ့ေပးႏုိင္တဲ့အတြက္ zoom, bokeh နဲ႔ stereo vision (3D) လို feature ေတြကိုေတာင္ သံုးႏုိင္မွာပါ။ ဒါဆိုရင္ေတာ့ Snapchat, Instagram တုိ႔လို app ေတြရဲ႕ ကင္မရာပိုင္းနဲ႔တူသြားပါျပီ။

Indoor navigation

Android P မွာ Wi-Fi Round Trip Time (RTT) လို႔သိၾကတဲ့ IEEE 802.11mc Wi-Fi protocol ကိုေထာက္ပံ့ေပးထားတဲ့အတြက္ GPS နဲ႔မရွာႏုိင္တဲ့ မတိက်တဲ့ indoor တည္ေနရာေတြကိုပါ ေျခရာခံလုိ႔ရမွာျဖစ္ပါတယ္။ ၁မီတာကေန ၂မီတာအတြင္း ကိုယ့္ရဲ႕တည္ေနရာကို RTT က တိတိက်က် ေထာက္လွမ္းႏုိင္ပါတယ္။

HDR and HEIF

HDR VP9 Profile ကိုေထာက္ပံ့ေပးထားတဲ့အတြက္ HDR ကိုေထာက္ပံ့ေပးႏုိင္တဲ့ဖုန္းေတြဆိုရင္ HDR ဇာတ္ကားေတြကို streaming ၾကည့္ဖို႔လြယ္သြားပါျပီ။ HEIF ကိုလည္းေထာက္ပံ့ထားပါတယ္။ သူကေတာ့ iOS 11 မွာနာမည္ၾကီးခဲ့တဲ့ ပံုေတြကို compress လုပ္ျပီးခ်ဳံ႕တဲ့ format လိုပဲ JPEG ပံုေတြရဲ႕ ဖိုင္လ္ဆုိဒ္ကို resolution မက်သြားဘဲ တစ္ဝက္ေက်ာ္ေလာက္ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။

ဒါေတြက အဓိက feature ၾကီး၆ခုကိုေဖာ္ျပလိုက္တာပါ။ လာမယ့္ေမလမွာ public ခ်ျပေတာ့မွ အေသးစိတ္ျပည့္ျပည့္စံုသိရမွာပါ။

Ref: TheNextWeb

[Unicode]

ဒီနေ့ပဲ Google ကနေ ပထမဆုံး Android P preview ကိုထုတ်လိုက်ပါတယ်။အစုံအသေးစိတ်ကိုတော့ မေလမှာ Google I/O မှာပြသွားမှာပါ။ developer တွေအတွက်လို့ဆိုပေမယ့်လည်း ဒီကနေ စိတ်ဝင်စားစရာကောင်းတဲ့ feature လေးတွေလည်းပါနေပါတယ်။

Notch support

Notch နဲ့ဖုန်းတွေထွက်ကတည်းက နောက်လာမယ့် Android P မှာ ဒါကို support ပေးနိုင်လိမ့်မယ်လို့ထင်ခဲ့ပေမယ့်အခုတကယ်တရားဝင်ထွက်ခဲ့ပါပြီ။ တရားဝင်ဖော်ပြချက်အရတော့ developer တွေအနေနဲ့ ထိပ်ဖက် notch နဲ့အဆင်ပြေအောင် status bar ကိုအလိုအလျောက် ပြောင်းခွင့်ရှိမှာဖြစ်ပါတယ်။ တကယ်လို့ app တွေ content တွေက full-screen view မှာပိုကောင်းကောင်းလုပ်နိုင်တယ်ဆိုရင်တော့ notch ရဲ့ဘေးတွေကိုမဖျောက်ဘဲ ပြထားလို့ရပါတယ်။ developer တွေအနေနဲ့ notch မပါတဲ့ဖုန်းတွေကိုတောင် notch ပုံစံတုပထည့်လို့ရနိုင်မှာပါ။

အဆင့်မြှင့်ပြောင်းလဲထားတဲ့ဒီဇိုင်း

Android P မှာ notification ရဲ့နောက်ခံ shade လေးတွေက Android O နဲ့ယှဉ်ရင်ဘယ်လိုနေလဲဆိုတာကို အောက်ကပုံမှာကြည့်ကြည့်လိုက်ပါဦး

Android O:

Android P:

အခုဆို အချိန်ကိုလည်း screen ရဲ့ဘယ်ဘက်မှာပြထားပြီး notch ရှိသွားလို့ဘေးကိုကပ်လိုက်တာဖြစ်နိုင်ပါတယ်။ Setting menu ကလည်း အရောင်အသွေးစုံစုံနဲ့စွဲဆောင်မှုရှိနေသလိုပါပဲ။

Better Notifications

ခုနကပဲ notification shade အကြောင်းပြောခဲ့သလို ဒီ notification area မှာပဲ နည်းနည်းထပ်မြှင့်လိုက်တာရှိပါသေးတယ်။ မက်ဆေ့ချ် app က alert တွေကို Android P က ပိုပြီးထောက်ပံ့ပေးနိုင်လာပါပြီ။

ပုံမှာပြထားခဲ့တဲ့အတိုင်း conversation ရဲ့ context မှာတင် မက်ဆေ့ချ်တွေကိုမြင်ရမှာဖြစ်ပြီး AI နဲ့မြှင့်ထားတဲ့ smart reply တွေလည်းပြန်လို့ရသလို တွဲပို့လာတဲ့ပုံတွေကိုလည်းမြင်ရမှာပါ။ Android သုံးတဲ့အခါမှာ notification တွေက အသက်လိုဖြစ်နေတဲ့တွက် OS ရဲ့ဒီအပိုင်းကို Google က သေချာဂရုစိုက်ပေးထားတာပါ။

Multi-camera API

ကင်မရာအများကြီးနဲ့ဖုန်းတွေပေါ်ပေါ်လာပေမယ့်လည်း ဒါတွေကိုကောင်းကောင်းအသုံးချဖို့အတွက် ကြိုသွင်းထားတဲ့ camera app တော့ လိုမှာပါပဲ။ Android P မှာ ကင်မရာအများကြီးကိုထောက်ပံ့ပေးနိုင်တဲ့အတွက် zoom, bokeh နဲ့ stereo vision (3D) လို feature တွေကိုတောင် သုံးနိုင်မှာပါ။ ဒါဆိုရင်တော့ Snapchat, Instagram တို့လို app တွေရဲ့ ကင်မရာပိုင်းနဲ့တူသွားပါပြီ။

Indoor navigation

Android P မှာ Wi-Fi Round Trip Time (RTT) လို့သိကြတဲ့ IEEE 802.11mc Wi-Fi protocol ကိုထောက်ပံ့ပေးထားတဲ့အတွက် GPS နဲ့မရှာနိုင်တဲ့ မတိကျတဲ့ indoor တည်နေရာတွေကိုပါ ခြေရာခံလို့ရမှာဖြစ်ပါတယ်။ ၁မီတာကနေ ၂မီတာအတွင်း ကိုယ့်ရဲ့တည်နေရာကို RTT က တိတိကျကျ ထောက်လှမ်းနိုင်ပါတယ်။

HDR and HEIF

HDR VP9 Profile ကိုထောက်ပံ့ပေးထားတဲ့အတွက် HDR ကိုထောက်ပံ့ပေးနိုင်တဲ့ဖုန်းတွေဆိုရင် HDR ဇာတ်ကားတွေကို streaming ကြည့်ဖို့လွယ်သွားပါပြီ။ HEIF ကိုလည်းထောက်ပံ့ထားပါတယ်။ သူကတော့ iOS 11 မှာနာမည်ကြီးခဲ့တဲ့ ပုံတွေကို compress လုပ်ပြီးချုံ့တဲ့ format လိုပဲ JPEG ပုံတွေရဲ့ ဖိုင်လ်ဆိုဒ်ကို resolution မကျသွားဘဲ တစ်ဝက်ကျော်လောက်လျှော့ချပေးနိုင်ပါတယ်။

ဒါတွေက အဓိက feature ကြီး၆ခုကိုဖော်ပြလိုက်တာပါ။ လာမယ့်မေလမှာ public ချပြတော့မှ အသေးစိတ်ပြည့်ပြည့်စုံသိရမှာပါ။

Ref: TheNextWeb

You may be interested

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
0 shares0 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
75 shares143 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္
Local, Local News, Mobiles & Tablets
87 shares33 views

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္

Ko Ko PR - Mar 19, 2019

ဆန္းသစ္လွပသည့္ Vivo V15 Pro စမတ္ဖုန္းကို မိတ္ဆက္ၿပီးသည့္ေနာက္ Vivo Myanmar မွ Vivo V15 ကို ထပ္မံ ျဖန္႔ခ်ီေတာ့မည္ျဖစ္သည္။ ယခင္ V15Pro ကဲ့သို႔ ဆန္းသစ္လွပေသာ ျမင့္တက္ပြင့္ထြက္လာသည့္ ေရွ႕ကင္မရာ၊ ၆.၅၃ လက္မ ရွိမွန္သားျပင္အျပည့္မ်က္ႏွာျပင္…

Leave a Comment

Most from this category