456 Shares 161 Views

Benchmark စာရင္းမွာထိပ္ဆံုးကေနရာယူလုိက္တဲ့ OnePlus 6

Mar 08, 2018
456 161

[Zawgyi]

OnePlus 6 tops benchmark chart, iPhone X-like notch highly likely

အရင္တစ္ပတ္ကပဲ OnePlus 6 နဲ႔ပတ္သတ္တဲ့ ပံုေတြထြက္လာခဲ့တဲ့ထဲမွာ iPhone X လိုထိပ္ဖက္ notch နဲ႔ ေတာက္ေျပာင္တဲ့ေက်ာဘက္ကိုယ္ထည္ဒီဇုိင္းကိုေတြ႔လိုက္ရပါျပီ။ အခုအသစ္ထပ္ထြက္လာတဲ့အေသးစိတ္မွာလည္း OnePlus ရဲ႕ေနာက္လာမယ့္ဖုန္းမွာ ထိပ္ဖက္ notch ပါလာမယ္လို႔ဆိုထားတ့ဲအတြက္ တကယ္ပါလာမယ့္ပံုပါ။

AnTuTu benchmark ရလဒ္မွာ OnePlus 6 (model number OnePlus A6000) ရဲ႕ overall ရမွတ္ 276,510 ရိွျပီး benchmark အစီအစဥ္ထားမွာအမ်ားတကာ့အမ်ားဆံုးကို စံခ်ိန္ခ်ိဳးႏုိင္ခဲ့တာပါ။ သူ႔ရဲ႕ရမွတ္ကိုၾကည့္လိုက္ရင္ အရင္တစ္ေခါက္က Qualcomm Snapdragon 845 သံုးထားတဲ့ Xiaomi ဖုန္းထက္ေတာင္နည္းနည္းေလးပိုမ်ားေနပါတယ္။ ဒါဆိုရင္ေတာ့ OnePlus 6 မွာလည္း SD 845 processor ကိုသံုးထားႏုိင္မွာေသခ်ာပါတယ္။ အရင္ကလည္း OnePlus ရဲ႕ေနာက္ဆံုးထုတ္ဖုန္းမွာ ေနာက္ဆံုးေပၚ chipset ေတြကိုသံုးခဲ့လို႔ပါ။

User အသံုးျပဳရလြယ္မလြယ္ကေတာ့ အမွတ္နဲ႔တင္ဆံုးျဖတ္လို႔မရတဲ့အတြက္ OnePlus 6 ထြက္လာတဲ့အခ်ိန္မွ သူ႔အရင္ဖုန္းနဲ႔ျဖစ္ျဖစ္ တျခား ၂၀၁၈ flagship ဖုန္းေတြနဲ႔ျဖစ္ျဖစ္ ယွဥ္ၾကည့္ရမွာပါ။

ေအာက္မွာျမင္တဲ့အတုိင္း OnePlus 6 ရဲ႕ display ကေတာ္ေတာ္ေလးျမင့္ျပီး ထိပ္ဖက္မွာရိွတဲ့ ဘယ္ဘက္နဲ႔ညာဘက္ icon ေတြၾကားမွာကြက္လပ္ျဖစ္ေနတာက notch ျဖစ္ႏုိင္ပါတယ္။ display ကလည္း 18:9 ratio ျဖစ္ျပီး ေနာက္ဆံုးထြက္လာမယ့္ OnePlus 6 က (ကုမၸဏီတစ္ခုတည္းရဲ႕အခြဲေတြျဖစ္တဲ့အတြက္) Oppo R15 နဲ႔ဆင္ႏုိင္ပါတယ္။

အရင္တုန္းကေတာ့ ဇြန္လေလာက္မွမိတ္ဆက္ေနက်ေပမယ့္ ဒီႏွစ္မွာေတာ့နည္းနည္းေစာျပီး ဒီလကုန္တာနဲ႔ OnePlus 6 ကို တရားဝင္မိတ္ဆက္လာႏုိင္ေခ်ရိွပါတယ္။ ေနာက္ထပ္သူနဲ႔ပတ္သတ္တဲ့ သတင္းသစ္ေတြထြက္လာရင္လည္း ထပ္ျဖည့္ေျပာျပေပးသြားပါမယ္။ (ေအာက္မွာေတာ့ benchmark score ေတြကိုျပထားပါတယ္။)

Ref: PhoneArena

 

[Unicode]

OnePlus 6 tops benchmark chart, iPhone X-like notch highly likely

အရင်တစ်ပတ်ကပဲ OnePlus 6 နဲ့ပတ်သတ်တဲ့ ပုံတွေထွက်လာခဲ့တဲ့ထဲမှာ iPhone X လိုထိပ်ဖက် notch နဲ့ တောက်ပြောင်တဲ့ကျောဘက်ကိုယ်ထည်ဒီဇိုင်းကိုတွေ့လိုက်ရပါပြီ။ အခုအသစ်ထပ်ထွက်လာတဲ့အသေးစိတ်မှာလည်း OnePlus ရဲ့နောက်လာမယ့်ဖုန်းမှာ ထိပ်ဖက် notch ပါလာမယ်လို့ဆိုထားတ့ဲအတွက် တကယ်ပါလာမယ့်ပုံပါ။

AnTuTu benchmark ရလဒ်မှာ OnePlus 6 (model number OnePlus A6000) ရဲ့ overall ရမှတ် 276,510 ရှိပြီး benchmark အစီအစဉ်ထားမှာအများတကာ့အများဆုံးကို စံချိန်ချိုးနိုင်ခဲ့တာပါ။ သူ့ရဲ့ရမှတ်ကိုကြည့်လိုက်ရင် အရင်တစ်ခေါက်က Qualcomm Snapdragon 845 သုံးထားတဲ့ Xiaomi ဖုန်းထက်တောင်နည်းနည်းလေးပိုများနေပါတယ်။ ဒါဆိုရင်တော့ OnePlus 6 မှာလည်း SD 845 processor ကိုသုံးထားနိုင်မှာသေချာပါတယ်။ အရင်ကလည်း OnePlus ရဲ့နောက်ဆုံးထုတ်ဖုန်းမှာ နောက်ဆုံးပေါ် chipset တွေကိုသုံးခဲ့လို့ပါ။

User အသုံးပြုရလွယ်မလွယ်ကတော့ အမှတ်နဲ့တင်ဆုံးဖြတ်လို့မရတဲ့အတွက် OnePlus 6 ထွက်လာတဲ့အချိန်မှ သူ့အရင်ဖုန်းနဲ့ဖြစ်ဖြစ် တခြား ၂၀၁၈ flagship ဖုန်းတွေနဲ့ဖြစ်ဖြစ် ယှဉ်ကြည့်ရမှာပါ။

အောက်မှာမြင်တဲ့အတိုင်း OnePlus 6 ရဲ့ display ကတော်တော်လေးမြင့်ပြီး ထိပ်ဖက်မှာရှိတဲ့ ဘယ်ဘက်နဲ့ညာဘက် icon တွေကြားမှာကွက်လပ်ဖြစ်နေတာက notch ဖြစ်နိုင်ပါတယ်။ display ကလည်း 18:9 ratio ဖြစ်ပြီး နောက်ဆုံးထွက်လာမယ့် OnePlus 6 က (ကုမ္ပဏီတစ်ခုတည်းရဲ့အခွဲတွေဖြစ်တဲ့အတွက်) Oppo R15 နဲ့ဆင်နိုင်ပါတယ်။

အရင်တုန်းကတော့ ဇွန်လလောက်မှမိတ်ဆက်နေကျပေမယ့် ဒီနှစ်မှာတော့နည်းနည်းစောပြီး ဒီလကုန်တာနဲ့ OnePlus 6 ကို တရားဝင်မိတ်ဆက်လာနိုင်ချေရှိပါတယ်။ နောက်ထပ်သူနဲ့ပတ်သတ်တဲ့ သတင်းသစ်တွေထွက်လာရင်လည်း ထပ်ဖြည့်ပြောပြပေးသွားပါမယ်။ (အောက်မှာတော့ benchmark score တွေကိုပြထားပါတယ်။)

Ref: PhoneArena

You may be interested

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
0 shares0 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
75 shares143 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္
Local, Local News, Mobiles & Tablets
87 shares33 views

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္

Ko Ko PR - Mar 19, 2019

ဆန္းသစ္လွပသည့္ Vivo V15 Pro စမတ္ဖုန္းကို မိတ္ဆက္ၿပီးသည့္ေနာက္ Vivo Myanmar မွ Vivo V15 ကို ထပ္မံ ျဖန္႔ခ်ီေတာ့မည္ျဖစ္သည္။ ယခင္ V15Pro ကဲ့သို႔ ဆန္းသစ္လွပေသာ ျမင့္တက္ပြင့္ထြက္လာသည့္ ေရွ႕ကင္မရာ၊ ၆.၅၃ လက္မ ရွိမွန္သားျပင္အျပည့္မ်က္ႏွာျပင္…

Leave a Comment

Most from this category