249 Shares 127 Views


Mar 08, 2018
249 127


အရောင်စုံတဲ့ Phone





Ref : digitaltrends

unicode

ဘတ်ဂျတ်သမား ကဏ္ဍမှာ ရွေးချယ်ပေးချင်တဲ့ Nokia 3310 (3G)

Nokia ဟာ သူ့ရဲ့ ကီးပတ်ဖုန်း 3310 ကို အဆင့်မြှင့်ပြီး ပြန်လည် အသက်သွင်းနေပါတယ်။ Nokia 3310(3G) ဟာ ပေါ့ပါးကျစ်လစ်တဲ့ ဖုန်းကို နှစ်သက်သူများအတွက် ရွေးချယ်စရာပါ။ နည်း ပညာ မကျွမ်းကျင်သူများ၊ ဖုန်းပြောတာလောက်ပဲ သုံးချင်သူများအတွက် သူက အဆင်ပြေပါတယ်။

အရောင်စုံတဲ့ Phone

Nokia ကို HMD Global က ဝယ်ယူလိုက်ပေမယ့် ဒီဇိုင်း၊ ဆော့ဖ်ဝဲ အပိုင်းများမှာ နိုကီယာရဲ့ စံနှုန်းများကိုသာ အသုံးပြုထားပါတယ်။ Nokia 3310 ကို Nokia Lumia Series များမှာလို ပလတ်စတစ်ဖြင့် တည်ဆောက်ထားပါတယ်။ သူဟ ကလေးကစားစရာ အရုပ်နဲ့တောင် ဆင်တူပါတယ်။ အလွန် ပေါ့ပါး၊ ကျစ်လစ်ပါတယ်။ ထောင့်စွန်းများဟာ လုံးဝန်းပါတယ်။ သူ့ကို အရောင်စုံ ထုတ်လုပ်ပေးထားပါတယ်။ အနီ၊ အပြာ၊ အဝါနဲ့ အညိုရောင်များ ရွေးချယ်နိုင်ပါတယ်။

သူ့မှာ QWERTY Keyboard မပါဘဲ T9 Keyboard သာ ပါပါတယ်။ အနောက်ဘက်မှာ 2 Megapixel Camera တပ်ဆင်ထားပါတယ်။ ၂.၄ လက်မ QVGA Display တပ်ဆင်ထားပါတယ်။ ထိတွေ့မျက်နှာပြင်တော့ မဟုတ်ပါဘူး။ 1200mAh Removable Battery ထည့်သွင်းထားပြီး Standby ထားရင် ၂၇ ရက်နဲ့ ဖုန်းပြောရင် ၆.၅ နာရီ ကြာမြင့်ပါတယ်။ Micro USB Port ကနေ အားသွင်းနိုင်ပါတယ်။

သူ့မှာ 32GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ 3G အပြင် Bluetooth ဆက်သွယ်မှုနဲ့ FM Radio များ ပါပါတယ်။ သူ့ကို Android OS မောင်းနှင်တာ မဟုတ်ဘဲ နိုကီယာရဲ့ Series 30+ Operating System ပါပါတယ်။ သူ့မှာ Apps များကို ထည့်သွင်းပေးထားပါတယ်။ သီချင်းများ နားထောင်နိုင်တဲ့ MP3 Player App ပါပါတယ်။ မြွေ ဂိမ်း အပါအဝင် ဂိမ်းအချို့ကို ကစားနိုင်ပါတယ်။

Nokia 3310 (3G) ဟာ သင့် စမတ်ဖုန်းကို အစားထိုးဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် ဖုန်းပြောဖို့အတွက် သီးသန့် သုံးချင်ရင်တော့ သူက အဆင်ပြေပါတယ်။ သူဟာ ဒီဇိုင်းလှပပြီး ကျစ်လစ်ပါတယ်။ ဘက်ထရီ သက်တမ်းက ကောင်းမွန်ပါတယ်။ ကင်မရာကတော့ သုံးစားလို့ မရပါဘူး။ အမေရိကန်မှာ ဒေါ်လာ ၆၀ သတ်မှတ်ထားပြီး မြန်မာငွေအားဖြင့် ၈၀ ၀၀၀ ဝန်းကျင် ကျသင့်နိုင်ပါတယ်။

Ref : digitaltrends

You may be interested

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?
FEATURES, Mobile & Tablets
0 shares0 views

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?

Ko Thuya - Jul 18, 2018

ဒီနေ့ခေတ် စမတ်ဖုန်းများဟာ ရေစိုခံတယ်လို့ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများက ကြော်ညာနေကြပါတယ်။ ဒါပေမယ့် ရေစိုခံစံနှုန်းများစွာ ရှိတဲ့အတွက် သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိရေစိုခံသလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။ IP ရဲ့ အဓိပ္ပါယ် IP ရဲ့ အရှည်ဟာ Ingress Protection ဖြစ်ပြီး…

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
102 shares15 views

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ့ 5T တို့ရဲ့ ယခင်ထွက်ခဲ့တဲ့ OxygenOS Open Beta မှာ Project Treble ပါလာခဲ့ပါတယ်။ ယခုနောက်ဆုံးထုတ် ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ OnePlus 5 ရဲ့ OxygenOS Open…

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
157 shares36 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

Leave a Comment

Most from this category